ပွဲကစားချိန်ပိုရစေမယ် ဆိုတဲ့ဂတိစကားကို မတည်လို့ ဆိုးလ်ရှားကို မကျေနပ်ကြတဲ့ သရဲနီတပ်သား ၈ ဦး

ဒီနှစ်ဘောလုံးရာသီမှာ ပွဲကစားချိန်ပိုရစေမယ် ဆိုတဲ့ဂတိစကားကို

ချိုးဖျက်နေတဲ့ နည်းပြဆိုလ်းရှားကို ယူနိုက်တက် ကစားသမားတွေက

ဒေါသထွက်နေကြပါတယ်။သူ့ရဲ့ ပွဲထွက်ခွင့် စီမံခန့်ခွဲမှုတွေအပေါ် မကြေနပ်ြကြတဲ့

ကစားသမားတွေဟာ အခုဆိုရင် ၈ ဦးအထိ ရှိလာပါပြီ။

ယူနိုက်တက်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ

ရလဒ်ပိုင်းတွေက အားရစရာမရှိခဲ့သလို အဆင့် ၆ နေရာမှာရောက်ရှိနေပါတယ်။

နည်းပြ ဆိုးလ်ရှားအနေနဲ့လည်း ဖိအားတွေနဲ့ရင်ဆိုင်နေရသလို

သူ့ရဲ့ ပွဲထွက် ကစားသမားစာရင်းဟာလည်း ပရိသတ်တွေ သဘောမကျ ဖြစ်နေခဲ့ပါတယ်။

အထူးသဖြင့် ခြေစွမ်းမငြိမ်တဲ့ ဖရက်နဲ့ တိုမီနေးတို့အတွဲကို

ဆက်ပြီး ပွဲထွက်နေတာကြောင့်လည်း ပရိသတ်တွေနဲ့ ဆိုးလ်ရှားရဲ့

နည်းလည်မှု တည်ဆောက်နိုင်ရေးဟာ တဖြေးဖြေးဝေးလာပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတွေတုန်းက ဂလေဇာနဲ့ အက်ဝက်ဝုဒ်တို့ကို

ဆန့်ကျင်ဆန္ဒပြနေကြတဲ့ ယူနိုက်တက်ပရိသတ်တွေဟာ အခုဆိုရင်

ဆိုးလ်ရှားကိုပါ အသင်းကနေ ထွက်သွားဖို့ဆန္ဒရှိနေကြပါပြီ။

EPSN သတင်းဌာနရဲ့ဖော်ပြချက်မှာလည်း ပွဲကစားခွင့်မရကြတဲ့

ယူနိုက်တက် ကစားသမားအချို့အနေနဲ့ သူတို့ရဲ့ အခြေအနေကို

စိတ်ပျက်နေကြတယ်လို့ ဖော်ပြထားပါတယ်။

အဝတ်လဲခန်းအတွင်း အသင်းလိုက်စိတ်ဓါတ်ပိုင်းက

အခြေအနေတွေဟာ စိုးရိမ်စရာအခြေအနေတွေဖြစ်နေပြီး

ဆိုးလ်ရှားအတွက် ဖိအားတဖြည်းဖြည်း ပိုများလာနေပြီလို့ သိရပါတယ်။

ဆိုးလ်ရှားဟာ ဒွန်နီ ဗန်ဒီဘိခ်၊ အန်တိုနီ မာစီယဲလ်၊ ဂျက်ဆီ လင်ဂတ်၊

ဒင်းန် ဟန်ဒါဆန်၊ အဲရစ် ဘိုင်လီ၊ ဒီယိုဂို ဒါလော့၊ ဟွမ် မာတာနဲ့

အဲလက်စ်တဲလက်စ်တို့ကို ဒီနှစ်ဘောလုံးရာသီမှာ ပြီးခဲ့တဲ့

ဘောလုံးရာသီကထက် ပွဲကစားချိန် ပိုမိုရရှိလာစေရမယ်လို့

ကတိပေးထားခဲ့ပေမယ့် ပရီမီးယားလိဂ် (၁၁) ပွဲ ပြီးချိန်အထိ

ပွဲကစားခွင့် က လောက်လောက်လားလားမရရှိကြသေးပါဘူး။

အထူးသဖြင့် ယူနိုက်တက်ပရိသတ်တွေ သဘောကျတဲ့

နယ်သာလန်ကြယ်ပွင့်ကစားသမား ဗန်ဒီဘိခ်ဆိုရင်

ပေါ်တင်ခေါက်ထားခံနေရပြီး ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲချိန်

