ပွဲတစ်ပွဲအတွက် ပြင်ဆင်တဲ့နေရာမှာ ကက်စ်မီရိုရဲ့ စေ့စပ်သေချာပုံက အဆန်းကြီးပါလား

အသင်းသစ်တစ်ခုကို ပြောင်းရွှေ့တဲ့အခါ ကစားသမားသစ်တစ်ယောက် အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး ပြုလုပ်ရပါတယ်။ အသင်းရဲ့ ဖွဲ့ စည်းပုံ၊ နည်းစနစ်ပိုင်း၊ လေ့ကျင့်ပုံနဲ့ လုပ်ငန်းဆောင်တာတွေအပါအဝင် သိသင့်သိထိုက်တာ အားလုံးကို ရင်းနှီးကျွမ်းဝင်အောင်

လုပ်ဆောင်ရပါတယ်။ ဒါပေမဲ့ မန်ယူကို ရောက်လာတဲ့ ကက်စစ်မီရိုကတော့ တစ်မူ ထူးခြားတယ်လို့ ဆိုရမလားပဲ။ ဒါ့အပြင် ပွဲတစ်ပွဲအတွက် ပြင်ဆင်ပုံတွေကပဲ စေ့စပ်သေချာတာလားတော့ မသိပါဘူး။ ဘာလဲဆိုတော့ ကက်စ်မီရိုဟာ ဒိုင်လူကြီးတွေနဲ့ ပတ်သက်တဲ့

အမှုတွဲတွေကို ပွဲစဉ်မတိုင်ခင် တောင်းဆိုကြည့်ရှုတာပဲ ဖြစ်ပါတယ်။ ရီးရဲလ်ကနေပြီး မန်ယူကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ နဲ့ ရောက်ရှိလာပြီးတဲ့နောက် အလုပ်လုပ်ခွင့်ပါမစ်လည်း ရရှိထားပြီဖြစ်လို့ ကက်စ်မီရိုဟာ ဆောက်သမ်တန်နဲ့ ကစားမယ့် စနေနေ့ ပွဲစဉ်မှာ

ပါဝင်လာဖို့ ရှိနေပါတယ်။ ၂၀၁၉ ခုနှစ်ကစပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၄၈ ပွဲ ကြီးကြပ်ကိုင် တွယ်ခဲ့ဖူးပြီးဖြစ်တဲ့ အန်ဒီမက်ဒက်လေဟာ စိန့်မေရီမှာ ကစားမယ့် ပွဲစဉ်ကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဒိုင်လူကြီးနဲ့ ပတ်သက်ပြီး သတင်း အချက်အလက် တစ်စွန်းတစ်စတော့

ကက်စ်မီရိုလည်း သိနေလောက်ပြီထင် ပါတယ်။ ဘရာဇီးကွင်းလယ်လူဟာ ပွဲမတိုင်ခင်မှာ ဒိုင်လူကြီးတွေရဲ့ အမှုတွဲ တွေကို တောင်းကြည့်လေ့ရှိတယ်လို့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သလို အသင်း ဖော်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဘရူနိုဒေါ့စ်အန်ဂျို့စ်ရဲ့ ပြောဆိုချက်အရ သိ ရပါတယ်။

ပွဲမတိုင်ခင်မှာ ကက်စ်မီရိုဟာ ဒိုင်လူကြီးရဲ့ ဂုဏ်သတင်းကျော် ဇောမှု၊ ပွဲကို ကြီးကြပ်ခွင့်ရပုံ၊ မွေးရပ်ဒေသ၊ တခြားအလုပ်ရှိ မရှိနဲ့ ပွဲတစ်ပွဲ အပေါ် သူ့ရဲ့ ကြီးကြပ်ပုံတွေကို သိလိုသူဖြစ်ပါတယ်။ ‘’သူက ဒိုင်လူကြီးတွေ ပြောစရာ အများကြီးဖြစ်တဲ့ နေရာမျိုးမှာ ကစားတာပါ။

ကတ်အပြခံရတာမျိုးလည်း ပိုပြီးဖြစ်နိုင်တဲ့ နေရာမျိုးလေ။ ဒါကြောင့် သူတို့ဘာပြောသလဲဆိုတာကို ပိုပြီးနားလည်ဖို့ သူလိုအပ်တယ်။ လိုအပ်ရင်လည်း သူက ပြန်ပြီး စောဒက တက်လို့ရတာပေါ့။ ကိစ္စတော်တော်များများမှာ ဒီအချက်က အထောက်အကူ ပြုပါတယ်’’ လို့ ဘရူနိုက တယ်လီဂရပ်သတင်းစာနဲ့ အင်တာဗျူးမှာ ပြောဆို သွားခဲ့ပါတယ်။

(zawgyi)

