
စီရော်နယ်ဒိုရဲ့ချစ်လှစွာသောမိခင်ဖြစ်သူက သူမရဲ့၆၇ နှစ်ပြည့်မွေးနေ့ပွဲအပြင်
နှစ်သစ်ကြိုနိုင်ဖို့ ဇာတိမြေဖြစ်တဲ့ ပေါ်တူဂီက မာဒိုင်ရာကျွန်းကို
အဲဒီမန်ယူတိုက်စစ်မှုလာမယ်လို့ မျှော်လင့်ထားကြောင်း
ထုတ်ဖော်ပြောကြားလိုက်ပါတယ်။မန်ယူဟာ လာမယ့် ဒီဇင်ဘာ ၃၀ မှာ
ဘန်လေနဲ့ပရီးမီးယားလိဂ်ပွဲကစားရဖို့ရှိပြီး
ဇန်နဝါရီ ၃ မှာလည်း ဝုဗ်နဲ့ပရီးမီးယားလိဂ်ဆက်ကစားရမှာပါ။
စီရော်နယ်ဒိုရဲ့မိခင်ဖြစ်တဲ့ ဒိုလိုရက်စ်ဟာ နှစ်သစ်မရောက်ခင်
ဒီဇင်ဘာ ၃၁ မှာ သူမရဲ့မွေးနေ့ပွဲကျင်းပဖို့ စီစဉ်ထားတာပါ။
ဒါ့အပြင် ဒိုလိုရက်စ်က ၃၄ နှစ်အရွယ် စီရော်နယ်ဒိုဟာ မိသားစုနဲ့အတူ
ကိုယ်ပိုင်လေယာဉ်နဲ့ မာဒိုင်ရာကို လာမယ်လို့ အတည်ပြုခဲ့ပုံပေါ်ပါတယ်။
ဒါမှသာ စီရော်နယ်ဒိုဟာ သူ့ရဲ့ဇာတိမြေမှာ
သူချစ်တဲ့သူတွေနဲ့အရေးကြီးနေ့တွေကို ဖြတ်သန်းနိုင်မှာပါ။
အဲဒါနဲ့ပတ်သက်လို့ ဒိုလိုရက်စ်က”ကျွန်မရဲ့မွေးနေ့နဲ့ နှစ်သစ်အကြိုကို
ဇာတိမြေမှာလုပ်ဖို့ စီစဉ်ထားပါတယ်။ ဟိုတယ်တစ်ခုမှာ
ပါတီပွဲပေးမှာဖြစ်ပြီးအဲဒီမှာပဲ နှစ်သစ်ကြိုမှာပါ။
ကျွန်မနဲ့အတူ မိသားစုအားလုံးရှိနေပါလိမ့်မယ်”လို့
မာဒိုင်ရာအခြေစိုက်မဂ္ဂဇင်းတစ်ခုကို ဖွင့်ဟခဲ့တာပါ။
ဒါ့အပြင် စီရော်နယ်ဒိုရဲ့မိသားစုဟာ ဒီခရစ္စမတ်အတွက် မန်ချက်စတာမှာ
ဆုံကြဖို့အတွက် စီစဉ်ထားကြောင်း သိရပါတယ်။
စီရော်နယ်ဒိုရဲ့လက်တွဲဖော်ဖြစ်တဲ့ ၂၇ နှစ်အရွယ် ဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာ
လက်ရှိမှာ အမြွှာကိုယ်ဝန်လွယ်ထားရပြီး သူမမှာ ၃ နှစ်အရွယ်သမီးဖြစ်သူ
မာတီနာနဲ့ မန်ယူတိုက်စစ်မှုးရဲ့အခြားကလေး ၃ ယောက်လည်း ရှိပါတယ်။
စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်ခရစ္စမတ်တုန်းကေတာ့
ဒူဘိုင်းက နေရောင်အောက်မှာ ဂျောဂျီနာနဲ့အတူ ဖြတ်သန်းခဲ့ပါတယ်။
zawgyi
ပြဲဆက္ေတြမ်ားေနေပမယ့္ မိခင္ရဲ႕ ေမြးေန႔နဲ႔ ႏွစ္သစ္အႀကိဳကို ဇာတိေျမမွာလုပ္ဖို႔ စီစဥ္ထားတဲ့ စီေရာ္နယ္ဒို
