ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းသစ်ကြောင့် ပရီးမီးယားလိဂ်ကလပ်တွေအပေါ် သက်ရောက်မှု ရှိလာတော့မယ်

ဥရောပနဲ့ ဗြိတိန်တစ်ဝန်း ဖြစ်ပေါ်နေတဲ့ အပူလှိင်းဒဏ်ကြောင့် ဒီတစ်ပတ်ကစပြီး ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းတချိုကို အပြောင်းအလဲ လုပ်လိုက်တဲ့အတွက် လိဒ်ယူနိုက်တက်၊ ဆောက်သမ်တန်၊ နယူးကာဆယ်နဲ့

အခြားသော ပြိုင်ဘက်အသင်းတွေဟာ အကျိုးသက်ရောက်မှုတွေ ရှိလာ တော့မှာ ဖြစ်ပါတယ်။ လိဒ်ဟာ ဆောက်သမ်တန်အိမ်ကွင်းကို စနေနေ့မှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ညနေခင်းပွဲစဉ် ကစားရမှာဖြစ်တဲ့အပြင်

အပူ လှိင်းဒဏ်ကို ခံနေရတဲ့ တောင်ပိုင်းကမ်းရိုးတန်းဒေသမှာ ကစားရမှာဖြစ်လို ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းနဲ့ အကျုံးဝင်နေပါတယ်။ ဒီတစ်ပတ် မိုးလေဝသ ခန့်မှန်းချက်အရ ပွဲကျင်းပချိန်အတွင်း ဆောက်သမ်တန်ရဲ့

အပူချိန်ဟာ ၃၂ ဒီဂရီ ဆဲလ်ဆီးယပ်စ် ရှိနေနိုင်တယ်လို သိရပါတယ်။ ဒီနွေမှာတော့ ဗြိတိန် နိုင်ငံတစ်ဝန်း အပူလှိင်းဒဏ်ကို ခံစားနေရပြီး ကစားသမားတွေ အားလုံး အပေါ် အကျိုးသက်ရောက်မှုရှိစေမယ့် အရေးပါတဲ့

ဆုံးဖြတ်ချက်တချိုကို ပရီးမီးယားလိဂ်က ချမှတ်ဆောင်ရွက်နေရပြီဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန် တောင်ပိုင်းမှာ ကစားကြမယ့် ပွဲစဉ်အားလုံးအတွက် စည်းမျဉ်းတချို ပြောင်း လဲခဲ့ရပြီး ပထမပိုင်းနဲ့ ဒုတိယပိုင်းတိုမှ

ာ ပွဲချိန် မိနစ် ၃၀ ပြီးဆုံးတဲ့အခါတိုင်း ရေသောက် အနားယူချိန် ပြန်လည်သတ်မှတ်ထည့်သွင်းပေးထားပြီးဖြစ်ပါ တယ်။ လာလီဂါပြိုင်ပွဲမှာတော့ ရေသောက် အနားယူချိန်ကို နွေရာသီမှာ

ကစားတဲ့ ပွဲတွေမှာသာ သတ်မှတ်ထည့်သွင်းပေးတာမျိုးရှိပြီး အနားယူချိန်က လည်း ၂ မိနစ်ပဲ ပေးထားခဲ့ပါတယ်။ ပွဲရဲ့ အရှိန်အဟုန်ကို ကျဆင်းစေပြီး အသင်းတွေကိုလည်း ပြန်ပြီးတာစူဖို အပိုထပ်ဆောင်း အခွင့်အရေးမျိုး

ပေးသ လိုဖြစ်တာကြောင့် အခုလို ရေသောက်အနားယူချိန် သတ်မှတ်မှုနဲ့ ပတ် သက်ပြီး ဝေဖန်မှုတွေတော့ ရှိနေပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ရေသောက် အနားယူချိန် ထည့်သွင်းသတ်မှတ်ပေးတာဟာ ယာယီစည်းမျဉ်းမျိုးသာ ဖြစ် တယ်လိုလည်း သိရပါတယ်။

(zawgyi)

