
မနေ့ညက ကစားခဲ့တဲ့ လိဒ်စ်နဲ့ ယူနိုက်တက်တို့ရဲ့အားပြိုင်ပွဲက
အစဉ်အလာပြိုင်ဘက်တွေရဲ့ပွဲပီပီ ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပြီး ဒီကြားထဲ
မိုးတွေပါ ရွာနေခဲ့လို့ နှစ်ဘက်ကစားသမားတွေ
ထိမိခိုက်မိခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
အထူးသဖြင့် အိမ်ရှင်လိဒ်စ်အသင်းပရိသတ်တွေက
ယူနိုက်တက်ကွင်းလယ်လူ အီလန်ဂါကို အကြွေစေ့နဲ့
ပစ်ပေါက်ခဲ့ပြီး နှစ်ဘက်ကစားသမားတွေလည်း အချင်းများခဲ့ပါတယ်။
အဲဒီမှာ ယူနိုက်တက်ယာယီနည်းပြ ရန်းနစ်လည်း စည်းမျဉ်းတွေကို ဘေးမှာ ခဏထားပြီး
နှစ်ဘက်ကစားသမားတွေကို ထိန်းဖို့အတွက် ကွင်းထဲ ဝင်သွားခဲ့ပါတယ်။
သူဟာ ယူနိုက်တက်အသင်းကစားသမားဟောင်း ဒန်နီရယ်ဂျိမ်းစ်ကို သွားရောက်နှစ်သိမ့်ခဲ့ပြီး
ကစားသမားတွေကို စိတ်လျှော့ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပရိသတ်တွေက ရန်းနစ်ရဲ့အပြုအမူကို ချီးကျူးနေကြပြီး
လူကြီးလူကောင်းဆန်တဲ့ အပြုအမူဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။
ရန်းနစ်ကလည်း ဖရက်ဒ် တတိယမြောက်ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေခဲ့တဲ့ အီလန်ဂါကို
အကြွေစေ့နဲ့ ပစ်ပေါက်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်ပရိသတ်တွေရဲ့ အပြုအမူအပေါ် ပြစ်တင်ရှုံ့ချလိုက်ပါတယ်။
”ကျွန်တော်သိသလောက်တော့ ဒီကိစ္စနဲ့ ပတ်သက်လို့ လိဒ်စ်ယူနိုက်တက်က စုံစမ်းစစ်ဆေးနေပါတယ်။
အီလန်ဂါလည်း အဆင်ပြေပုံရပြီး ဂိုးသွင်းနိုင်ခဲ့လို့ ပျော်ရွှင်နေပါတယ်။
ဒါပေမဲ့ ဒီလိုဖြစ်ရပ်တွေကတော့ မဖြစ်သင့်ပါဘူး။
အထူးသဖြင့် ဒီလိုပွဲမျိုးတွေမှာ ပိုပြီးမဖြစ်သင့်ပါဘူး။
ကွင်းထဲဝင်သွားတာကလည်း အခြေအနေတွေထိန်းဖို့အတွက်ပါ။
ကျွန်တော့်အနေနဲ့ ဘယ်ကစားသမားပဲဖြစ်ဖြစ် အဝါကတ်တွေ အနီကတ်တွေ အပြမခံစေချင်ပါဘူး။
ဒါကြောင့်လည်း ကွင်းထဲဝင်ပြီး ဖြောင်းဖြခဲ့တာပါ”လို့ ရန်းနစ်က အဆိုပါဖြစ်ရပ်နဲ့ပတ်သက်လို့ ပြောပါတယ်။
