
နော်တင်ဟမ်ကို ၃ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား





ဆီမီးဖိုင်နယ် ပ-ကျော့ပွဲစဉ်အပြီး နောက်ခံလူလီဆန်ဒရို
မာတီနက်ဇ်ရဲ့ အင်တာဗျူးအစီအစဉ်ကိုကြည့်ခဲ့တဲ့နောက်





ယူနိုက်တက်ပရိသတ်တွေအားလုံးပါးစပ်အဟောင်းသား
ဖြစ်ခဲ့ကြပါတယ်။ ဂန်းနားတွေကို အရေးနိမ့်ခဲ့ပြီး
ပထမဆုံးကစားခဲ့ပွဲစဉ်မှာ တိုက်စစ်မှူးသစ် ဝက်စ်ဟော့





ဂိုးသွင်းနိုင်ခဲ့သလို ရက်ရှ်ဖို့ဒ်ကလည်း သွင်းဂိုးနဲ့အတူ
ပုံစံကောင်းဆက်ပြခဲ့တာဖြစ်တယ်။ ဒီပွဲစဉ်ရဲ့ Man of the Match





ကိုတော့ သရဲနီတွေရဲ့အချစ်တော် မာတီနက်ဇ်ပိုင်ဆိုင်ခဲ့ပါတယ်။
နော်တင်ဟမ်နဲ့ပွဲစဉ်မှာ မာတီနက်ဇ်ရဲ့ဗဟိုခံစစ်လက်တွဲဖော်
လင်ဒီလော့ဖ်ဟာ ရံဖန်ရံခါမှာတုန်လှုပ်မှုတွေရှိနေခဲ့ပေမဲ့





အာဂျင်တီးနားကြယ်ပွင့်ကအတည်ငြိမ်ဆုံးပုံစံနဲ့ clean sheet
ရအောင်ကစားပေးသွားခဲ့တာဖြစ်တယ်။ ဦးခေါင်းမှာပတ်တီးစည်းပြီး





ကစားနေရပေမဲ့ မာတီနက်ဇ်ဟာ ပွဲကိုအကောင်းဆုံးဖတ်နိုင်ခဲ့တာ
တွေ့ရပါတယ်။ ကမ္ဘာ့ဖလားဆုရှင်ဟာ Sky Sports နဲ့
ပွဲပြီးအင်တာဗျူးမှာပါဝင်ခွင့်ရခဲ့တဲ့နောက်





“ငါတို့ဘယ်တော့မှလက်မလျှော့ဘူး” အပါအဝင် အင်္ဂလိပ်စကားကို
ပီသစွာပြောဆိုနိုင်ခဲ့ပါတယ်။ ဒါကိုမြင်တဲ့ ပရိသတ်တွေက





“မာတီနက်ဇ်ဟာ အင်္ဂလိပ်စကားကိုကျွမ်းကျွမ်းကျင်ကျင်
ပြောတတ်သူမဟုတ်ဘူး။ သူက အသင်းခေါင်းဆောင်
လုပ်လို့တောင်ရနေတယ်” ၊ “မာတီနက်ဇ်က အင်္ဂလိပ်စကားနဲ့





မရင်းနှီးပါဘူး” ၊ “ဝိုး…မာတီနက်ဇ် အင်္ဂလိပ်လိုပြောတာကို
ပထမဆုံးကြားရတာဖြစ်ပြီး ဒီလောက်ပြောနိုင်မယ်လို့





ထင်မထားဘူး။ ဂုဏ်ယူပါတယ်” ၊ “ပွဲပြီးမှာ မာတီနက်ဇ်ရဲ့
အင်တာဗျူးကိုနားထောင်ရတာက သူ့ကိုပိုပြီးချစ်သွားတယ်” လို့
အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။





zawgyi
ပြဲၿပီးအင္တာဗ်ဴးမွာ အဂၤလိပ္လိုပီပီျပင္ျပင္ေျပာဆိုေနတဲ့ မာတီနက္ဇ္ေၾကာင့္ သရဲနီပရိသတ္ေတြ ပါးစပ္အေဟာင္းသားျဖစ္ၿပီး အခ်စ္ပိုခဲ့ၾက





