ပြဿနာတွေရှုပ်နေတဲ့ မန်ယူထက် ချဲလ်ဆီးကိုသာပြောင်းရွှေ့ချင်တယ်လို့ ဒီဂျောင်ဖွင့်ဟ

ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်ဟာ မန်ယူထက် ချဲလ်ဆီးကိုသာပြောင်းရွှေ့ချင်ကြောင်း အသင်းဖော် တွေကိုအဝတ်လဲခန်းအတွင်းပြောခဲ့တယ်လို စပိန်သတင်းတွေမှာဖော်ပြနေပါတယ်။

မန်ယူနည်းပြသစ် တန်ဟတ် ဟာ တပည့်ဟောင်းဖြစ်သူကိုခေါ်ယူနိုင်ဖိုကြိုးစားနေချိန်မှာ ဒီဂျောင်က ပထမဆုံးအကြိမ်အဖြစ်သူပြောင်းရွှေ့ချင် တဲ့အသင်းကိုပြောလိုက်တာလည်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့

ဒီဂျောင်ကိုအသင်းမှာဆက်ရှိနေဖို မျှော်လင့်ပေမယ့် ကစားသမားကိုယ်တိုင်ထွက်ခွာချင်တယ်ရင် သူတိုမှာရွေးချယ်စရာမရှိဘူးလိုအတိအလင်းထုတ် ပြန်ထားခဲ့တာပါ။ လက်ရှိမှာဘာစီလိုနာအနေနဲ့ ကစားသမားသစ်တွေဖြစ်တဲ့

လီဝန်ဒေါစကီး၊ ရာဖင်ဟာ၊ ကွန်ဒီ၊ ခရစ္စတင်းဆန်နဲ့ ကပ်ဆီတိုကို စာရင်းသွင်းဖို ကျန်နေတာကြောင့် ဒီဂျောင်သာအသင်းမှာဆက်ရှိဖိုဆုံးမယ်ဆိုရင် လစာလျော့ယူရမယ့်အနေအထားရောက်နေပါတယ်။ ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာကတော့

မန်ယူအသင်းရဲ့ စိတ်ဝင်စားခြင်းခံနေရပေမယ့် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်အနေနဲ့ အသင်းမှာသာဆက်နေဖို ဆန္ဒရှိနေတယ်လို ပြောထားပါတယ်။ မန်ယူအသင်းဟာ ကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူဖိုအတွက် ပြောင်းရွှေ့ကြေး

ပေါင် ၆၃.၅ သန်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အခုချိန်ထိ အပြီးသတ်ခေါ်ယူနိုင်ခြင်းမရှိသေးပါဘူး။

ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာကတော့ ဒီဂျောင်ဟာ အရည်အသွေးပြည့်ဝတဲ့ ကစားသမားကောင်းတစ်ဦးဖြစ်သလို ဘာစီလိုနာ အသင်းမှာသာ ဆက်နေဖို ဆန္ဒရှိနေကြောင်း၊ မိမိတိုဘက်ကလည်း

သူ့ကို အသင်းမှာ ဆက်ရှိနေစေလိုတယ်လို ထုတ်ဖော်ပြောကြားထားပါတယ်။ လက်ရှိမှာ ဒီဂျောင်ကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ မန်ယူအသင်းအပြင် ချဲလ်ဆီးအသင်းလည်း ပါဝင်နေတာပါ။

(zawgyi)






