ပွဲကြည့်စင်မှာ ဒီဂျေစတိတ်စင်တစ်ခု နေရာပေးလိုက်တဲ့မန်စီးတီးကို ပြိုင်ဘက် ပရိသတ်တွေ လှောင်ပြောင်

အီတီဟတ်ကွင်းရဲ့ တောင်ဘက်ပွဲကြည့်စင်ပေါ်မှာ ဒီဂျေစတိတ်စင်တစ်ခု နေရာပေးထည့်သွင်းလိုက်တဲ့ မန်စီးတီးအသင်းကတော့ ပြိုင်ဘက်အသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံနေရပြီဖြစ်ပါတယ်။ ရွှေပွဲလာ ပရိသတ် တွေကို

ဖျော်ဖြေဖိုနဲ့ ပွဲရဲ့ အရှိန်အဟုန်ကို ကြွရွလာစေဖိုအတွက် ရည်ရွယ်ပြီး မန်စီးတီးက အခုလို ဒီဂျေ ဖျော်ဖြေရေး စတိတ်စင်တစ်ခုကို ကွင်းအတွင်းမှာ နေရာပေး ထည့်သွင်းလိုက်တာပါ။ မန်စီးတီးဟာ အခုလိုမျိုး ဒီဂျေနဲ့

ဖျော်ဖြေ ရေးအစီအစဉ်တွေကို ချန်ပီယံလိဂ် ညချမ်းတွေ အပါအဝင် ပွဲကြီးပွဲကောင်း မျိုးတွေမှာ လုပ်ဆောင်လေ့ရှိပြီး ပွဲမတိုင်ခင် ကွင်းပြင်ပမှာ ပရိသတ်တွေကို အထူးအစီ အစဉ်တစ်ရပ်အနေနဲ့ ဖျော်ဖြေမှုတွေ လုပ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ တောင်ဘက်ပွဲကြည့်စင်မှာရှိတဲ့ အတွင်းခန်း နေရာ တစ်ခုကို ပြန်လည်ပြင်ဆင်မွမ်းမံပြီး ဒီဂျေဖျော်ဖြေရေးကဏ္ဍအတွက် နေရာ ပေးခဲ့တာဖြစ်ပါတယ်။ ပွဲမတိုင်ခင်မှာ ပြည်တွင်းက ဒီဂျေသမားတွေဟာ

မန် စီးတီးအသင်းကို လာရောက်ဖျော်ဖြေတင်ဆက်မှုတွေ ပြုလုပ်မှာဖြစ်ပြီး ပရိ သတ်တွေကို မြူးကြွတဲ့ တေးဂီတတွေနဲ့ လှုဆော်ပေးဖို ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေဟာ သူတိုနှစ်သက်တဲ့ ဒီဂျေသမားကို လည်း

စာရင်းပေး ရွေးချယ်နိုင်တဲ့ အခွင့်အလမ်းတွေလည်း ဖန်တီးပေးဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီးရဲ့ လုပ်ရပ်ကို ပရီးမီးယားလိဂ် ပြိုင်ဘက် ၁၉ သင်း ပရိသတ်တွေကတော့ လှောင်ပြောင်နေကြပါပြီ။ ‘’ဦးနှောက်မရှိလိုက် တာဗျာ။

ငွေပေါနေတဲ့ အဘိုးကြီးတွေကတော့ လူတွေကို ကောင်းနိုးရာရာ တွေ ပေးနိုင်ဖိုအတွက် သူတို တတ်သလောက် မှတ်သလောက်တော့ လုပ် ကြမှာပဲ’’ လို ပရိသတ်တစ်ယောက်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

နောက်တစ်ယောက်ကလည်း ‘’ဒီဂျေက ပရိသတ်တွေ မလုပ်နိုင်တဲ့ ဆူညံသံ မျိုးကို လုပ်နိုင်တယ်လို ဆိုလိုတာမျိုးလား’’ ဆိုပြီး တွစ်တာမှာ ရေးသားပါ တယ်။ ဒီလုပ်ရပ်အပေါ် မန်စီးတီး အမာခံပရိသတ်တချိုကလည်း လှိက်လှိက် လှဲလှဲ ကျေနပ်အားရနေတာမျိုး မရှိဘူးလို သိရပါတယ်။

(zawgyi)

