ပွဲကျပ်အများစုနဲ့ ရင်ဆိုင်ရမယ့် အဲဗာတန်အတွက် တန်းဆင်းခေါင်းလောင်းသံက တကယ့်ဒိန်းဂျားဖြစ်လာ

အဲဗာတန်ဟာ ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်နိုင်ရေးအတွက်

လက်ကျန်ပွဲတွေမှာ အမှတ်ထပ်လျော့လို့မရတော့ပေမယ့်
ရာသီမကုန်ခင် ရင်ဆိုင်ရမယ့်ပွဲတွေက တကယ့်ကိုကြမ်းတမ်းခက်ထန်လာနိုင်ပါတယ်။
နည်းပြလမ်းပတ်နဲ့ အဲဗာတန်တို့အတွက်တော့
Do or Die ဖြစ်ပြီး ဝက်စ်ဟမ်းကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက်
ယခုအခါ တန်းဆင်းဇုန်နဲ့ ၃ မှတ်အကွာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေရပါတယ်။

အဲဗာတန်ဟာ လက်ကျန် ၁၀ပွဲကစားရဖို့ ကျန်နေသေးပြီး
ဗုဒ္ဓဟူးနေ့မှာ တန်းမဆင်းရရေး အဓိကပြိုင်ဘက်
ဘန်လေနဲ့ အရင်ဆုံးရင်ဆိုင်ရမှာဖြစ်ပါတယ်။
အဲဒီပွဲပြီးရင် အဲဗာတန်ဟာ ၉ ရက်နေ့မှာ ယူနိုက်တက်ကို
ဧည့်ခံရမှာဖြစ်ပြီး အဲဒီနောက် ယခုလ ၂၁ ရက်နေ့မှာ

လက်စတာကို ထပ်မံဧည့်ခံကစားရမှာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းလည်း ပွဲကျပ်တွေနဲ့ တောက်လျှောက်ရင်ဆိုင်ရမှာဖြစ်ပြီး
လီဗာပူး(အဝေး)၊ ချဲလ်ဆီး(အိမ်)၊ လက်စတာ(အဝေး)၊
ဘရန့်ဖို့ဒ်(အိမ်)၊ အာဆင်နယ်(အဝေး)တို့နဲ့ တောက်လျှောက်ကစားရမှာပါ။။
သူတို့ဟာ ကြားထဲမှာ ပဲလေ့စ်(အိမ်)၊ ဝက်ဖို့ဒ်(အဝေး)တို့နဲ့လည်း

ကစားရဖို့ရှိသေးပေမယ့် ဘယ်နေ့ကစားရမလဲဆိုတာ ပွဲစဉ်ဇယားမထွက်သေးပါဘူး။
နည်းပြလမ်းပတ်ကလည်း ယနေ့ညမှာ ဝက်စ်ဟမ်းကို
၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် အဲဗာတန်နည်းပြဘဝ
၁၁ပွဲမှာ ၇ပွဲအထိ ရှုံးနိမ့်ခဲ့ရပါတယ်။

Zawgyi

ပြဲက်ပ္အမ်ားစုနဲ႔ ရင္ဆုိင္ရမယ့္ အဲဗာတန္အတြက္ တန္းဆင္းေခါင္းေလာင္းသံက တကယ့္ဒိန္းဂ်ားျဖစ္လာ
အဲဗာတန္ဟာ ပရီးမီးယားလိဂ္မွာ ဆက္လက္ရွင္သန္ႏိုင္ေရးအတြက္
လက္က်န္ပဲြေတြမွာ အမွတ္ထပ္ေလ်ာ့လုိ႔မရေတာ့ေပမယ့္

ရာသီမကုန္ခင္ ရင္ဆုိင္ရမယ့္ပြဲေတြက တကယ့္ကိုၾကမ္းတမ္းခက္ထန္လာနိုင္ပါတယ္။
နည္းျပလမ္းပတ္နဲ႔ အဲဗာတန္တုိ႔အတြက္ေတာ့
Do or Die ျဖစ္ၿပီး ၀က္စ္ဟမ္းကို ၂-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရၿပီးေနာက္
ယခုအခါ တန္းဆင္းဇုန္နဲ႔ ၃ မွတ္အကြာ အဆင့္ ၁၇ ေနရာမွာ ရပ္တည္ေနရပါတယ္။
အဲဗာတန္ဟာ လက္က်န္ ၁၀ပြဲကစားရဖို႔ က်န္ေနေသးၿပီး

ဗုဒၶဟူးေန႔မွာ တန္းမဆင္းရေရး အဓိကၿပိဳင္ဘက္
ဘန္ေလနဲ႔ အရင္ဆုံးရင္ဆုိင္ရမွာျဖစ္ပါတယ္။
အဲဒီပြဲၿပီးရင္ အဲဗာတန္ဟာ ၉ ရက္ေန႔မွာ ယူႏုိက္တက္ကို
ဧည့္ခံရမွာျဖစ္ၿပီး အဲဒီေနာက္ ယခုလ ၂၁ ရက္ေန႔မွာ
လက္စတာကို ထပ္မံဧည့္ခံကစားရမွာျဖစ္ပါတယ္။

အဲဒီေနာက္ပိုင္းလည္း ပြဲက်ပ္ေတြနဲ႔ ေတာက္ေလွ်ာက္ရင္ဆုိင္ရမွာျဖစ္ၿပီး
လီဗာပူး(အေ၀း)၊ ခ်ဲလ္ဆီး(အိမ္)၊ လက္စတာ(အေ၀း)၊
ဘရန္႔ဖုိ႔ဒ္(အိမ္)၊ အာဆင္နယ္(အေ၀း)တို႔နဲ႔ ေတာက္ေလွ်ာက္ကစားရမွာပါ။။
သူတို႔ဟာ ၾကားထဲမွာ ပဲေလ့စ္(အိမ္)၊ ၀က္ဖို႔ဒ္(အေ၀း)တို႔နဲ႔လည္း
ကစားရဖို႔ရွိေသးေပမယ့္ ဘယ္ေန႔ကစားရမလဲဆုိတာ ပြဲစဥ္ဇယားမထြက္ေသးပါဘူး။

နည္းျပလမ္းပတ္ကလည္း ယေန႔ညမွာ ၀က္စ္ဟမ္းကို
၂-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရၿပီးေနာက္ အဲဗာတန္နည္းျပဘ၀
၁၁ပြဲမွာ ၇ပြဲအထိ ရံႈးနိမ့္ခဲ့ရပါတယ္။