ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာပဲ လာကာဇက်တီက အသည်းခွဲသွားလို့  ရှုံးပွဲထက်ဆိုးကြောင်း ဝန်ခံလိုက်တဲ့ ပဲလေ့စ်ကွင်းလယ်လူ

ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်လူကွန်နော်ဂယ်လက်ဂါက လာကာဇက်တီရဲ့

နောက်ဆုံးမိနစ်ချေပဂိုးကို ခွင့်ပြုခဲ့ရလို့ မိမိတို့အနေနဲ့ ဝမ်းနည်းစိတ်ပျက်မိကြောင်း

ဝန်ခံပြောကြားလိုက်ပါတယ်။ ပဲလေ့စ်ဟာ ဒီလန်ဒန်ဒါဘီအဝေးကွင်းပွဲစဉ်မှာ

၈ မိနစ်နဲ့သွင်းယူခဲ့တဲ့ အူဘာမီယန်ရဲ့အဖွင့်ဂိုးကြောင့် စောစီးစွာ

ဦးဆောင်ခံခဲ့ရပေမယ့် ၂-၁ နဲ့ပြန်လည်ဦးဆောင်နိုင်ခဲ့တာပါ။

ဒါပေမဲ့ ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာပဲ လာကာဇက်တီက

အသည်းခွဲသွားလို့ အမှတ်ပေးဇယားမှာ အာတီတာရဲ့အသင်းကို

ကျော်တက်နိုင်မယ့်အခွင့်အရေးလွဲချော်ခဲ့ရပါတယ်။

ပဲလေ့စ်နည်းပြဖြစ်တဲ့ အာဆင်နယ်ဂန္ထဝင်ဟောင်းဗီအဲရာအနေနဲ့လည်း

အသင်းဟောင်းနဲ့ပြန်တွေ့တဲ့ပွဲမှာ အောင်ပွဲခံနိုင်မယ့်အခွင်အရေးဆုံးရှုံးခဲ့ရပါတယ်။

ဒါကြောင့်လည်း ပဲလေ့စ်ကွင်းလယ်လူဟာ သူ့အသင်းဟာ

စိတ်ပျက်ဝမ်းနည်းနေပြီး ရှုံးပွဲတစ်ပွဲထက် ပိုဆိုးတယ်လို့

ခံစားရကြောင်း ပြောကြားခဲ့တာပါ။

”ဆိုးရွားလွန်းပါတယ်။ အရမ်းကိုဆိုးရွားလွန်းပါတယ်။

အာဆင်နယ်ကို ၁-၀ နဲ့ရှုံးနေရာကနေ ပြန်လာနိုင်ခဲ့တာလောက်

ကောင်းတာ မရှိပါဘူး။ နောက်ဆုံးစက္ကန့် ၃၀ ကျန်တဲ့အချိန်ထိ

တောင့်မခံနိုင်တာက ဆိုးရွားလွန်းပါတယ်။ ကျွန်တော်တို့ စိတိပျက်ရတာပေ့ါ။

ဖြစ်နိုင်ရင် ရှုံးပွဲတစ်ပွဲထက်တောင် ပိုဆိုးပါတယ်ဗျာ။ ၃ မှတ်ရနေပြီလို့

တွေးထားတာကနေ အလကားဖြစ်သွားတာထက် ပိုဆိုးတာ မရှိတော့ပါဘူး။

အမှားအယွင်းအနည်းငယ်တွေကနေ ကျွန်တော်တို့ သင်ခန်းစာယူရမှာပါ”လို့

ဂယ်လက်ဂါက Sky Sprots ရုပ်သံကို ပြောကြားခဲ့တာပါ။

အာဆင်နယ်နဲ့သရေပွဲကြောင့် ပဲလေ့စ်ဟာ အမှတ်ပေးဇယားမှာ

အဆင့် ၁၄ နေရာဆက်ရှိနေခဲ့ပြီး နောက်တစ်ပတ်မှာ ပိုင်ရှင်အပြောင်းအလဲရှိခဲ့တဲ့

တန်းဆင်းဇုန်ထဲက နယူးကာဆယ်ကို အိမ်ကွင်းဧည့်ခံရဖို့ ရှိပါတယ်။

zawgyi

ပြဲၿပီးခါနီး ေနာက္ဆုံးမိနစ္မွာပဲ လာကာဇက္တီက အသည္းခြဲသြားလို႔  ရႈံးပြဲထက္ဆိုးေၾကာင္း ဝန္ခံလိုက္တဲ့ ပဲေလ့စ္ကြင္းလယ္လူ

