ပွဲတောင်မစသေး ဒဏ်ရာရခဲ့လို့  ငိုကြွေးခဲ့ရတဲ့ ဆွာရက်ဇ်

လူးဝစ်ဆွာရက်ဇ်ဟာမနေ့ညတုန်းကပေါ်တိုနှင့်ရင်ဆိုင်ကစားရတဲ့

အက်သလက်တီကိုမက်ဒရစ်ရဲ့အရေးပါတဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာပွဲအစ၁၃မိနစ်တင်

ဆွာရက်ဇ်ဟာ ဒဏ်ရာ ရခဲ့ပြီးနောက် ကွန်ဟာနဲ့ လူစားလဲခဲ့ရပါတယ်။

ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကို တက်နိုင်ဖို့ အရေးကြီးဆုံးပွဲစဉ်မှာ

ပွဲအစပိုင်းမှာတင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာကြောင့်

သူဟာ အရန်ခုံတန်းမှာ မျက်ရည်ကျ ငိုကြွေးခဲ့ပါတယ်။

အက်သလက်တီကိုဟာ မနေ့ညတုန်းက ပေါ်တိုကိုအနိုင်ရရှိမှသာလျှင်

၁၆သင်းအဆင့်ကို တက်ရောက်နိုင်မယ့်အခြေအနေမျိုးမှာရှိနေခဲ့တာပါ။

ဒါကြောင့်လည်း အက်သလက်တီကိုနည်းပြ ဆီမြွန်နီဟာ

နောက်တစ်ဆင့်တက်ဖို့ အရေးပါဆုံးပွဲစဉ်ဖြစ်နေတာကြောင့် ဆွာရက်ဇ်ကို

တိုက်စစ် ဦးဆောင်စေခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မထင်မှတ်ပဲ ပွဲအစပိုင်းမှာ တင် ဆွာရက်ဇ်က ဒဏ်ရာရသွားခဲ့ပါတယ်။

အက်သလက်တီကို ပရိသတ်တွေကလည်း ဆွာရက်ဇ်ရဲ့

ဝမ်းနည်းငိုကျွေးနေတဲ့ ပုံကိုတွေ့မြင်ခဲ့ပြီး ဂရုဏာ သက်ခဲ့ကြပါတယ်။

ပရိသတ်တွေက တွစ်တာမှာလည်း ” သူအသင်းကိုရောက်လာတာ

၁ရာသီပဲရှိပေမယ့် သူ ကအသင်းအပေါ် တော်တော် ခင်တွယ်နေပြီ။”

“ဆွာရက်ဇ်ရဲ့ ဒဏ်ရာက ပြင်းတယ်ထင်တယ်။ သူ့ဒဏ်ရာ အရမ်းကြီးမဆိုးဖို့

မျှော်လင့်ပါတယ်”လို့ ရေးသားထားကြပါတယ်။

ပထမပိုင်းမှာ အက်သလက်တီကိုနဲ့ ပေါ်တိုတို့ဟာ ဂိုးမရှိသရေကျနေခဲ့ပေမယ့်

ဒုတိယပိုင်းမှာတော့ အက်သလက်တီကိုဟာ အကြီးအကျယ်ပေါက်ကွဲပြခဲ့ပြီး

ပွဲချိန်၅၆မိနစ်မှာဂရက်ဇ်မန်းကဦးဆောင်ဂိုးစသွင်းခဲ့ပါတယ်။

ပွဲချိန်၆၇မိနစ်မှာ အက်သလက်တီကိုကွင်းလယ်ကစားသမား

ကာရက်စ်ဟာ အနီကတ်ပြအထုတ်ခံခဲ့ရပေမယ့် ပွဲဟာ အလှည့်အပြောင်းမဖြစ်ခဲ့ပဲ

မိနစ် (၇၀) မှာ ပေါ်တိုက ဝန်ဒဲလ်ဟာလည်း တိုက်ရိုက် အနီကပ်အပြခံခဲ့ရသလို

နောက်ထပ် (၅)မိနစ်အကြာမှာလည်း ပေါ်တိုက

ဂိုးသမား မာချယ်စင်း လည်း အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

ပွဲပြီးခါနီးမိနစ်၉၀နှင့်နာကျင်အချိန်ပို၂မိနစ်တို့မှာကော်ရီယာနှင့်ဒီပေါလ်တို့က

အက်သလက်တီကိုအတွက်အနိုင်သေချာစေမယ့်ဂိုးများကိုသွင်းခဲ့ပါတယ်။

ပေါ်တိုအတွက်နှစ်သိမ့်ဂိုးကိုနာကျင်အချိန်ပိုမှာ အိုလီဗီရာက

ပင်နယ်တီကနေသွင်းယူခဲ့ပြီး ပွဲပြီးမှာ အက်သလက်တီကိုဟာပေါ်တိုကို

၃-၁ဂိုးဖြင့်အနိုင်ရရှိကာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်သွားခဲ့ပါတယ်။

zawgyi

ပြဲေတာင္မစေသး ဒဏ္ရာရခဲ့လို႔  ငိုေႂကြးခဲ့ရတဲ့ ဆြာရက္ဇ္

လူးဝစ္ဆြာရက္ဇ္ဟာမေန႔ညတုန္းကေပၚတိုႏွင့္ရင္ဆိုင္ကစားရတဲ့

အက္သလက္တီကိုမက္ဒရစ္ရဲ႕အေရးပါတဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မွာပြဲအစ၁၃မိနစ္တင္

