ပွဲပြီးဖို့ ၅ မိနစ်အလိုမှာ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခြင်း ခံလိုက်ရတဲ့ ရာမို့စ်

ဆာဂျီယိုရာမို့စ်ကတော့ အသင်းပြောင်းသွားလည်း အရင်ရာမို့စ်ပါပဲ။

ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ပီအက်စ်ဂျီကစားသမားဘ၀

ပထမဆုံးအနီကတ်အတွက် လီဂူး ၂ ပွဲသာ လိုအပ်ခဲ့လို့ပါ။

အဲဒီဂန္ထဝင်စပိန်နောက်ခံလူဟာ ရီးရဲလ်နဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီးတဲ့နောက်

ပြီးခဲ့တဲ့နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီကို ရောက်လာခဲ့တာပါ။

အဲဒီမှာ အဆက်မဖြတ်ဖြစ်နေတဲ့ ကြွက်သားဒဏ်ရာကြောင့်

နိုဝင်ဘာလတိုင်အောင် ပီအက်စ်ဂျီပွဲဦးထွက် မလုပ်နိုင်ခဲ့ပါဘူး။

ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ လိုရီယန့်နဲ့ပွဲဟာ ရာမို့စ်ရဲ့ပီအက်စ်ဂျီကစားသမားဘ၀

ပြိုင်ပွဲအရပ်ရပ်တတိယမြောက်ပွဲဖြစ်ပါတယ်။

ဒါပေမဲ့လည်း ၃၅ နှစ်အရွယ် အဲဒီစပိန်သားအတွက် မေ့ပစ်ချင်စရာပွဲတစ်ပွဲဖြစ်ခဲ့တာပါ။

တန်းဆင်းဇုန်ထဲက လိုရီယန့်နဲ့ ၁-၁ သရေကျခဲ့တဲ့ အဲဒီပွဲမှာ

ရာမို့စ်ဟာ ဒုတိယပိုင်းစမှ လူစားဝင်လာခဲ့တာပါ။

ဒါပေမဲ့ ပွဲပြီးဖို့ ၅ မိနစ်အလိုမှာ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခြင်း ခံလိုက်ရပါတယ်။

အဲဒါဟာ သူ့ရဲ့ကစားသမားဘဝမှာ ၂၇ ကြိမ်မြောက်အနီကတ်ဖြစ်ခဲ့ပြီး

ကစားသမားဘဝခမ်းနားခဲ့ပေမယ့် စည်းကမ်းပိုင်းအားနည်းခဲ့တဲ့သဘောပါ။

ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲမှာဆိုရင် ရာမို့စ်ဟာ ၂၁ ကြိမ်မြောက်

အနီကတ်ရခဲ့တာဖြစ်ပြီး အနီကတ်ပြခံရမှုမှာ သူနဲ့အနီးကပ်ဆုံးသူဖြစ်တဲ့

အင်တာကစားသမားဟောင်းမွန်တာရီထက် ၈ ကြိမ်ပိုများပါတယ်။

အဲဒီပွဲမှာ ပီအက်စ်ဂျီဟာ အိုင်ကာဒီရဲ့နာကျင်အချိန်ပိုနောက်ကျချေပဂိုးကြောင့်သာ

ရှုံးပွဲဆက်နေတဲ့အသင်းငယ်လေးကို မရှုံးခဲ့တာပါ။

zawgyi

ပြဲၿပီးဖို႔ ၅ မိနစ္အလိုမွာ ႏွစ္ဝါ တစ္နီနဲ႔ ထုတ္ပယ္ျခင္း ခံလိုက္ရတဲ့ ရာမို႔စ္

ဆာဂ်ီယိုရာမို႔စ္ကေတာ့ အသင္းေျပာင္းသြားလည္း အရင္ရာမို႔စ္ပါပဲ။

ဘာေၾကာင့္လဲဆိုေတာ့ သူ႔ရဲ႕ပီအက္စ္ဂ်ီကစားသမားဘ၀

ပထမဆုံးအနီကတ္အတြက္ လီဂူး ၂ ပြဲသာ လိုအပ္ခဲ့လို႔ပါ။

အဲဒီဂႏၴဝင္စပိန္ေနာက္ခံလူဟာ ရီးရဲလ္နဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးတဲ့ေနာက္

ၿပီးခဲ့တဲ့ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ပီအက္စ္ဂ်ီကို ေရာက္လာခဲ့တာပါ။

အဲဒီမွာ အဆက္မျဖတ္ျဖစ္ေနတဲ့ ႂကြက္သားဒဏ္ရာေၾကာင့္

ႏိုဝင္ဘာလတိုင္ေအာင္ ပီအက္စ္ဂ်ီပြဲဦးထြက္ မလုပ္ႏိုင္ခဲ့ပါဘူး။

ဗုဒၶဟူးညက ကစားခဲ့တဲ့ လိုရီယန႔္နဲ႔ပြဲဟာ ရာမို႔စ္ရဲ႕ပီအက္စ္ဂ်ီကစားသမားဘ၀

ၿပိဳင္ပြဲအရပ္ရပ္တတိယေျမာက္ပြဲျဖစ္ပါတယ္။

ဒါေပမဲ့လည္း ၃၅ ႏွစ္အ႐ြယ္ အဲဒီစပိန္သားအတြက္ ေမ့ပစ္ခ်င္စရာပြဲတစ္ပြဲျဖစ္ခဲ့တာပါ။

တန္းဆင္းဇုန္ထဲက လိုရီယန႔္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ အဲဒီပြဲမွာ

ရာမို႔စ္ဟာ ဒုတိယပိုင္းစမွ လူစားဝင္လာခဲ့တာပါ။

ဒါေပမဲ့ ပြဲၿပီးဖို႔ ၅ မိနစ္အလိုမွာ ႏွစ္ဝါ တစ္နီနဲ႔ ထုတ္ပယ္ျခင္း ခံလိုက္ရပါတယ္။

အဲဒါဟာ သူ႔ရဲ႕ကစားသမားဘဝမွာ ၂၇ ႀကိမ္ေျမာက္အနီကတ္ျဖစ္ခဲ့ၿပီး

ကစားသမားဘဝခမ္းနားခဲ့ေပမယ့္ စည္းကမ္းပိုင္းအားနည္းခဲ့တဲ့သေဘာပါ။

ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲမွာဆိုရင္ ရာမို႔စ္ဟာ ၂၁ ႀကိမ္ေျမာက္

အနီကတ္ရခဲ့တာျဖစ္ၿပီး အနီကတ္ျပခံရမႈမွာ သူနဲ႔အနီးကပ္ဆုံးသူျဖစ္တဲ့

အင္တာကစားသမားေဟာင္းမြန္တာရီထက္ ၈ ႀကိမ္ပိုမ်ားပါတယ္။

အဲဒီပြဲမွာ ပီအက္စ္ဂ်ီဟာ အိုင္ကာဒီရဲ႕နာက်င္အခ်ိန္ပိုေနာက္က်ေခ်ပဂိုးေၾကာင့္သာ

ရႈံးပြဲဆက္ေနတဲ့အသင္းငယ္ေလးကို မရႈံးခဲ့တာပါ။