ခရစၥတယ္ပဲေလ့စ္ကြင္းလယ္လူကြန္ေနာ္ဂယ္လက္ဂါက လာကာဇက္တီရဲ႕

ေနာက္ဆုံးမိနစ္ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရလို႔ မိမိတို႔အေနနဲ႔ ဝမ္းနည္းစိတ္ပ်က္မိေၾကာင္း

ဝန္ခံေျပာၾကားလိုက္ပါတယ္။ ပဲေလ့စ္ဟာ ဒီလန္ဒန္ဒါဘီအေဝးကြင္းပြဲစဥ္မွာ

၈ မိနစ္နဲ႔သြင္းယူခဲ့တဲ့ အူဘာမီယန္ရဲ႕အဖြင့္ဂိုးေၾကာင့္ ေစာစီးစြာ

ဦးေဆာင္ခံခဲ့ရေပမယ့္ ၂-၁ နဲ႔ျပန္လည္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒါေပမဲ့ ပြဲၿပီးခါနီး ေနာက္ဆုံးမိနစ္မွာပဲ လာကာဇက္တီက

အသည္းခြဲသြားလို႔ အမွတ္ေပးဇယားမွာ အာတီတာရဲ႕အသင္းကို

ေက်ာ္တက္ႏိုင္မယ့္အခြင့္အေရးလြဲေခ်ာ္ခဲ့ရပါတယ္။

ပဲေလ့စ္နည္းျပျဖစ္တဲ့ အာဆင္နယ္ဂႏၴဝင္ေဟာင္းဗီအဲရာအေနနဲ႔လည္း

အသင္းေဟာင္းနဲ႔ျပန္ေတြ႕တဲ့ပြဲမွာ ေအာင္ပြဲခံႏိုင္မယ့္အခြင္အေရးဆုံးရႈံးခဲ့ရပါတယ္။

ဒါေၾကာင့္လည္း ပဲေလ့စ္ကြင္းလယ္လူဟာ သူ႔အသင္းဟာ

စိတ္ပ်က္ဝမ္းနည္းေနၿပီး ရႈံးပြဲတစ္ပြဲထက္ ပိုဆိုးတယ္လို႔

ခံစားရေၾကာင္း ေျပာၾကားခဲ့တာပါ။

”ဆိုး႐ြားလြန္းပါတယ္။ အရမ္းကိုဆိုး႐ြားလြန္းပါတယ္။

အာဆင္နယ္ကို ၁-၀ နဲ႔ရႈံးေနရာကေန ျပန္လာႏိုင္ခဲ့တာေလာက္

ေကာင္းတာ မရွိပါဘူး။ ေနာက္ဆုံးစကၠန႔္ ၃၀ က်န္တဲ့အခ်ိန္ထိ

ေတာင့္မခံႏိုင္တာက ဆိုး႐ြားလြန္းပါတယ္။ ကြၽန္ေတာ္တို႔ စိတိပ်က္ရတာေပ့ါ။

ျဖစ္ႏိုင္ရင္ ရႈံးပြဲတစ္ပြဲထက္ေတာင္ ပိုဆိုးပါတယ္ဗ်ာ။ ၃ မွတ္ရေနၿပီလို႔

ေတြးထားတာကေန အလကားျဖစ္သြားတာထက္ ပိုဆိုးတာ မရွိေတာ့ပါဘူး။

အမွားအယြင္းအနည္းငယ္ေတြကေန ကြၽန္ေတာ္တို႔ သင္ခန္းစာယူရမွာပါ”လို႔

ဂယ္လက္ဂါက Sky Sprots ႐ုပ္သံကို ေျပာၾကားခဲ့တာပါ။

အာဆင္နယ္နဲ႔သေရပြဲေၾကာင့္ ပဲေလ့စ္ဟာ အမွတ္ေပးဇယားမွာ

အဆင့္ ၁၄ ေနရာဆက္ရွိေနခဲ့ၿပီး ေနာက္တစ္ပတ္မွာ ပိုင္ရွင္အေျပာင္းအလဲရွိခဲ့တဲ့

တန္းဆင္းဇုန္ထဲက နယူးကာဆယ္ကို အိမ္ကြင္းဧည့္ခံရဖို႔ ရွိပါတယ္။