ဆြာရက္ဇ္ဟာ ဒဏ္ရာ ရခဲ့ၿပီးေနာက္ ကြန္ဟာနဲ႔ လူစားလဲခဲ့ရပါတယ္။

ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္ကို တက္ႏိုင္ဖို႔ အေရးႀကီးဆုံးပြဲစဥ္မွာ

ပြဲအစပိုင္းမွာတင္ ဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရတာေၾကာင့္

သူဟာ အရန္ခုံတန္းမွာ မ်က္ရည္က် ငိုေႂကြးခဲ့ပါတယ္။

အက္သလက္တီကိုဟာ မေန႔ညတုန္းက ေပၚတိုကိုအႏိုင္ရရွိမွသာလွ်င္

၁၆သင္းအဆင့္ကို တက္ေရာက္ႏိုင္မယ့္အေျခအေနမ်ိဳးမွာရွိေနခဲ့တာပါ။

ဒါေၾကာင့္လည္း အက္သလက္တီကိုနည္းျပ ဆီႁမြန္နီဟာ

ေနာက္တစ္ဆင့္တက္ဖို႔ အေရးပါဆုံးပြဲစဥ္ျဖစ္ေနတာေၾကာင့္ ဆြာရက္ဇ္ကို

တိုက္စစ္ ဦးေဆာင္ေစခဲ့တာလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ မထင္မွတ္ပဲ

ပြဲအစပိုင္းမွာ တင္ ဆြာရက္ဇ္က ဒဏ္ရာရသြားခဲ့ပါတယ္။

အက္သလက္တီကို ပရိသတ္ေတြကလည္း ဆြာရက္ဇ္ရဲ႕

ဝမ္းနည္းငိုေကြၽးေနတဲ့ ပုံကိုေတြ႕ျမင္ခဲ့ၿပီး ဂ႐ုဏာ သက္ခဲ့ၾကပါတယ္။

ပရိသတ္ေတြက တြစ္တာမွာလည္း ” သူအသင္းကိုေရာက္လာတာ

၁ရာသီပဲရွိေပမယ့္ သူ ကအသင္းအေပၚ ေတာ္ေတာ္ ခင္တြယ္ေနၿပီ။”

“ဆြာရက္ဇ္ရဲ႕ ဒဏ္ရာက ျပင္းတယ္ထင္တယ္။ သူ႔ဒဏ္ရာ အရမ္းႀကီးမဆိုးဖို႔

ေမွ်ာ္လင့္ပါတယ္”လို႔ ေရးသားထားၾကပါတယ္။

ပထမပိုင္းမွာ အက္သလက္တီကိုနဲ႔ ေပၚတိုတို႔ဟာ ဂိုးမရွိသေရက်ေနခဲ့ေပမယ့္

ဒုတိယပိုင္းမွာေတာ့ အက္သလက္တီကိုဟာ အႀကီးအက်ယ္ေပါက္ကြဲျပခဲ့ၿပီ

းပြဲခ်ိန္၅၆မိနစ္မွာဂရက္ဇ္မန္းကဦးေဆာင္ဂိုးစသြင္းခဲ့ပါတယ္။

ပြဲခ်ိန္၆၇မိနစ္မွာ အက္သလက္တီကိုကြင္းလယ္ကစားသမား

ကာရက္စ္ဟာ အနီကတ္ျပအထုတ္ခံခဲ့ရေပမယ့္ ပြဲဟာ အလွည့္အေျပာင္းမျဖစ္ခဲ့ပဲ

မိနစ္ (၇၀) မွာ ေပၚတိုက ဝန္ဒဲလ္ဟာလည္း တိုက္႐ိုက္ အနီကပ္အျပခံခဲ့ရသလို

ေနာက္ထပ္ (၅)မိနစ္အၾကာမွာလည္း ေပၚတိုက

ဂိုးသမား မာခ်ယ္စင္း လည္း အနီကတ္နဲ႔ အထုတ္ခံခဲ့ရပါတယ္။

ပြဲၿပီးခါနီးမိနစ္၉၀ႏွင့္နာက်င္အခ်ိန္ပို၂မိနစ္တို႔မွာေကာ္ရီယာႏွင့္ဒီေပါလ္တို႔က

အက္သလက္တီကိုအတြက္အႏိုင္ေသခ်ာေစမယ့္ဂိုးမ်ားကိုသြင္းခဲ့ပါတယ္။

ေပၚတိုအတြက္ႏွစ္သိမ့္ဂိုးကိုနာက်င္အခ်ိန္ပိုမွာ အိုလီဗီရာက

ပင္နယ္တီကေနသြင္းယူခဲ့ၿပီး ပြဲၿပီးမွာ အက္သလက္တီကိုဟာေပၚတိုကို

၃-၁ဂိုးျဖင့္အႏိုင္ရရွိကာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔တက္သြားခဲ့ပါတယ္။