ပွဲဆက်တွေမများစေဖို့ လိဂ်ဖလားဆီမီးပွဲတွေကို မနှစ်ကအတိုင်းတစ်ကျော့တည်းယှဉ်ပြိုင်စေဖို့ရှိနေ

အင်္ဂလန်လိဂ်အဖွဲ့ချုပ်တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း

ပရီးမီးယားလိဂ်ကစားသမားတွေ ကိုဗစ်ရောဂါကူးစက်ခံရမှုမြင့်တက်လာတာကြောင့်

ပွဲတွေရွှေ့ဆိုင်းခဲ့ရတဲ့အတွက် ပြန်ကန်ပွဲတွေကစားခဲ့အခါ ပွဲဆက်တွေမများစေဖို့

လိဂ်ဖလားဆီမီးပွဲတွေကို မနှစ်ကအတိုင်းတစ်ကျော့တည်းယှဉ်ပြိုင်စေဖို့ရှိနေပါပြီ။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဗြိတိန်နိုင်ငံအတွင်း ကိုဗစ်ရောဂါဆိုးပျံ့နှံ့မှု

မြင့်တက်လာတာကြောင့် ကြားရက်က ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲနဲ့

စနေ၊ တနင်္ဂနွေနေ့တွေမှာကစားမယ့်ပွဲတွေထဲက (၆)ပွဲကို

ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။ ပွဲရွှေ့ရတဲ့အသင်းတွေထဲမှာ စပါး၊ လက်စတာ၊

ဘရန့်ဖို့ဒ်စတဲ့အသင်းတွေလည်းပါဝင်ခဲ့ပြီး သူတို့ကစားရမယ့်ပွဲတွေကို

ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက ပြန်လည်ရက်သတ်မှတ်သွားမှာပါ။

ဒါပေမဲ့ အဲဒီအသင်းတွေဟာ လာမယ့်ကြားရက်ထဲမှာ လိဂ်ဖလားကွာတားဖိုင်နယ်ပွဲတွေ

ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီး တာဝန်ရှိသူတွေက ဆီမီးဖိုင်နယ်ပွဲတွေကို

တစ်ကျော့သာသတ်မှတ်ဖို့စီစဉ်နေတယ်လို့ ဗြိတိန်နာမည်ကျော်သတင်းစာ

Telegraph က ဖော်ပြခဲ့ပါတယ်။

လိဂ်ဖလားကွာတားဖိုင်နယ်ပွဲတွေအဖြစ် အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေမှာ

အာဆင်နယ်-ဆန်းဒါးလန်း၊ လီဗာပူးလ်-လက်စတာ၊

ဘရန့်ဖို့ဒ်-ချယ်လ်ဆီး၊ စပါး-ဝက်စ်ဟမ်းအသင်းတို့ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး

သရေကျရင် ပယ်နယ်တီတစ်ခါတည်း တန်းကန်မှာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ပွဲတွေကို လာမယ့်နှစ်၊ ဇန်နဝါရီ(၃)နဲ့ (၁၀)ရက်တွေမှာကျင်းပဖို့

အစောပိုင်းကစီစဉ်ထားပေမယ့် တကယ်လို့ တစ်ကျော့တည်းသာကစားခဲ့မယ်ဆိုရင်

ဖေဖော်ဝါရီလအတွင်း ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကစားစရာရှိတဲ့

ချယ်လ်ဆီးအပါအဝင် တခြားအသင်းတွေအတွက် အကျိုးရှိစေမှာပါ။

zawgyi

ပြဲဆက္ေတြမမ်ားေစဖို႔ လိဂ္ဖလားဆီမီးပြဲေတြကို မႏွစ္ကအတိုင္းတစ္ေက်ာ့တည္းယွဥ္ၿပိဳင္ေစဖို႔ရွိေန

အဂၤလန္လိဂ္အဖြဲ႕ခ်ဳပ္တာဝန္ရွိသူေတြဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း