ဥေရာပနဲ႔ ၿဗိတိန္တစ္ဝန္း ျဖစ္ေပၚေနတဲ့ အပူလွိင္းဒဏ္ေၾကာင့္ ဒီတစ္ပတ္ကစၿပီး ပရီးမီးယားလိဂ္ရဲ႕ စည္းမ်ဥ္းတခ်ိဳကို အေျပာင္းအလဲ လုပ္လိုက္တဲ့အတြက္ လိဒ္ယူႏိုက္တက္၊ ေဆာက္သမ္တန္၊ နယူးကာဆယ္နဲ႔

အျခားေသာ ၿပိဳင္ဘက္အသင္းေတြဟာ အက်ိဳးသက္ေရာက္မႈေတြ ရွိလာ ေတာ့မွာ ျဖစ္ပါတယ္။ လိဒ္ဟာ ေဆာက္သမ္တန္အိမ္ကြင္းကို စေနေန႔မွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ညေနခင္းပြဲစဥ္ ကစားရမွာျဖစ္တဲ့အျပင္

အပူ လွိင္းဒဏ္ကို ခံေနရတဲ့ ေတာင္ပိုင္းကမ္း႐ိုးတန္းေဒသမွာ ကစားရမွာျဖစ္လို ေျပာင္းလဲလိုက္တဲ့ စည္းမ်ဥ္းနဲ႔ အက်ဳံးဝင္ေနပါတယ္။ ဒီတစ္ပတ္ မိုးေလဝသ ခန႔္မွန္းခ်က္အရ ပြဲက်င္းပခ်ိန္အတြင္း ေဆာက္သမ္တန္ရဲ႕

အပူခ်ိန္ဟာ ၃၂ ဒီဂရီ ဆဲလ္ဆီးယပ္စ္ ရွိေနႏိုင္တယ္လို သိရပါတယ္။ ဒီေႏြမွာေတာ့ ၿဗိတိန္ ႏိုင္ငံတစ္ဝန္း အပူလွိင္းဒဏ္ကို ခံစားေနရၿပီး ကစားသမားေတြ အားလုံး အေပၚ အက်ိဳးသက္ေရာက္မႈရွိေစမယ့္ အေရးပါတဲ့

ဆုံးျဖတ္ခ်က္တခ်ိဳကို ပရီးမီးယားလိဂ္က ခ်မွတ္ေဆာင္႐ြက္ေနရၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ အဂၤလန္ ေတာင္ပိုင္းမွာ ကစားၾကမယ့္ ပြဲစဥ္အားလုံးအတြက္ စည္းမ်ဥ္းတခ်ိဳ ေျပာင္း လဲခဲ့ရၿပီး

ပထမပိုင္းနဲ႔ ဒုတိယပိုင္းတိုမွာ ပြဲခ်ိန္ မိနစ္ ၃၀ ၿပီးဆုံးတဲ့အခါတိုင္း ေရေသာက္ အနားယူခ်ိန္ ျပန္လည္သတ္မွတ္ထည့္သြင္းေပးထားၿပီးျဖစ္ပါ တယ္။ လာလီဂါၿပိဳင္ပြဲမွာေတာ့ ေရေသာက္ အနားယူခ်ိန္ကို

ေႏြရာသီမွာ ကစားတဲ့ ပြဲေတြမွာသာ သတ္မွတ္ထည့္သြင္းေပးတာမ်ိဳးရွိၿပီး အနားယူခ်ိန္က လည္း ၂ မိနစ္ပဲ ေပးထားခဲ့ပါတယ္။ ပြဲရဲ႕ အရွိန္အဟုန္ကို က်ဆင္းေစၿပီး အသင္းေတြကိုလည္း ျပန္ၿပီးတာစူဖို

အပိုထပ္ေဆာင္း အခြင့္အေရးမ်ိဳး ေပးသ လိုျဖစ္တာေၾကာင့္ အခုလို ေရေသာက္အနားယူခ်ိန္ သတ္မွတ္မႈနဲ႔ ပတ္ သက္ၿပီး ေဝဖန္မႈေတြေတာ့ ရွိေနပါတယ္။ ဒါေပမဲ့ အခုလိုမ်ိဳး ေရေသာက္ အနားယူခ်ိန္ ထည့္သြင္းသတ္မွတ္ေပးတာဟာ ယာယီစည္းမ်ဥ္းမ်ိဳးသာ ျဖစ္ တယ္လိုလည္း သိရပါတယ္။