၁၆ မိနစ်သာ ကစားခွင့်ရထားပါသေးတယ်။ အေဂျက်အသင်းမှာတုန်းက

အသင်းရဲ့အဓိကထွက်ကစားသမားဖြစ်ခဲ့သလို ဘောလွန်းဒီအော်ဆုအတွက်

စကာတင် စာရင်းမှာပါဝင်ခဲ့တဲ့ ကစားသမားတစ်ဦးဟာ (၂)နှစ်အကြာမှာ

ယူနိုက်တက်ရဲ့ အရံခုံမှာ ထိုင်ပြီး အချိန်ကုန်နေရတာကိုမြင်နေရတဲ့

ယူနိုက်တက်ပရိသတ်တွေက အတော်စိတ်ပျက်နေကြပါတယ်။

ဇန်နဝါရီဈေးကွက်မှာ ဗန်ဒီဘိခ် အသင်းပြောင်းမယ့် သတင်းတွေ

ထွက်နေတာကြောင့်လည်း ယူနိုက်တက်ပရိသတ် တစ်ချို့က  ဗန်ဒီဘိခ်

အသင်းပြောင်းရင် ဆိုးလ်ရှားကို ပြင်းပြင်းထန်ထန် ဆန္ဒပြဖို့ စီစဉ်နေကြပါတယ်။

နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူအနေနဲ့ ယူနိုက်တက်မှာ

ပွဲကစားခွင့်မရတာကြောင့် နိုင်ငံအသင်းမှာတောင် ရွေးချယ်မခံရတော့ဘဲ

နိုင်ငံလက်ရွေးစင်နည်းပြ လူးဝစ် ဗန်ဟားလ်ကိုယ်တိုင်ကတောင်

ဗန်ဒီဘိခ်အနေနဲ့ လက်ရွေးစင်အသင်းမှာကစားချင်ရင်

ကလပ်အသင်းမှာ ပွဲကစားခွင့်ရဖို့လိုအပ်ကြောင်း

လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ရပါသေးတယ်။

အသင်းတစ်သင်းမှာ ကစားသမားတွေ ဒဏ်ရာရနေတာ၊

ကြံ့ခိုင်မှုမပြည့်ဝတာတွေဟာ ထူးခြားတဲ့ ကိစ္စတွေမဟုတ်သလို

နည်းပြတစ်ယောက်အနေနဲ့လည်း ဒီဖြစ်ရပ်တွေကြုံလာရင်

ဖြေရှင်းရမယ့်နည်းတွေအတွက် ကြိုတင်ပြင်ဆင်ထားကြရပါတယ်။

ယူနိုက်တက်ရဲ့ ပွဲထွက် စာရင်းက ကစားသမားတွေရဲ့

စွမ်းရည်ကျဆင်းနေချိန်မှာ နည်းပြတစ်ယောက်အနေနဲ့

အရံခုံမှာရှိနေတဲ့ ကစားသမားတွေကို ခဏတောင် ပါဝင်ကစားခွင့်မပေးတဲ့

ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်ကို အသင်းရဲ့စီနီယာကစားသမားတွေက

စိတ်ပျက်နေကြတယ်လို့ ယူနိုက်တက်နဲ့နီးစပ်တဲ့ အတွင်းသတင်းတွေအရ သိရပါတယ်။

လက်စ်တာအသင်းကို ၄-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တုန်းကလည်း

ဒဏ်ရာက သက်သာခါစ အသင်းနဲ့လေ့ကျင့်ရေးအစီအစဉ်ကို

၁ ရက်သာ ပူးပေါင်းပါဝင်ထားခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို

ပွဲချိန်ပြည့် အသုံးပြုသွားခဲ့ပြီး ကြံ့ခိုင်မှုပြည့်ဝနေတဲ့ ဘိုင်လီကို

ဝင်ရောက်ကစားခွင့်မပေးပဲ အရံခုံမှာပဲထိုင်ခိုင်းထားတဲ့

ဆိုးလ်ရှားရဲ့ဆုံးဖြတ်ချက်ဟာ အသင်းရှုံးပွဲကြုံစေတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။

နိုင်ငံပွဲတွေပြီးဆုံးပြီး လာမယ့်စနေနဲ့ပွဲစဉ်အဖြစ် ဝက်ဖို့ဒ်အသင်းနဲ့

ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ယူနိုက်တက်အနေနဲ့ နိုင်ပွဲမရခဲ့ဘူးဆိုရင်တော့

ဆိုးလ်ရှားအနေနဲ့ အထုတ်ခံရဖို့အတွက် လုံလောက်ပြီလိုဆိုနိုင်သလို

သူ့ရဲ့နေရာကိုအစားထိုးဖို့ ယူနိုက်တက်ဘုတ်အဖွဲ့က

ဘရန်ဒန်ရော့ဂျားစ်၊ ဇီဒန်းတို့နဲ့ စီစဉ်နေတယ်လို့ သိရပါတယ်။

zawgyi

ပြဲကစားခ်ိန္ပိုရေစမယ္ ဆိုတဲ့ဂတိစကားကို မတည္လို႔ ဆိုးလ္ရွားကို မေက်နပ္ၾကတဲ့ သရဲနီတပ္သား ၈ ဦး

ဒီႏွစ္ေဘာလုံးရာသီမွာ ပြဲကစားခ်ိန္ပိုရေစမယ္ ဆိုတဲ့ဂတိစကားကို

ခ်ိဳးဖ်က္ေနတဲ့ နည္းျပဆိုလ္းရွားကို ယူႏိုက္တက္ ကစားသမားေတြက

ေဒါသထြက္ေနၾကပါတယ္။သူ႔ရဲ႕ ပြဲထြက္ခြင့္ စီမံခန႔္ခြဲမႈေတြအေပၚ မေၾကနပ္ျၾကတဲ့

ကစားသမားေတြဟာ အခုဆိုရင္ ၈ ဦးအထိ ရွိလာပါၿပီ။

ယူႏိုက္တက္အသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ

ရလဒ္ပိုင္းေတြက အားရစရာမရွိခဲ့သလို အဆင့္ ၆ ေနရာမွာေရာက္ရွိေနပါတယ္။

နည္းျပ ဆိုးလ္ရွားအေနနဲ႔လည္း ဖိအားေတြနဲ႔ရင္ဆိုင္ေနရသလို

သူ႔ရဲ႕ ပြဲထြက္ ကစားသမားစာရင္းဟာလည္း ပရိသတ္ေတြ သေဘာမက် ျဖစ္ေနခဲ့ပါတယ္။

အထူးသျဖင့္ ေျခစြမ္းမၿငိမ္တဲ့ ဖရက္နဲ႔ တိုမီေနးတို႔အတြဲကို

ဆက္ၿပီး ပြဲထြက္ေနတာေၾကာင့္လည္း ပရိသတ္ေတြနဲ႔ ဆိုးလ္ရွားရဲ႕

နည္းလည္မႈ တည္ေဆာက္ႏိုင္ေရးဟာ တေျဖးေျဖးေဝးလာပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီေတြတုန္းက ဂေလဇာနဲ႔ အက္ဝက္ဝုဒ္တို႔ကို