ပရီးမီးယားလိဂ္ကစားသမားေတြ ကိုဗစ္ေရာဂါကူးစက္ခံရမႈျမင့္တက္လာတာေၾကာင့္

ပြဲေတြေ႐ႊ႕ဆိုင္းခဲ့ရတဲ့အတြက္ ျပန္ကန္ပြဲေတြကစားခဲ့အခါ ပြဲဆက္ေတြမမ်ားေစဖို႔

လိဂ္ဖလားဆီမီးပြဲေတြကို မႏွစ္ကအတိုင္းတစ္ေက်ာ့တည္းယွဥ္ၿပိဳင္ေစဖို႔ရွိေနပါၿပီ။

ၿပီးခဲ့တဲ့တစ္ပတ္အတြင္း ၿဗိတိန္ႏိုင္ငံအတြင္း ကိုဗစ္ေရာဂါဆိုးပ်ံ႕ႏွံ႔မႈ

ျမင့္တက္လာတာေၾကာင့္ ၾကားရက္က ပရီးမီးယားလိဂ္ပြဲစဥ္(၃)ပြဲနဲ႔

စေန၊ တနဂၤေႏြေန႔ေတြမွာကစားမယ့္ပြဲေတြထဲက (၆)ပြဲကို

ရက္ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။ ပြဲေ႐ႊ႕ရတဲ့အသင္းေတြထဲမွာ စပါး၊ လက္စတာ၊

ဘရန႔္ဖို႔ဒ္စတဲ့အသင္းေတြလည္းပါဝင္ခဲ့ၿပီး သူတို႔ကစားရမယ့္ပြဲေတြကို

ပရီးမီးယားလိဂ္တာဝန္ရွိသူေတြက ျပန္လည္ရက္သတ္မွတ္သြားမွာပါ။

ဒါေပမဲ့ အဲဒီအသင္းေတြဟာ လာမယ့္ၾကားရက္ထဲမွာ လိဂ္ဖလားကြာတားဖိုင္နယ္ပြဲေတြ

ယွဥ္ၿပိဳင္ကစားရဖို႔ရွိေနၿပီး တာဝန္ရွိသူေတြက ဆီမီးဖိုင္နယ္ပြဲေတြကို

တစ္ေက်ာ့သာသတ္မွတ္ဖို႔စီစဥ္ေနတယ္လို႔ ၿဗိတိန္နာမည္ေက်ာ္သတင္းစာ

Telegraph က ေဖာ္ျပခဲ့ပါတယ္။ လိဂ္ဖလားကြာတားဖိုင္နယ္ပြဲေတြအျဖစ္

အဂၤါ၊ ဗုဒၶဟူးေန႔ေတြမွာ အာဆင္နယ္-ဆန္းဒါးလန္း၊ လီဗာပူးလ္-လက္စတာ၊

ဘရန႔္ဖို႔ဒ္-ခ်ယ္လ္ဆီး၊ စပါး-ဝက္စ္ဟမ္းအသင္းတို႔ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး

သေရက်ရင္ ပယ္နယ္တီတစ္ခါတည္း တန္းကန္မွာျဖစ္ပါတယ္။

ဆီမီးဖိုင္နယ္ပြဲေတြကို လာမယ့္ႏွစ္၊ ဇန္နဝါရီ(၃)နဲ႔ (၁၀)ရက္ေတြမွာက်င္းပဖို႔

အေစာပိုင္းကစီစဥ္ထားေပမယ့္ တကယ္လို႔ တစ္ေက်ာ့တည္းသာကစားခဲ့မယ္ဆိုရင္

ေဖေဖာ္ဝါရီလအတြင္း ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကစားစရာရွိတဲ့

ခ်ယ္လ္ဆီးအပါအဝင္ တျခားအသင္းေတြအတြက္ အက်ိဳးရွိေစမွာပါ။