ေနာ္တင္ဟမ္ကို ၃ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ကာရာေဘာင္းဖလား
ဆီမီးဖိုင္နယ္ ပ-ေက်ာ့ပြဲစဥ္အၿပီး ေနာက္ခံလူလီဆန္ဒ႐ို
မာတီနက္ဇ္ရဲ႕ အင္တာဗ်ဴးအစီအစဥ္ကိုၾကည့္ခဲ့တဲ့ေနာက္





ယူႏိုက္တက္ပရိသတ္ေတြအားလုံးပါးစပ္အေဟာင္းသား
ျဖစ္ခဲ့ၾကပါတယ္။ ဂန္းနားေတြကို အေရးနိမ့္ခဲ့ၿပီး





ပထမဆုံးကစားခဲ့ပြဲစဥ္မွာ တိုက္စစ္မႉးသစ္ ဝက္စ္ေဟာ့
ဂိုးသြင္းႏိုင္ခဲ့သလို ရက္ရွ္ဖို႔ဒ္ကလည္း သြင္းဂိုးနဲ႔အတူ
ပုံစံေကာင္းဆက္ျပခဲ့တာျဖစ္တယ္။ ဒီပြဲစဥ္ရဲ႕ Man of the Match





ကိုေတာ့ သရဲနီေတြရဲ႕အခ်စ္ေတာ္ မာတီနက္ဇ္ပိုင္ဆိုင္ခဲ့ပါတယ္။
ေနာ္တင္ဟမ္နဲ႔ပြဲစဥ္မွာ မာတီနက္ဇ္ရဲ႕ဗဟိုခံစစ္လက္တြဲေဖာ္





လင္ဒီေလာ့ဖ္ဟာ ရံဖန္ရံခါမွာတုန္လႈပ္မႈေတြရွိေနခဲ့ေပမဲ့
အာဂ်င္တီးနားၾကယ္ပြင့္ကအတည္ၿငိမ္ဆုံးပုံစံနဲ႔ clean sheet
ရေအာင္ကစားေပးသြားခဲ့တာျဖစ္တယ္။ ဦးေခါင္းမွာပတ္တီးစည္းၿပီး





ကစားေနရေပမဲ့ မာတီနက္ဇ္ဟာ ပြဲကိုအေကာင္းဆုံးဖတ္ႏိုင္ခဲ့တာ
ေတြ႕ရပါတယ္။ ကမာၻ႔ဖလားဆုရွင္ဟာ Sky Sports နဲ႔





ပြဲၿပီးအင္တာဗ်ဴးမွာပါဝင္ခြင့္ရခဲ့တဲ့ေနာက္
“ငါတို႔ဘယ္ေတာ့မွလက္မေလွ်ာ့ဘူး” အပါအဝင္ အဂၤလိပ္စကားကို
ပီသစြာေျပာဆိုႏိုင္ခဲ့ပါတယ္။ ဒါကိုျမင္တဲ့ ပရိသတ္ေတြက





“မာတီနက္ဇ္ဟာ အဂၤလိပ္စကားကိုကြၽမ္းကြၽမ္းက်င္က်င္
ေျပာတတ္သူမဟုတ္ဘူး။ သူက အသင္းေခါင္းေဆာင္





လုပ္လို႔ေတာင္ရေနတယ္” ၊ “မာတီနက္ဇ္က အဂၤလိပ္စကားနဲ႔
မရင္းႏွီးပါဘူး” ၊ “ဝိုး…မာတီနက္ဇ္ အဂၤလိပ္လိုေျပာတာကို
ပထမဆုံးၾကားရတာျဖစ္ၿပီး ဒီေလာက္ေျပာႏိုင္မယ္လို႔





ထင္မထားဘူး။ ဂုဏ္ယူပါတယ္” ၊ “ပြဲၿပီးမွာ မာတီနက္ဇ္ရဲ႕
အင္တာဗ်ဴးကိုနားေထာင္ရတာက သူ႔ကိုပိုၿပီးခ်စ္သြားတယ္” လို႔





အသီးသီးမွတ္ခ်က္ေပးခဲ့ၾကပါတယ္။