ပွဲကစားအပြီးမှာ ပရိသတ်တွေနဲ့ကစားသမားအကြား ဆွဲလားရမ်းလားနဲ့ ရှိုးပဲ့သွားခဲ့တဲ့ အက်သလက်တီကို

အိမ်ကွင်းမှာ ဗီလာရီးရဲလ်ကို ၂-၀ နဲ့ ဒူးထောက်ခဲ့ရပြီး ဒီရာသီအတွက် အရှုံးဆိုတဲ့ အရသာကို ပထမဆုံး စတင်မြည်းစမ်းခဲ့ရတဲ့အတွက်ကြောင့် အက်သလက်တီကိုနောက်ခံလူ မာရီယိုဟာမိုဆိုတစ်ယောက် ဒေါသအမျက် ပွင့်ပေါက်ထွက်ပြီး

ကိုယ့်ပရိသတ်တွေကို ထိုးမယ်ကြိတ်မယ်လုပ်ခဲ့လို့ မနည်းကို ဝိုင်းဆွဲခဲ့ရပါတယ်။ ဒါ့အပြင် ပရိသတ်တွေကို ရန်လိုတဲ့ အပြုအမူနဲ့ ဆက်ဆံခဲ့တဲ့ ဟာမိုဆိုရဲ့ ဗီဒီယို ရုပ်သံမှတ်တမ်းကလည်း ချက်ချင်းဆိုသလို လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီး

အိမ်ရှင်ပရိသတ်တွေရဲ့ ဝေဖန်သံတွေကို ဆူညံစေခဲ့ပါတယ်။ နည်းပြဆီမြွန်နီရဲ့အသင်းဟာ အဆိုပါပွဲစဉ် ပထမပိုင်းမှာ ပေးဂိုး မရှိအောင်ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ယာရီမီပင်နိုနဲ့ ဂျရတ် မိုရီနို တို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုပေးခဲ့ရတာကြောင့်

ပွဲအပြီးမှာ ရှုံံးပွဲကြုံခဲ့ရတာပါ။ ပွဲ ပြီးခါနီး နောက်ခံလူမိုလီနာ အနီကတ်နဲ့ အထုတ်ခံခဲ့ရတာကြောင့် ပွဲဆူခဲ့ပေ မယ့် တကယ်ဆိုးရွားတဲ့ အဖြစ်အပျက်တွေကတော့ ပွဲပြီးမှ ဖြစ်ပျက်ခဲ့တာပါ။ ပွဲအပြီးမှာ မပြန်သေးဘဲ ပွဲကြည့်စင်ပေါ်မှာပဲ ဆက်ရှိနေပြီး

မကျေနပ်မှုတွေနဲ့ အတူ အော်ဟစ်ပြောဆိုနေတဲ့ ပရိသတ်တချို့ကြောင့် ဟာမိုဆိုဟာ ဒေါသ စိတ်ကို မထိန်းနိုင်တော့ဘဲ အသင်းဖော်တွေ၊ အသင်းဝန်ထမ်းတွေနဲ့ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေ တားဆီးနေတဲ့ကြားကပဲ ပွဲကြည့်စင်ပေါ်တက်ဖို့ ကြိုးစားခဲ့ပြီး

ရုပ်ပျက်ဆင်းပျက်ကို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အားလုံးက အချိန်မီ ဝိုင်းဝန်းထိန်းသိမ်းနိုင်ခဲ့တာကြောင့် ပရိသတ်တွေနဲ့ ထိပ်တိုက်တွေ့မှုမျိုး မဖြစ်ပွားခဲ့တာပါ။ ဟာမိုဆိုဟာ အက်သလက်တီကိုအသင်းကို ၂၀၁၉ ခုနှစ်မှာ ရောက်ရှိလာခဲ့သူဖြစ်ပြီး

၉၅ ပွဲ ပါ ဝင်ကစားပေးထားခဲ့ပါတယ်။ လာလီဂါပွဲစဉ် -၂ မှာတင် ပထမဆုံး ရှုံးပွဲကို စတင်ကြုံတွေ့ခဲ့ရတဲ့ အက်သလက်တီကိုအသင်းဟာ လာမယ့်တစ်ပတ်မှာ တော့ အိမ်ကွင်းကစားအားကောင်းမွန်တဲ့ ဗလန်စီယာနဲ့ အဝေးကွင်းပွဲစဉ် သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

(zawgyi)