ဆန႔္က်င္ဆႏၵျပေနၾကတဲ့ ယူႏိုက္တက္ပရိသတ္ေတြဟာ အခုဆိုရင္

ဆိုးလ္ရွားကိုပါ အသင္းကေန ထြက္သြားဖို႔ဆႏၵရွိေနၾကပါၿပီ။

EPSN သတင္းဌာနရဲ႕ေဖာ္ျပခ်က္မွာလည္း ပြဲကစားခြင့္မရၾကတဲ့

ယူႏိုက္တက္ ကစားသမားအခ်ိဳ႕အေနနဲ႔ သူတို႔ရဲ႕ အေျခအေနကို

စိတ္ပ်က္ေနၾကတယ္လို႔ ေဖာ္ျပထားပါတယ္။

အဝတ္လဲခန္းအတြင္း အသင္းလိုက္စိတ္ဓါတ္ပိုင္းက

အေျခအေနေတြဟာ စိုးရိမ္စရာအေျခအေနေတြျဖစ္ေနၿပီး

ဆိုးလ္ရွားအတြက္ ဖိအားတျဖည္းျဖည္း ပိုမ်ားလာေနၿပီလို႔ သိရပါတယ္။

ဆိုးလ္ရွားဟာ ဒြန္နီ ဗန္ဒီဘိခ္၊ အန္တိုနီ မာစီယဲလ္၊ ဂ်က္ဆီ လင္ဂတ္၊

ဒင္းန္ ဟန္ဒါဆန္၊ အဲရစ္ ဘိုင္လီ၊ ဒီယိုဂို ဒါေလာ့၊ ဟြမ္ မာတာနဲ႔

အဲလက္စ္တဲလက္စ္တို႔ကို ဒီႏွစ္ေဘာလုံးရာသီမွာ ၿပီးခဲ့တဲ့

ေဘာလုံးရာသီကထက္ ပြဲကစားခ်ိန္ ပိုမိုရရွိလာေစရမယ္လို႔

ကတိေပးထားခဲ့ေပမယ့္ ပရီမီးယားလိဂ္ (၁၁) ပြဲ ၿပီးခ်ိန္အထိ

ပြဲကစားခြင့္ က ေလာက္ေလာက္လားလားမရရွိၾကေသးပါဘူး။

အထူးသျဖင့္ ယူႏိုက္တက္ပရိသတ္ေတြ သေဘာက်တဲ့

နယ္သာလန္ၾကယ္ပြင့္ကစားသမား ဗန္ဒီဘိခ္ဆိုရင္

ေပၚတင္ေခါက္ထားခံေနရၿပီး ဒီႏွစ္ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ပြဲခ်ိန္

