ပွဲတိုင်းဂိုးဖန်တီးပြီး ဘက်ခမ်းရဲ့စံချိန်ကို ချိုးခဲ့တဲ့ဖာနန်ဒက်စ်

သူ့အတွက်ရော မန်ယူအတွက်ပါ အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့

ပွဲစဉ်တစ်ပွဲမဟုတ်ခဲ့ပေမယ့် အက်သလက်တီကိုနဲ့သရေကျခဲ့တဲ့

ပထမအကျော့မှာ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ

ကလပ်စံချိန်မှတ်တမ်းတစ်ခုကို ချိုးနိုင်ခဲ့ပါတယ်။

အဲဒီပွဲမှာ မန်ယူဟာ ပွဲချိန်အစောပိုင်းကတည်းက ပေးခဲ့ရတဲ့ ၁-၀ နဲ့

ဦးဆောင်ခံနေရပေမယ့် မိနစ် ၈၀ ရောက်မှ ချေပဂိုးပြန်သွင်းနိုင်ခဲ့တာပါ။

ဒါကလည်း လူစားဝင်လူငယ်တောင်ပံကြယ်ပွင့်အီလန်ဂါရဲ့

တည်ငြိမ်တဲ့အဆုံးသတ်ကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီဆွီဒင်လူငယ်ကြယ်ပွင့်ရဲ့အဆုံးသတ်အတွက်

ဖာနန်ဒက်စ်က ဘောလုံးထိုးပေးခဲ့တာပါ။

အဲဒီပွဲက ဂိုးဖန်တီးမှုကြောင့် ဖာနန်ဒက်စ်ဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်

အင်္ဂလိပ်အသင်းတစ်သင်းကနေ ၆ ပွဲဆက်ဂိုးဖန်တီးနိုင်ခဲ့တဲ့

ပထမဆုံးကစားသမားဖြစ်လာပါတယ်။

မန်ယူရဲ့အဲဒီကျောနံပါတ် ၁၈ ဝတ်ကစားသမားဟာ

ဗီလာရီးရဲလ်၊ အတ္တလန္တာတို့နဲ့ နှစ်ကျော့စလုံးမှာ စုစုပေါင်း ၅ ကြိမ်

ဂိုးဖန်တီးပေးခဲ့သလို ယန်းဘွိုင်းစ်နဲ့ပထမအကျော့မှာလည်း ဂိုးဖန်တီးနိုင်ခဲ့တာပါ။

ယန်းဘွိုင်းစ်နဲ့ အိမ်ကွင်း ဒုတိယအကျော့မှာတော့

သူဟာ အနားပေးခဲ့ရလို့ မကစားဖြစ်ခဲ့ပါဘူး။

ဖာနန်ဒက်စ်အနေနဲ့ ယူနိုက်တက်ဂန္ထဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့

ဒေးဗစ်ဘက်ခမ်းရဲ့စံချိန်ကို ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘက်ခမ်းဟာ ၁၉၉၈ တုန်းက မန်ယူအတွက် ချန်ပီယံလိဂ်မှာ

မန်ယူအတွက် ၅ ပွဲဆက်ဂိုးဖန်တီးနိုင်ခဲ့တာပါ။

ဖာနန်ဒက်စ်ဟာလည်း ဒီရာသီပရီးမီးယားလိဂ်မှာလည်း

အခွင့်အရေးဖန်တီးမှုအများဆုံးဖြစ် ၇၃ ကြိမ်နဲ့ ဦးဆောင်နေတာပါ။

သူဟာ ဒီရာသီမန်ယူအတွက် ကစားပေးခဲ့တဲ့ ၃၄ ပွဲမှာ

ဂိုးပါဝင်ပတ်သက်မှု(သွင်းဂိုး+ဂိုးဖန်တီး) စုစုပေါင်း ၂၃ ကြိမ်ရှိပြီး

အဲဒီမှာ ပင်နယ်တီတစ်လုံးမှ မပါခဲ့ပါဘူး။

zawgyi

ပြဲတိုင္းဂိုးဖန္တီးၿပီး ဘက္ခမ္းရဲ႕စံခ်ိန္ကို ခ်ိဳးခဲ့တဲ့ဖာနန္ဒက္စ္

သူ႔အတြက္ေရာ မန္ယူအတြက္ပါ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္တဲ့

