
ပဲလေ့စ်နဲ့ကစားခဲ့တဲ့ပွဲချိန် ပထမပိုင်းမှာတော့ ယူနိုက်တက်





အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ တောင်ပံတိုက်စစ်
ကစားသမား အန်တိုနီတို့ကွင်းထဲမှာ အချေအတင်စကား





များခဲ့ကြပါတယ်။ ယူနိုက်တက်ဟာ ဇယားထိပ်ဆုံးက
ဂန်းနားတွေနဲ့မတိုင်ခင်မှာ ၃မှတ်ရဖို့အတွက် ဆဲလ်ဟာ့စ်ပါ့ခ်ကို
ချီတက်ခဲ့ပေမဲ့ သရေနဲ့အဆုံးသတ်ခဲ့တာဖြစ်တယ်။





ဂိုးမရှိသရေကျနေတဲ့ ပွဲချိန် ၂၈ မိနစ်အရောက်မှာတော့
ဖာနန်ဒက်စ်ကလက်ဟန်ပြပြီး အန်တိုနီကိုပွစိပွစိလုပ်ခဲ့သလို





ဘရာဇီးသားကလည်း ပါးစပ်နားမှာလက်ကိုထားရင်း
တုံ့ပြန်သွားခဲ့တာပါ။ ဒါကိုမြင်ခဲ့တဲ့ ပရိသတ်တွေကတော့
ဆိုရှယ်မီဒီယာပေါ်ခုန်တက်လာပါတော့တယ်။





“အန်တိုနီက ဘရူနိုကို ‘Puta’ လို့ဆဲဆိုလိုက်တာလား” လို့
ပရိသတ်တစ်ယောက်က တွစ်တညမှာ မှတ်ချက်ပေးခဲ့ပါတယ်။





ဒုတိယတစ်ယောက်ကတော့ “အန်တိုနီနဲ့ ဘရူနိုဖာနန်ဒက်စ်တို့
ကွင်းထဲမှာတစ်ယောက်ကိုတစ်ယောက် စော်ကားပြောဆို
နေကြတယ်။ မင်းတို့ ဒါကိုကြည့်ရတာကြိုက်မယ်ထင်တယ်” လို့





တုံ့ပြန်ခဲ့သလို တတိယတစ်ယောက်ကတော့ “အန်တိုနီရေ ဘရူနို
ဖာနန်ဒက်စ်နဲ့အငြင်းအခုန်မလုပ်ပါနဲ့ မင်း အဲ့လူကိုရှုံးမှာပဲ” လို့





ရေးသားသွားခဲ့တာဖြစ်တယ်။ သူတို့နှစ်ယောက်ရဲ့ဖြစ်စဉ်မှာ
ဘရူနိုဖာနန်ဒက်စ်ရဲ့စကားလုံးတွေကမသဲကွဲခဲ့ပေမဲ့
အန်တိုနီကတော့ ‘Puta’ လို့ပြောခဲ့ဟန်ရသလို ဒါဟာ အင်္ဂလိပ်





ဝေါဟာရမှာတော့ ဆဲဆိုတဲ့အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။
ပဲလေ့စ်နဲ့ပွဲစဉ်မှာတော့ အန်တိုနီနဲ့ ဘရူနိုတို့ဟာ မိနစ် ၇၀ အထိ





အတူတွဲကစားခဲ့ပြီး မိနစ် ၇၀ အရောက်မှာတော့ နည်းပြ
တန်ဟတ်ဟာ ဘရာဇီးသားကို ဂါနာချိုနဲ့လူစားလဲထိုးခဲ့တာဖြစ်တယ်။
zawgyi





ပြစိပြစိလုပ္ခဲ့တဲ့ အသင္းေခါင္းေဆာင္ဘ႐ူႏိုဖာနန္ဒက္စ္ကို ‘Puta’ လို႔ အန္တိုနီ ျပန္ဆဲခဲ့
ပဲေလ့စ္နဲ႔ကစားခဲ့တဲ့ပြဲခ်ိန္ ပထမပိုင္းမွာေတာ့ ယူႏိုက္တက္





အသင္းေခါင္းေဆာင္ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ ေတာင္ပံတိုက္စစ္
ကစားသမား အန္တိုနီတို႔ကြင္းထဲမွာ အေခ်အတင္စကား
မ်ားခဲ့ၾကပါတယ္။ ယူႏိုက္တက္ဟာ ဇယားထိပ္ဆုံးက





ဂန္းနားေတြနဲ႔မတိုင္ခင္မွာ ၃မွတ္ရဖို႔အတြက္ ဆဲလ္ဟာ့စ္ပါ့ခ္ကို
ခ်ီတက္ခဲ့ေပမဲ့ သေရနဲ႔အဆုံးသတ္ခဲ့တာျဖစ္တယ္။





ဂိုးမရွိသေရက်ေနတဲ့ ပြဲခ်ိန္ ၂၈ မိနစ္အေရာက္မွာေတာ့
ဖာနန္ဒက္စ္ကလက္ဟန္ျပၿပီး အန္တိုနီကိုပြစိပြစိလုပ္ခဲ့သလို
ဘရာဇီးသားကလည္း ပါးစပ္နားမွာလက္ကိုထားရင္း





တုံ႔ျပန္သြားခဲ့တာပါ။ ဒါကိုျမင္ခဲ့တဲ့ ပရိသတ္ေတြကေတာ့
ဆိုရွယ္မီဒီယာေပၚခုန္တက္လာပါေတာ့တယ္။





“အန္တိုနီက ဘ႐ူႏိုကို ‘Puta’ လို႔ဆဲဆိုလိုက္တာလား” လို႔
ပရိသတ္တစ္ေယာက္က တြစ္တညမွာ မွတ္ခ်က္ေပးခဲ့ပါတယ္။
ဒုတိယတစ္ေယာက္ကေတာ့ “အန္တိုနီနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔





ကြင္းထဲမွာတစ္ေယာက္ကိုတစ္ေယာက္ ေစာ္ကားေျပာဆို
ေနၾကတယ္။ မင္းတို႔ ဒါကိုၾကည့္ရတာႀကိဳက္မယ္ထင္တယ္” လို႔





တုံ႔ျပန္ခဲ့သလို တတိယတစ္ေယာက္ကေတာ့ “အန္တိုနီေရ ဘ႐ူႏို
ဖာနန္ဒက္စ္နဲ႔အျငင္းအခုန္မလုပ္ပါနဲ႔ မင္း အဲ့လူကိုရႈံးမွာပဲ” လို႔
ေရးသားသြားခဲ့တာျဖစ္တယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ျဖစ္စဥ္မွာ





ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕စကားလုံးေတြကမသဲကြဲခဲ့ေပမဲ့
အန္တိုနီကေတာ့ ‘Puta’ လို႔ေျပာခဲ့ဟန္ရသလို ဒါဟာ အဂၤလိပ္





ေဝါဟာရမွာေတာ့ ဆဲဆိုတဲ့အသုံးအႏႈန္းတစ္ခုျဖစ္ပါတယ္။
ပဲေလ့စ္နဲ႔ပြဲစဥ္မွာေတာ့ အန္တိုနီနဲ႔ ဘ႐ူႏိုတို႔ဟာ မိနစ္ ၇၀ အထိ
အတူတြဲကစားခဲ့ၿပီး မိနစ္ ၇၀ အေရာက္မွာေတာ့ နည္းျပ





တန္ဟတ္ဟာ ဘရာဇီးသားကို ဂါနာခ်ိဳနဲ႔လူစားလဲထိုးခဲ့တာျဖစ္တယ္။