ပွဲစီစဉ်သူ အမေရိကန်ဒွန်ကင်းကြောင့် GOAT ကြီးနှစ်ပါးရဲ့ ပုဝါမကူ ရေမရှူကြေးပွဲစဉ်ကို မြင်ရဖို့ရှိနေတယ်

ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေရဲ့ မဟာအိပ်မက်ဖြစ်တဲ့ အောစတားအသင်း ရန်ပုံငွေ ပွဲစဉ်တစ်ပွဲဟာ မဝေးတော့တဲ့ ကာလအတောအတွင်းမှာပဲ ဝင်ဘလေကွင်းကြီးမှာ

ယှဉ်ပြိုင်ကစားဖို့ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ပေါင် သန်း ၉၀ အထိ ရန်ပုံငွေတစ်ရပ် ဖန်တီးပေးနိုင်မယ့် ဒီပွဲစဉ်မှာ ပြီးခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း မဟာပြိုင်ဘက်ကြီးတွေ

ဖြစ်ခဲ့ကြ တဲ့ GOAT ကြီးနှစ်ပါးကို ထိပ်တိုက်တွေ့ဆုံပေးတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ် မြောက်ပိုင်းအသင်းနဲ့ တောင်ပိုင်းအသင်းဆိုပြီး နှစ်သင်းခွဲ ကစားစေမယ်လို့

သိရပါတယ်။ ဒါပေမဲ့ ဒီလို ပွဲစဉ်မျိုးကိုတော့ အမေရိကန်နိုင်ငံရဲ့ မေဂျာလိဂ်၊ ဘေ့စ်ဘောနဲ့ ဘတ်စ်ကတ်ဘောပွဲစဉ်တွေမှာတော့ အမြဲတမ်းလိုလို ကျင်းပလေ့ရှိပါတယ်။

ဒါပေမဲ့ ဒီပြိုင်ပွဲက အင်္ဂလန် ပရီးမီးယားလိဂ်အတွက်တော့ စာအုပ်အသစ်တစ်အုပ်ကို လှန်ပြီးဖတ်ရသလိုမျိုး အရသာသစ် ပေးစွမ်းနိုင်မှာဖြစ်ပြီး ဇာတ်ကောင်နှစ်ယောက်ကလည်း

ပရိသတ် အသည်းကျော်တွေဖြစ်တဲ့ မက်ဆီနဲ့ စီရော်နယ်ဒို ဖြစ်နေတော့ ပရိသတ်က အကြိုက်တွေ့ဖို့ ရှိလာနိုင်တယ်လို့ အောစတားပွဲစဉ်ကို သဘောကျနေတဲ့ သူတချို့က

သုံးသပ်ပါတယ်။ ဒါ့အပြင် အဲဒီပွဲစဉ်ရဲ့ ကန့်လန့်ကာ နောက်ကွယ်မှာလည်း ပေါင်သန်း ၉၀ နီးပါး မြိုးမြိုးမြက်မြက် ရမယ့် ခွင်တစ်ခုကလည်း ရှိနေတာကြောင့် ဘုရားလည်းဖူးရင်း

လိပ်ဥလည်း တူးရမယ့်အကွက်ကို တော့ဒ်ဘိုလေက ဖန်တီးချင်နေတာပါ။ ဒါပေမဲ့ ဒီလို ပွဲစဉ်ကို ပထမဆုံး စိတ်ကူးတာက တော့ဒ်ဘိုလေတော့ မဟုတ်ခဲ့ပါဘူး။

ပြီးခဲတဲ့ ၂၀၁၄ ခုနှစ်မှာ ရောဘတ်ဘိုနီယာဆိုတဲ့ သန်းကြွယ်သူဌေး တစ်ယောက် ဖြစ်ပါတယ်။ အဲဒီ အချိန်တုန်းကတော့ မက်ဆီက ဘာစီလိုနာမှာ ကစားနေပြီး

စီရော်နယ်ဒိုက ရီးရဲလ်မှာ ကစားနေတာကြောင့် သူတို့နှစ်ယောက်ဟာ အယ်လ်ကလက်စီကို ပွဲစဉ်မှာ နှစ်တိုင်း ဆုံနေတာဖြစ်လို့ ပရိသတ်ကို အထူးတလည်

မဆွဲဆောင် နိုင်ခဲ့ပါဘူး။ တကယ်လို့ အခုစိတ်ကူးနေတဲ့ ဝင်ဘလေပွဲစဉ်သာ တကယ်ဖြစ် လာခဲ့မယ်ဆိုရင် မက်ဆီနဲ့ စီရော်နယ်ဒိုရဲ့ အားပြိုင်မှုတင်မကတော့ဘဲ

မက်ဆီရဲ့ စပွန်ဆာ adidas နဲ့ စီရော်နယ်ဒိုရဲ့ စပွန်ဆာ Nike ရဲ့ ဈေးကွက် အားပြိုင်မှုလည်း အရှိန်မြင့်လာနိုင်ပြီး မျှော်မှန်းလို့မရတဲ့ ကွင်းတွင်း ကွင်းပြင် အားပြိုင်မှုတွေကိုပါ

မြင်ရနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

(Zawgyi)

ပြဲစီစဥ္သူ အေမရိကန္ဒြန္ကင္းေၾကာင့္ GOAT ႀကီးႏွစ္ပါးရဲ႕ ပုဝါမကူ ေရမရႉေၾကးပြဲစဥ္ကို ျမင္ရဖို႔ရွိေနတယ္

ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေတာ့ဒ္ဘိုေလရဲ႕ မဟာအိပ္မက္ျဖစ္တဲ့ ေအာစတားအသင္း ရန္ပုံေငြ ပြဲစဥ္ တစ္ပြဲဟာ မေဝးေတာ့တဲ့ ကာလအေတာ အတြင္းမွာပဲ ဝင္ဘေလကြင္းႀကီးမွာ

ယွဥ္ၿပိဳင္ကစားဖို႔ ျဖစ္လာႏိုင္တယ္လို႔ သိရပါတယ္။ ေပါင္ သန္း ၉၀ အထိ ရန္ပုံေငြတစ္ရပ္ ဖန္တီးေပးႏိုင္မယ့္ ဒီပြဲ စဥ္မွာ ၿပီးခဲ့တဲ့ ၁၅ ႏွစ္တာ ကာလအတြင္း မဟာၿပိဳင္ဘက္ႀကီးေတြ ျဖစ္ခဲ့ၾကတဲ့

GOAT ႀကီးႏွစ္ပါးကို ထိပ္တိုက္ေတြ႕ဆုံေပးေတာ့မွာျဖစ္ၿပီး ပရီးမီးယား လိဂ္ ေျမာက္ပိုင္းအသင္းနဲ႔ ေတာင္ပိုင္းအသင္းဆိုၿပီး ႏွစ္သင္းခြဲ ကစားေစမယ္ လို႔ သိရပါတယ္။

ဒါေပမဲ့ ဒီလို ပြဲစဥ္မ်ိဳးကိုေတာ့ အေမရိကန္ႏိုင္ငံရဲ႕ ေမဂ်ာ လိဂ္၊ ေဘ့စ္ေဘာနဲ႔ ဘတ္စ္ကတ္ေဘာပြဲစဥ္ေတြမွာေတာ့ အၿမဲတမ္းလိုလို က်င္းပေလ့ရွိပါတယ္။ ဒါေပမဲ့ ဒီၿပိဳင္ပြဲက

အဂၤလန္ ပရီးမီးယားလိဂ္အတြက္ ေတာ့ စာအုပ္အသစ္တစ္အုပ္ကို လွန္ၿပီး ဖတ္ရသလိုမ်ိဳး အရသာသစ္ ေပး စြမ္းႏိုင္မွာျဖစ္ၿပီး ဇာတ္ေကာင္ႏွစ္ေယာက္ကလည္း ပရိသတ္ အသည္းေက်ာ္

ေတြျဖစ္တဲ့ မက္ဆီနဲ႔ စီေရာ္နယ္ဒို ျဖစ္ေနေတာ့ ပရိသတ္က အႀကိဳက္ေတြ႕ဖို႔ ရွိလာႏိုင္တယ္လို႔ ေအာစတားပြဲစဥ္ကို သေဘာက်ေနတဲ့ သူတခ်ိဳ႕က သုံးသပ္ပါတယ္။ ဒါ့အျပင္ အဲဒီပြဲစဥ္ရဲ႕

ကန႔္လန႔္ကာ ေနာက္ကြယ္မွာလည္း ေပါင္သန္း ၁၀၀ နီးပါး ၿမိဳးၿမိဳးျမက္ျမက္ ရမယ့္ ခြင္တစ္ခုကလည္း ရွိေနတာ ေၾကာင့္ ဘုရားလည္းဖူးရင္း လိပ္ဥလည္း တူးရမယ့္အကြက္ကို

ေတာ့ဒ္ဘိုေလက ဖန္တီးခ်င္ေနတာပါ။ ဒါေပမဲ့ ဒီလို ပြဲစဥ္ကို ပထမဆုံး စိတ္ ကူးတာက ေတာ့ဒ္ဘိုေလေတာ့ မဟုတ္ခဲ့ပါဘူး။ ၿပီးခဲတဲ့ ၂၀၁၄ ခုႏွစ္မွာ ေရာဘတ္ဘိုနီယာဆိုတဲ့ သန္းႂကြယ္သူေဌး

တစ္ေယာက္ ျဖစ္ပါတယ္။ အဲဒီ အခ်ိန္တုန္းကေတာ့ မက္ဆီက ဘာစီလိုနာမွာ ကစားေနၿပီး စီေရာ္နယ္ဒိုက ရီးရဲလ္မွာ ကစားေနတာေၾကာင့္ သူတို႔ႏွစ္ေယာက္ဟာ အယ္လ္ကလက္စီကို ပြဲစဥ္မွာ

ႏွစ္တိုင္း ဆုံေနတာျဖစ္လို႔ ပရိသတ္ကို အထူးတလည္ မဆြဲေဆာင္ ႏိုင္ခဲ့ပါဘူး။ တကယ္လို႔ အခုစိတ္ကူးေနတဲ့ ဝင္ဘေလပြဲစဥ္သာ တကယ္ျဖစ္ လာခဲ့မယ္ဆိုရင္ မက္ဆီနဲ႔

စီေရာ္နယ္ဒိုရဲ႕ အားၿပိဳင္မႈတင္မကေတာ့ဘဲ မက္ဆီရဲ႕ စပြန္ဆာ adidas နဲ႔ စီေရာ္နယ္ဒိုရဲ႕ စပြန္ဆာ Nike ရဲ႕ ေဈးကြက္ အားၿပိဳင္မႈလည္း အရွိန္ျမင့္လာႏိုင္ၿပီး ေမွ်ာ္မွန္းလို႔

မရတဲ့ ကြင္းတြင္း ကြင္းျပင္ အားၿပိဳင္မႈေတြကိုပါ ျမင္ရႏိုင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။