စီေရာ္နယ္ဒိုရဲ႕ခ်စ္လွစြာေသာမိခင္ျဖစ္သူက သူမရဲ႕၆၇ ႏွစ္ျပည့္ေမြးေန႔ပြဲအျပင္
ႏွစ္သစ္ႀကိဳႏိုင္ဖို႔ ဇာတိေျမျဖစ္တဲ့ ေပၚတူဂီက မာဒိုင္ရာကြၽန္းကို
အဲဒီမန္ယူတိုက္စစ္မႈလာမယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း
ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။မန္ယူဟာ လာမယ့္ ဒီဇင္ဘာ ၃၀ မွာ
ဘန္ေလနဲ႔ပရီးမီးယားလိဂ္ပြဲကစားရဖို႔ရွိၿပီး
ဇန္နဝါရီ ၃ မွာလည္း ဝုဗ္နဲ႔ပရီးမီးယားလိဂ္ဆက္ကစားရမွာပါ။
စီေရာ္နယ္ဒိုရဲ႕မိခင္ျဖစ္တဲ့ ဒိုလိုရက္စ္ဟာ ႏွစ္သစ္မေရာက္ခင္
ဒီဇင္ဘာ ၃၁ မွာ သူမရဲ႕ေမြးေန႔ပြဲက်င္းပဖို႔ စီစဥ္ထားတာပါ။
ဒါ့အျပင္ ဒိုလိုရက္စ္က ၃၄ ႏွစ္အ႐ြယ္ စီေရာ္နယ္ဒိုဟာ မိသားစုနဲ႔အတူ
ကိုယ္ပိုင္ေလယာဥ္နဲ႔ မာဒိုင္ရာကို လာမယ္လို႔ အတည္ျပဳခဲ့ပုံေပၚပါတယ္။
ဒါမွသာ စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕ဇာတိေျမမွာ
သူခ်စ္တဲ့သူေတြနဲ႔အေရးႀကီးေန႔ေတြကို ျဖတ္သန္းႏိုင္မွာပါ။
အဲဒါနဲ႔ပတ္သက္လို႔ ဒိုလိုရက္စ္က”ကြၽန္မရဲ႕ေမြးေန႔နဲ႔ ႏွစ္သစ္အႀကိဳကို
ဇာတိေျမမွာလုပ္ဖို႔ စီစဥ္ထားပါတယ္။ ဟိုတယ္တစ္ခုမွာ
ပါတီပြဲေပးမွာျဖစ္ၿပီးအဲဒီမွာပဲ ႏွစ္သစ္ႀကိဳမွာပါ။
ကြၽန္မနဲ႔အတူ မိသားစုအားလုံးရွိေနပါလိမ့္မယ္”လို႔
မာဒိုင္ရာအေျခစိုက္မဂၢဇင္းတစ္ခုကို ဖြင့္ဟခဲ့တာပါ။
ဒါ့အျပင္ စီေရာ္နယ္ဒိုရဲ႕မိသားစုဟာ ဒီခရစၥမတ္အတြက္ မန္ခ်က္စတာမွာ
ဆုံၾကဖို႔အတြက္ စီစဥ္ထားေၾကာင္း သိရပါတယ္။
စီေရာ္နယ္ဒိုရဲ႕လက္တြဲေဖာ္ျဖစ္တဲ့ ၂၇ ႏွစ္အ႐ြယ္ ေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ဟာ
လက္ရွိမွာ အႁမႊာကိုယ္ဝန္လြယ္ထားရၿပီး သူမမွာ ၃ ႏွစ္အ႐ြယ္သမီးျဖစ္သူ
မာတီနာနဲ႔ မန္ယူတိုက္စစ္မႈးရဲ႕အျခားကေလး ၃ ေယာက္လည္း ရွိပါတယ္။
စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ႏွစ္ခရစၥမတ္တုန္းေကတာ့
ဒူဘိုင္းက ေနေရာင္ေအာက္မွာ ေဂ်ာဂ်ီနာနဲ႔အတူ ျဖတ္သန္းခဲ့ပါတယ္။