အီတီဟတ္ကြင္းရဲ႕ ေတာင္ဘက္ပြဲၾကည့္စင္ေပၚမွာ ဒီေဂ်စတိတ္စင္တစ္ခု ေနရာေပးထည့္သြင္းလိုက္တဲ့ မန္စီးတီးအသင္းကေတာ့ ၿပိဳင္ဘက္အသင္း ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈကို ခံေနရၿပီျဖစ္ပါတယ္။

ေ႐ႊပြဲလာ ပရိသတ္ ေတြကို ေဖ်ာ္ေျဖဖိုနဲ႔ ပြဲရဲ႕ အရွိန္အဟုန္ကို ႂကြ႐ြလာေစဖိုအတြက္ ရည္႐ြယ္ၿပီး မန္စီးတီးက အခုလို ဒီေဂ် ေဖ်ာ္ေျဖေရး စတိတ္စင္တစ္ခုကို ကြင္းအတြင္းမွာ ေနရာေပး

ထည့္သြင္းလိုက္တာပါ။ မန္စီးတီးဟာ အခုလိုမ်ိဳး ဒီေဂ်နဲ႔ ေဖ်ာ္ေျဖ ေရးအစီအစဥ္ေတြကို ခ်န္ပီယံလိဂ္ ညခ်မ္းေတြ အပါအဝင္ ပြဲႀကီးပြဲေကာင္း မ်ိဳးေတြမွာ လုပ္ေဆာင္ေလ့ရွိၿပီး ပြဲမတိုင္ခင္ ကြင္းျပင္ပမွာ

ပရိသတ္ေတြကို အထူးအစီ အစဥ္တစ္ရပ္အေနနဲ႔ ေဖ်ာ္ေျဖမႈေတြ လုပ္ခဲ့ဖူးပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ ေတာင္ဘက္ပြဲၾကည့္စင္မွာရွိတဲ့ အတြင္းခန္း ေနရာ တစ္ခုကို ျပန္လည္ျပင္ဆင္မြမ္းမံၿပီး

ဒီေဂ်ေဖ်ာ္ေျဖေရးက႑အတြက္ ေနရာ ေပးခဲ့တာျဖစ္ပါတယ္။ ပြဲမတိုင္ခင္မွာ ျပည္တြင္းက ဒီေဂ်သမားေတြဟာ မန္ စီးတီးအသင္းကို လာေရာက္ေဖ်ာ္ေျဖတင္ဆက္မႈေတြ ျပဳလုပ္မွာျဖစ္ၿပီး

ပရိ သတ္ေတြကို ျမဴးႂကြတဲ့ ေတးဂီတေတြနဲ႔ လႈေဆာ္ေပးဖို ရည္႐ြယ္တာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ပရိသတ္ေတြဟာ သူတိုႏွစ္သက္တဲ့ ဒီေဂ်သမားကို လည္း စာရင္းေပး ေ႐ြးခ်ယ္ႏိုင္တဲ့ အခြင့္အလမ္းေတြလည္း

ဖန္တီးေပးဦးမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ မန္စီးတီးရဲ႕ လုပ္ရပ္ကို ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ ၁၉ သင္း ပရိသတ္ေတြကေတာ့ ေလွာင္ေျပာင္ေနၾကပါၿပီ။ ‘’ဦးေႏွာက္မရွိလိုက္ တာဗ်ာ။ ေငြေပါေနတဲ့

အဘိုးႀကီးေတြကေတာ့ လူေတြကို ေကာင္းႏိုးရာရာ ေတြ ေပးႏိုင္ဖိုအတြက္ သူတို တတ္သေလာက္ မွတ္သေလာက္ေတာ့ လုပ္ ၾကမွာပဲ’’ လို ပရိသတ္တစ္ေယာက္က တြစ္တာမွာ ေရးသားခဲ့ပါတယ္။

ေနာက္တစ္ေယာက္ကလည္း ‘’ဒီေဂ်က ပရိသတ္ေတြ မလုပ္ႏိုင္တဲ့ ဆူညံသံ မ်ိဳးကို လုပ္ႏိုင္တယ္လို ဆိုလိုတာမ်ိဳးလား’’ ဆိုၿပီး တြစ္တာမွာ ေရးသားပါ တယ္။ ဒီလုပ္ရပ္အေပၚ မန္စီးတီး အမာခံပရိသတ္တခ်ိဳကလည္း လွိက္လွိက္ လွဲလွဲ ေက်နပ္အားရေနတာမ်ိဳး မရွိဘူးလို သိရပါတယ္။