zawgyi
ပြဲထိန္းဖို႔အတြက္ ကြင္းထဲဝင္ျဖန္ေျဖခဲ့တဲ့ ရန္းနစ္ရဲ႕လုပ္ရပ္အေပၚ ပရိသတ္ေတြ သေဘာက်ေန
မေန႔ညက ကစားခဲ့တဲ့ လိဒ္စ္နဲ႔ ယူႏိုက္တက္တို႔ရဲ႕အားၿပိဳင္ပြဲက အစဥ္အလာၿပိဳင္ဘက္ေတြရဲ႕ပြဲပီပီ ပြဲၾကမ္းတစ္ပြဲျဖစ္ခဲ့ၿပီး ဒီၾကားထဲ
မိုးေတြပါ ႐ြာေနခဲ့လို႔ ႏွစ္ဘက္ကစားသမားေတြ ထိမိခိုက္မိခဲ့တာေတြလည္း ရွိခဲ့ပါတယ္။
အထူးသျဖင့္ အိမ္ရွင္လိဒ္စ္အသင္းပရိသတ္ေတြက ယူႏိုက္တက္ကြင္းလယ္လူ အီလန္ဂါကို အေႂကြေစ့နဲ႔ ပစ္ေပါက္ခဲ့ၿပီး
ႏွစ္ဘက္ကစားသမားေတြလည္း အခ်င္းမ်ားခဲ့ပါတယ္။ အဲဒီမွာ ယူႏိုက္တက္ယာယီနည္းျပ ရန္းနစ္လည္း စည္းမ်ဥ္းေတြကို ေဘးမွာ ခဏထားၿပီး
ႏွစ္ဘက္ကစားသမားေတြကို ထိန္းဖို႔အတြက္ ကြင္းထဲ ဝင္သြားခဲ့ပါတယ္။ သူဟာ ယူႏိုက္တက္အသင္းကစားသမားေဟာင္း ဒန္နီရယ္ဂ်ိမ္းစ္ကို သြားေရာက္ႏွစ္သိမ့္ခဲ့ၿပီး
ကစားသမားေတြကို စိတ္ေလွ်ာ့ဖို႔ တိုက္တြန္းခဲ့ပါတယ္။ ဒီျဖစ္ရပ္နဲ႔ပတ္သက္လို႔ ပရိသတ္ေတြက ရန္းနစ္ရဲ႕အျပဳအမူကို ခ်ီးက်ဴးေနၾကၿပီး
လူႀကီးလူေကာင္းဆန္တဲ့ အျပဳအမူျဖစ္ေၾကာင္း မွတ္ခ်က္ေပးခဲ့ၾကပါတယ္။
ရန္းနစ္ကလည္း ဖရက္ဒ္ တတိယေျမာက္ဂိုးသြင္းၿပီးေနာက္ ေအာင္ပြဲခံေနခဲ့တဲ့ အီလန္ဂါကို
အေႂကြေစ့နဲ႔ ပစ္ေပါက္ခဲ့တဲ့ လိဒ္စ္ယူႏိုက္တက္ပရိသတ္ေတြရဲ႕ အျပဳအမူအေပၚ ျပစ္တင္ရႈံ႕ခ်လိုက္ပါတယ္။
”ကြၽန္ေတာ္သိသေလာက္ေတာ့ ဒီကိစၥနဲ႔ ပတ္သက္လို႔ လိဒ္စ္ယူႏိုက္တက္က စုံစမ္းစစ္ေဆးေနပါတယ္။
အီလန္ဂါလည္း အဆင္ေျပပုံရၿပီး ဂိုးသြင္းႏိုင္ခဲ့လို႔ ေပ်ာ္႐ႊင္ေနပါတယ္။ ဒါေပမဲ့ ဒီလိုျဖစ္ရပ္ေတြကေတာ့ မျဖစ္သင့္ပါဘူး။
အထူးသျဖင့္ ဒီလိုပြဲမ်ိဳးေတြမွာ ပိုၿပီးမျဖစ္သင့္ပါဘူး။ ကြင္းထဲဝင္သြားတာကလည္း အေျခအေနေတြထိန္းဖို႔အတြက္ပါ။
ကြၽန္ေတာ့္အေနနဲ႔ ဘယ္ကစားသမားပဲျဖစ္ျဖစ္ အဝါကတ္ေတြ အနီကတ္ေတြ အျပမခံေစခ်င္ပါဘူး။
ဒါေၾကာင့္လည္း ကြင္းထဲဝင္ၿပီး ေျဖာင္းျဖခဲ့တာပါ”လို႔ ရန္းနစ္က အဆိုပါျဖစ္ရပ္နဲ႔ပတ္သက္လို႔ ေျပာပါတယ္။