ပွဲစဉ်တွေကျပ်ညပ်နေအောင် လုပ်ထားတဲ့ တာဝန်ရှိသူတွေကို ဂွါဒီယိုလာ တင်းနေပြီ

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်တွင်းပြိုင်ပွဲတွေကို ပြန်လည်စတင်ဖို့ ပွဲစဉ်ဇယား ရေးဆွဲထားတဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နဲ့ သက်ဆိုင်ရာ

တာဝန်ရှိသူတွေကို မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို သမားရိုးကျ ပုံစံမျိုး မဟုတ် ဘဲ ဆောင်းရာသီမှာ

ကျင်းပတဲ့အတွက် ကလပ်အသင်း ကစားသမားတွေ ဟာ ၂၀၂၂-၂၃ ဘောလုံးရာသီရဲ့ ရှေ့ပိုင်းကာလကို တက်သုတ်ရိုက် ကစား ခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၂ ကာတာ

ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဒီဇင်ဘာ ၁၈ ရက် နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး အဲဒီနောက် ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာ ဒီဇင်ဘာ ၂၆ ရက်မှာ ဘောက်ဆင်ဒေးအဖြစ်

ပြန်လည်အသက်ဝင်လာစေဖို့ ပွဲစဉ် ဇယား ရေးဆွဲထားပါတယ်။ ဒါ့အပြင် ခါရာဘောင်ဖလားရဲ့ နောက်တစ်ဆင့် ယှဉ်ပြိုင်မှုကိုလည်း အဲဒီရက်ပိုင်း အတွင်းမှာပဲ ယှဉ်ပြိုင်ကစားဖို့

ရေးဆွဲထား တာကြောင့် ပွဲကျပ်တွေများလွန်းပြီး ရူးသွားလောက်တယ်လို့ ဂွါဒီယိုလာက မှတ်ချက်ပြုခဲ့ပါတယ်။ ‘’နည်းနည်းလေးတော့ အဓိပ္ပါယ်မရှိဘူးဗျာ။ ကျွန်တော်

ဘာပြောနိုင်မှာလဲ။ ခင်ဗျားတို့ ပြောနေတဲ့ စကားအတိုင်းပဲ အားလုံးက သဘောတူကြတာပဲလေ။ ခင်ဗျားတို့လည်း လိုက်လုပ်ကြပေါ့။ အရင်တုန်းကတော့ ကျွန်တော်

ဒါကို လက်ခံခဲ့တာပါပဲ။ ဂျာမနီမှာဆိုရင် ဇန်နဝါရီ ၂၀ ကျ မှ ပွဲတွေ ပြန်စတာ။ ကမ္ဘာ့ဖလားအပြီး ပြန်စမယ့်ပွဲစဉ်က ဒီဇင်ဘာ ၂၆ ရက်တဲ့။ စပါးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲကို

ဘယ်လိုမျိုး ပွဲစဉ်ဇယား ရေးဆွဲထားသလဲဆို တာ ကျွန်တော် မသိပါဘူး။ ဒါကတော့ ရှိစေတော့ဗျာ။ အဲဒီအကြောင်း မတွေး တာက ပိုကောင်းတယ်။ မနက်ဖြန်

ကစားမယ့်ပွဲကို အနိုင်ရဖို့ ကြိုးစားပြီး အဲဒါ က အကောင်းဆုံး နည်းလမ်းပဲ ဖြစ်လိမ့်မယ်။ ဘာမှ အတိုင်အတောတွေ ထူ မနေနဲ့တော့။ ဆက်သာ လုပ်ကြ’’ လို့ ဂွါဒီယိုလာက

ပြောဆိုခဲ့ပါတယ်။ ဒါ့အ ပြင် အင်္ဂလန်နိုင်ငံရဲ့ ပွဲစဉ်ဇယားရေးဆွဲထားမှုဟာ ကစားသမားတွေအ တွက်တော့ များပြားလွန်းတဲ့ ပွဲစဉ်ပမာဏဖြစ်နေပြီး

ရူးသွားလောက်တယ်လို့ ဂွါဒီယိုလာက တစ်ဆက်တည်းမှာ ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ပြဲစဥ္ေတြက်ပ္ညပ္ေနေအာင္ လုပ္ထားတဲ့ တာဝန္ရွိသူေတြကို ဂြါဒီယိုလာ တင္းေနၿပီ

ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ရက္ပိုင္းအတြင္းမွာပဲ ျပည္တြင္းၿပိဳင္ပြဲေတြကို ျပန္လည္စတင္ဖို႔ ပြဲစဥ္ဇယား ေရးဆြဲထားတဲ့ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔

သက္ဆိုင္ရာ တာဝန္ရွိသူေတြကို မန္စီးတီးနည္းျပ ဂြါဒီယိုလာက ျပစ္တင္ေ၀ ဖန္လိုက္ပါတယ္။ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲကို သမား႐ိုးက် ပုံစံမ်ိဳး မဟုတ္ ဘဲ

ေဆာင္းရာသီမွာ က်င္းပတဲ့အတြက္ ကလပ္အသင္း ကစားသမားေတြ ဟာ ၂၀၂၂-၂၃ ေဘာလုံးရာသီရဲ႕ ေရွ႕ပိုင္းကာလကို တက္သုတ္႐ိုက္

ကစား ခဲ့ရတာျဖစ္ပါတယ္။ ၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ဒီဇင္ဘာ ၁၈ ရက္ ေန႔မွာ ၿပီးဆုံးမွာျဖစ္ၿပီး အဲဒီေနာက္ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြဟာ ဒီဇင္ဘာ ၂၆ ရက္မွာ

ေဘာက္ဆင္ေဒးအျဖစ္ ျပန္လည္အသက္ဝင္လာေစဖို႔ ပြဲစဥ္ ဇယား ေရးဆြဲထားပါတယ္။ ဒါ့အျပင္ ခါရာေဘာင္ဖလားရဲ႕ ေနာက္တစ္ဆင့္ ယွဥ္ၿပိဳင္မႈကိုလည္း

အဲဒီရက္ပိုင္း အတြင္းမွာပဲ ယွဥ္ၿပိဳင္ကစားဖို႔ ေရးဆြဲထား တာေၾကာင့္ ပြဲက်ပ္ေတြမ်ားလြန္းၿပီး ႐ူးသြားေလာက္တယ္လို႔ ဂြါဒီယိုလာက မွတ္ခ်က္ျပဳခဲ့ပါတယ္။

‘’နည္းနည္းေလးေတာ့ အဓိပၸါယ္မရွိဘူးဗ်ာ။ ကြၽန္ေတာ္ ဘာေျပာႏိုင္မွာလဲ။ ခင္ဗ်ားတို႔ ေျပာေနတဲ့ စကားအတိုင္းပဲ အားလုံးက သ ေဘာတူၾကတာပဲေလ။

ခင္ဗ်ားတို႔လည္း လိုက္လုပ္ၾကေပါ့။ အရင္တုန္းက ေတာ့ ကြၽန္ေတာ္ ဒါကို လက္ခံခဲ့တာပါပဲ။ ဂ်ာမနီမွာဆိုရင္ ဇန္နဝါရီ ၂၀ က် မွ ပြဲေတြ ျပန္စတာ။

ကမာၻ႔ဖလားအၿပီး ျပန္စမယ့္ပြဲစဥ္က ဒီဇင္ဘာ ၂၆ ရက္တဲ့။ စပါးနဲ႔ အာဆင္နယ္တို႔ရဲ႕ ပြဲကို ဘယ္လိုမ်ိဳး ပြဲစဥ္ဇယား ေရးဆြဲထားသလဲဆို တာ ကြၽန္ေတာ္ မသိပါဘူး။

ဒါကေတာ့ ရွိေစေတာ့ဗ်ာ။ အဲဒီအေၾကာင္း မေတြး တာက ပိုေကာင္းတယ္။ မနက္ျဖန္ ကစားမယ့္ပြဲကို အႏိုင္ရဖို႔ ႀကိဳးစားၿပီး အဲဒါ က အေကာင္းဆုံး

နည္းလမ္းပဲ ျဖစ္လိမ့္မယ္။ ဘာမွ အတိုင္အေတာေတြ ထူ မေနနဲ႔ေတာ့။ ဆက္သာ လုပ္ၾက’’ လို႔ ဂြါဒီယိုလာက ေျပာဆိုခဲ့ပါတယ္။ ဒါ့အ ျပင္ အဂၤလန္ႏိုင္ငံရဲ႕

ပြဲစဥ္ဇယားေရးဆြဲထားမႈဟာ ကစားသမားေတြအ တြက္ေတာ့ မ်ားျပားလြန္းတဲ့ ပြဲစဥ္ပမာဏျဖစ္ေနၿပီး ႐ူးသြားေလာက္တယ္လို႔ ဂြါဒီယိုလာက တစ္ဆက္တည္းမွာ ေျပာဆိုသြားခဲ့ပါတယ္။