ပြဲစဥ္တစ္ပြဲမဟုတ္ခဲ့ေပမယ့္ အက္သလက္တီကိုနဲ႔သေရက်ခဲ့တဲ့

ပထမအေက်ာ့မွာ ကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္ဟာ

ကလပ္စံခ်ိန္မွတ္တမ္းတစ္ခုကို ခ်ိဳးႏိုင္ခဲ့ပါတယ္။

အဲဒီပြဲမွာ မန္ယူဟာ ပြဲခ်ိန္အေစာပိုင္းကတည္းက ေပးခဲ့ရတဲ့ ၁-၀ နဲ႔

ဦးေဆာင္ခံေနရေပမယ့္ မိနစ္ ၈၀ ေရာက္မွ ေခ်ပဂိုးျပန္သြင္းႏိုင္ခဲ့တာပါ။

ဒါကလည္း လူစားဝင္လူငယ္ေတာင္ပံၾကယ္ပြင့္အီလန္ဂါရဲ႕

တည္ၿငိမ္တဲ့အဆုံးသတ္ေၾကာင့္ ျဖစ္ပါတယ္။

ဒါေပမဲ့ အဲဒီဆြီဒင္လူငယ္ၾကယ္ပြင့္ရဲ႕အဆုံးသတ္အတြက္

ဖာနန္ဒက္စ္က ေဘာလုံးထိုးေပးခဲ့တာပါ။

အဲဒီပြဲက ဂိုးဖန္တီးမႈေၾကာင့္ ဖာနန္ဒက္စ္ဟာ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္

အဂၤလိပ္အသင္းတစ္သင္းကေန ၆ ပြဲဆက္ဂိုးဖန္တီးႏိုင္ခဲ့တဲ့

ပထမဆုံးကစားသမားျဖစ္လာပါတယ္။

မန္ယူရဲ႕အဲဒီေက်ာနံပါတ္ ၁၈ ဝတ္ကစားသမားဟာ

ဗီလာရီးရဲလ္၊ အတၱလႏၲာတို႔နဲ႔ ႏွစ္ေက်ာ့စလုံးမွာ စုစုေပါင္း ၅ ႀကိမ္

ဂိုးဖန္တီးေပးခဲ့သလို ယန္းဘြိဳင္းစ္နဲ႔ပထမအေက်ာ့မွာလည္း ဂိုးဖန္တီးႏိုင္ခဲ့တာပါ။

ယန္းဘြိဳင္းစ္နဲ႔ အိမ္ကြင္း ဒုတိယအေက်ာ့မွာေတာ့

သူဟာ အနားေပးခဲ့ရလို႔ မကစားျဖစ္ခဲ့ပါဘူး။

ဖာနန္ဒက္စ္အေနနဲ႔ ယူႏိုက္တက္ဂႏၴဝင္ေဟာင္းတစ္ေယာက္ျဖစ္တဲ့

ေဒးဗစ္ဘက္ခမ္းရဲ႕စံခ်ိန္ကို ခ်ိဳးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဘက္ခမ္းဟာ ၁၉၉၈ တုန္းက မန္ယူအတြက္ ခ်န္ပီယံလိဂ္မွာ

မန္ယူအတြက္ ၅ ပြဲဆက္ဂိုးဖန္တီးႏိုင္ခဲ့တာပါ။

ဖာနန္ဒက္စ္ဟာလည္း ဒီရာသီပရီးမီးယားလိဂ္မွာလည္း

အခြင့္အေရးဖန္တီးမႈအမ်ားဆုံးျဖစ္ ၇၃ ႀကိမ္နဲ႔ ဦးေဆာင္ေနတာပါ။

သူဟာ ဒီရာသီမန္ယူအတြက္ ကစားေပးခဲ့တဲ့ ၃၄ ပြဲမွာ

ဂိုးပါဝင္ပတ္သက္မႈ(သြင္းဂိုး+ဂိုးဖန္တီး) စုစုေပါင္း ၂၃ ႀကိမ္ရွိၿပီး

အဲဒီမွာ ပင္နယ္တီတစ္လုံးမွ မပါခဲ့ပါဘူး။