အိမ္ကြင္းမွာ ဗီလာရီးရဲလ္ကို ၂-၀ နဲ႔ ဒူးေထာက္ခဲ့ရၿပီး ဒီရာသီအတြက္ အရႈံးဆိုတဲ့ အရသာကို ပထမဆုံး စတင္ျမည္းစမ္းခဲ့ရတဲ့အတြက္ေၾကာင့္ အက္သလက္တီကိုေနာက္ခံလူ မာရီယိုဟာမိုဆိုတစ္ေယာက္ ေဒါသအမ်က္ ပြင့္ေပါက္ထြက္ၿပီး

ကိုယ့္ပရိသတ္ေတြကို ထိုးမယ္ႀကိတ္မယ္လုပ္ခဲ့လို႔ မနည္းကို ဝိုင္းဆြဲခဲ့ရပါတယ္။ ဒါ့အျပင္ ပရိသတ္ေတြကို ရန္လိုတဲ့ အျပဳအမူနဲ႔ ဆက္ဆံခဲ့တဲ့ ဟာမိုဆိုရဲ႕ ဗီဒီယို ႐ုပ္သံမွတ္တမ္းကလည္း ခ်က္ခ်င္းဆိုသလို လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး

အိမ္ရွင္ပရိသတ္ေတြရဲ႕ ေဝဖန္သံေတြကို ဆူညံေစခဲ့ပါတယ္။ နည္းျပဆီႁမြန္နီရဲ႕အသင္းဟာ အဆိုပါပြဲစဥ္ ပထမပိုင္းမွာ ေပးဂိုး မရွိေအာင္ကစားႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ယာရီမီပင္ႏိုနဲ႔ ဂ်ရတ္ မိုရီႏို တို႔ရဲ႕ သြင္းဂိုးေတြကို

ခြင့္ျပဳေပးခဲ့ရတာေၾကာင့္ ပြဲအၿပီးမွာ ရႈံံးပြဲႀကဳံခဲ့ရတာပါ။ ပြဲ ၿပီးခါနီး ေနာက္ခံလူမိုလီနာ အနီကတ္နဲ႔ အထုတ္ခံခဲ့ရတာေၾကာင့္ ပြဲဆူခဲ့ေပ မယ့္ တကယ္ဆိုး႐ြားတဲ့ အျဖစ္အပ်က္ေတြကေတာ့ ပြဲၿပီးမွ ျဖစ္ပ်က္ခဲ့တာပါ။

ပြဲအၿပီးမွာ မျပန္ေသးဘဲ ပြဲၾကည့္စင္ေပၚမွာပဲ ဆက္ရွိေနၿပီး မေက်နပ္မႈေတြနဲ႔ အတူ ေအာ္ဟစ္ေျပာဆိုေနတဲ့ ပရိသတ္တခ်ိဳ႕ေၾကာင့္ ဟာမိုဆိုဟာ ေဒါသ စိတ္ကို မထိန္းႏိုင္ေတာ့ဘဲ အသင္းေဖာ္ေတြ၊ အသင္းဝန္ထမ္းေတြနဲ႔

လုံၿခဳံ ေရးတပ္ဖြဲ႕ဝင္ေတြ တားဆီးေနတဲ့ၾကားကပဲ ပြဲၾကည့္စင္ေပၚတက္ဖို႔ ႀကိဳးစားခဲ့ၿပီး ႐ုပ္ပ်က္ဆင္းပ်က္ကို ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ အားလုံးက အခ်ိန္မီ ဝိုင္းဝန္းထိန္းသိမ္းႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြနဲ႔ ထိပ္တိုက္ေတြ႕မႈမ်ိဳး မျဖစ္ပြားခဲ့တာပါ။

ဟာမိုဆိုဟာ အက္သလက္တီကိုအသင္းကို ၂၀၁၉ ခုႏွစ္မွာ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး ၉၅ ပြဲ ပါ ဝင္ကစားေပးထားခဲ့ပါတယ္။ လာလီဂါပြဲစဥ္ -၂ မွာတင္ ပထမဆုံး ရႈံးပြဲကို စတင္ႀကဳံေတြ႕ခဲ့ရတဲ့ အက္သလက္တီကိုအသင္းဟာ လာမယ့္တစ္ပတ္မွာ ေတာ့ အိမ္ကြင္းကစားအားေကာင္းမြန္တဲ့ ဗလန္စီယာနဲ႔ အေဝးကြင္းပြဲစဥ္ သြားေရာက္ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။