၁၆ မိနစ္သာ ကစားခြင့္ရထားပါေသးတယ္။ ေအဂ်က္အသင္းမွာတုန္းက

အသင္းရဲ႕အဓိကထြက္ကစားသမားျဖစ္ခဲ့သလို ေဘာလြန္းဒီေအာ္ဆုအတြက္

စကာတင္ စာရင္းမွာပါဝင္ခဲ့တဲ့ ကစားသမားတစ္ဦးဟာ (၂)ႏွစ္အၾကာမွာ

ယူႏိုက္တက္ရဲ႕ အရံခုံမွာ ထိုင္ၿပီး အခ်ိန္ကုန္ေနရတာကိုျမင္ေနရတဲ့

ယူႏိုက္တက္ပရိသတ္ေတြက အေတာ္စိတ္ပ်က္ေနၾကပါတယ္။

ဇန္နဝါရီေဈးကြက္မွာ ဗန္ဒီဘိခ္ အသင္းေျပာင္းမယ့္ သတင္းေတြ

ထြက္ေနတာေၾကာင့္လည္း ယူႏိုက္တက္ပရိသတ္ တစ္ခ်ိဳ႕က  ဗန္ဒီဘိခ္

အသင္းေျပာင္းရင္ ဆိုးလ္ရွားကို ျပင္းျပင္းထန္ထန္ ဆႏၵျပဖို႔ စီစဥ္ေနၾကပါတယ္။

နယ္သာလန္လက္ေ႐ြးစင္ကြင္းလယ္လူအေနနဲ႔ ယူႏိုက္တက္မွာ

ပြဲကစားခြင့္မရတာေၾကာင့္ ႏိုင္ငံအသင္းမွာေတာင္ ေ႐ြးခ်ယ္မခံရေတာ့ဘဲ

ႏိုင္ငံလက္ေ႐ြးစင္နည္းျပ လူးဝစ္ ဗန္ဟားလ္ကိုယ္တိုင္ကေတာင္

ဗန္ဒီဘိခ္အေနနဲ႔ လက္ေ႐ြးစင္အသင္းမွာကစားခ်င္ရင္

ကလပ္အသင္းမွာ ပြဲကစားခြင့္ရဖို႔လိုအပ္ေၾကာင္း

လူသိရွင္ၾကားထုတ္ေဖာ္ေျပာၾကားခဲ့ရပါေသးတယ္။

အသင္းတစ္သင္းမွာ ကစားသမားေတြ ဒဏ္ရာရေနတာ၊

ႀကံ့ခိုင္မႈမျပည့္ဝတာေတြဟာ ထူးျခားတဲ့ ကိစၥေတြမဟုတ္သလို

နည္းျပတစ္ေယာက္အေနနဲ႔လည္း ဒီျဖစ္ရပ္ေတြႀကဳံလာရင္

ေျဖရွင္းရမယ့္နည္းေတြအတြက္ ႀကိဳတင္ျပင္ဆင္ထားၾကရပါတယ္။

ယူႏိုက္တက္ရဲ႕ ပြဲထြက္ စာရင္းက ကစားသမားေတြရဲ႕

စြမ္းရည္က်ဆင္းေနခ်ိန္မွာ နည္းျပတစ္ေယာက္အေနနဲ႔

အရံခုံမွာရွိေနတဲ့ ကစားသမားေတြကို ခဏေတာင္ ပါဝင္ကစားခြင့္မေပးတဲ့

ဆိုးလ္ရွားရဲ႕ ဆုံးျဖတ္ခ်က္ကို အသင္းရဲ႕စီနီယာကစားသမားေတြက

စိတ္ပ်က္ေနၾကတယ္လို႔ ယူႏိုက္တက္နဲ႔နီးစပ္တဲ့ အတြင္းသတင္းေတြအရ သိရပါတယ္။

လက္စ္တာအသင္းကို ၄-၂ ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္တုန္းကလည္း

ဒဏ္ရာက သက္သာခါစ အသင္းနဲ႔ေလ့က်င့္ေရးအစီအစဥ္ကို

၁ ရက္သာ ပူးေပါင္းပါဝင္ထားခဲ့တဲ့ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကို

ပြဲခ်ိန္ျပည့္ အသုံးျပဳသြားခဲ့ၿပီး ႀကံ့ခိုင္မႈျပည့္ဝေနတဲ့ ဘိုင္လီကို

ဝင္ေရာက္ကစားခြင့္မေပးပဲ အရံခုံမွာပဲထိုင္ခိုင္းထားတဲ့

ဆိုးလ္ရွားရဲ႕ဆုံးျဖတ္ခ်က္ဟာ အသင္းရႈံးပြဲႀကဳံေစတဲ့ ဆုံးျဖတ္ခ်က္တစ္ခုပါပဲ။

ႏိုင္ငံပြဲေတြၿပီးဆုံးၿပီး လာမယ့္စေနနဲ႔ပြဲစဥ္အျဖစ္ ဝက္ဖို႔ဒ္အသင္းနဲ႔

ရင္ဆိုင္ရမယ့္ပြဲစဥ္မွာ ယူႏိုက္တက္အေနနဲ႔ ႏိုင္ပြဲမရခဲ့ဘူးဆိုရင္ေတာ့

ဆိုးလ္ရွားအေနနဲ႔ အထုတ္ခံရဖို႔အတြက္ လုံေလာက္ၿပီလိုဆိုႏိုင္သလို

သူ႔ရဲ႕ေနရာကိုအစားထိုးဖို႔ ယူႏိုက္တက္ဘုတ္အဖြဲ႕က

ဘရန္ဒန္ေရာ့ဂ်ားစ္၊ ဇီဒန္းတို႔နဲ႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။