အသင္းသစ္တစ္ခုကို ေျပာင္းေ႐ႊ႕တဲ့အခါ ကစားသမားသစ္တစ္ေယာက္ အေနနဲ႔ ႀကိဳတင္ျပင္ဆင္မႈေတြ အမ်ားႀကီး ျပဳလုပ္ရပါတယ္။ အသင္းရဲ႕ ဖြဲ႕ စည္းပုံ၊ နည္းစနစ္ပိုင္း၊ ေလ့က်င့္ပုံနဲ႔ လုပ္ငန္းေဆာင္တာေတြအပါအဝင္ သိသင့္သိထိုက္တာ အားလုံးကို

ရင္းႏွီးကြၽမ္းဝင္ေအာင္ လုပ္ေဆာင္ရပါတယ္။ ဒါေပမဲ့ မန္ယူကို ေရာက္လာတဲ့ ကက္စစ္မီ႐ိုကေတာ့ တစ္မူ ထူးျခားတယ္လို႔ ဆိုရမလားပဲ။ ဒါ့အျပင္ ပြဲတစ္ပြဲအတြက္ ျပင္ဆင္ပုံေတြကပဲ ေစ့စပ္ေသခ်ာတာလားေတာ့ မသိပါဘူး။ ဘာလဲဆိုေတာ့ ကက္စ္မီ႐ိုဟာ ဒိုင္လူႀကီးေတြနဲ႔

ပတ္သက္တဲ့ အမႈတြဲေတြကို ပြဲစဥ္မတိုင္ခင္ ေတာင္းဆိုၾကည့္ရႈတာပဲ ျဖစ္ပါတယ္။ ရီးရဲလ္ကေနၿပီး မန္ယူကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၇၀ နဲ႔ ေရာက္ရွိလာၿပီးတဲ့ေနာက္ အလုပ္လုပ္ခြင့္ပါမစ္လည္း ရရွိထားၿပီျဖစ္လို႔ ကက္စ္မီ႐ိုဟာ ေဆာက္သမ္တန္နဲ႔ ကစားမယ့္ စေနေန႔

ပြဲစဥ္မွာ ပါဝင္လာဖို႔ ရွိေနပါတယ္။ ၂၀၁၉ ခုႏွစ္ကစၿပီး ပရီးမီးယားလိဂ္ ပြဲစဥ္ ၄၈ ပြဲ ႀကီးၾကပ္ကိုင္ တြယ္ခဲ့ဖူးၿပီးျဖစ္တဲ့ အန္ဒီမက္ဒက္ေလဟာ စိန႔္ေမရီမွာ ကစားမယ့္ ပြဲစဥ္ကို ကိုင္တြယ္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီဒိုင္လူႀကီးနဲ႔ ပတ္သက္ၿပီး သတင္း အခ်က္အလက္

တစ္စြန္းတစ္စေတာ့ ကက္စ္မီ႐ိုလည္း သိေနေလာက္ၿပီထင္ ပါတယ္။ ဘရာဇီးကြင္းလယ္လူဟာ ပြဲမတိုင္ခင္မွာ ဒိုင္လူႀကီးေတြရဲ႕ အမႈတြဲ ေတြကို ေတာင္းၾကည့္ေလ့ရွိတယ္လို႔ အရင္းႏွီးဆုံး မိတ္ေဆြျဖစ္သလို အသင္း ေဖာ္ေဟာင္းတစ္ဦးလည္းျဖစ္တဲ့

ဘ႐ူႏိုေဒါ့စ္အန္ဂ်ိဳ႕စ္ရဲ႕ ေျပာဆိုခ်က္အရ သိ ရပါတယ္။ ပြဲမတိုင္ခင္မွာ ကက္စ္မီ႐ိုဟာ ဒိုင္လူႀကီးရဲ႕ ဂုဏ္သတင္းေက်ာ္ ေဇာမႈ၊ ပြဲကို ႀကီးၾကပ္ခြင့္ရပုံ၊ ေမြးရပ္ေဒသ၊ တျခားအလုပ္ရွိ မရွိနဲ႔ ပြဲတစ္ပြဲ အေပၚ သူ႔ရဲ႕ ႀကီးၾကပ္ပုံေတြကို သိလိုသူျဖစ္ပါတယ္။

‘’သူက ဒိုင္လူႀကီးေတြ ေျပာစရာ အမ်ားႀကီးျဖစ္တဲ့ ေနရာမ်ိဳးမွာ ကစားတာပါ။ ကတ္အျပခံရတာမ်ိဳးလည္း ပိုၿပီးျဖစ္ႏိုင္တဲ့ ေနရာမ်ိဳးေလ။ ဒါေၾကာင့္ သူတို႔ဘာေျပာသလဲဆိုတာကို ပိုၿပီးနားလည္ဖို႔ သူလိုအပ္တယ္။ လိုအပ္ရင္လည္း

သူက ျပန္ၿပီး ေစာဒက တက္လို႔ရတာေပါ့။ ကိစၥေတာ္ေတာ္မ်ားမ်ားမွာ ဒီအခ်က္က အေထာက္အကူ ျပဳပါတယ္’’ လို႔ ဘ႐ူႏိုက တယ္လီဂရပ္သတင္းစာနဲ႔ အင္တာဗ်ဴးမွာ ေျပာဆို သြားခဲ့ပါတယ္။