ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကစားခဲ့တဲ့ ၇၅ ပွဲမှာ မန်ချက်စတာကလပ်တွေ ဘယ်လိုရပ်တည်နိုင်ခဲ့ကြလဲ

ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အသေးစိတ် စစ်တမ်းကောက်ယူထားတဲ့ ထုတ်ပြန်ချက်တစ်ခု အရဆိုရင် ပြီးခဲ့တဲ့

ပရီးမီးယားလိဂ် ၇၅ ပွဲမှာ အမှတ်အများဆုံး ရယူနိုင်ခဲ့တဲ့ အသင်းက မန်စီးတီးဖြစ်ပြီး မြို့ခံပြိုင်ဘက်ဖြစ်တဲ့ မန်ယူူကတော့ အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

အခု ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်ဟာ ဆို ရင် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၅ ရက်ကစပြီး ၂၀၂၂ ခုနှစ် အောက် တိုဘာ ၃၁ ရက်နေ့အထိ ကစားခဲ့တဲ့

ပွဲစဉ် ၇၅ ပွဲမှာ မန်စီးတီးက ၁၈၅ မှတ် အထိ ရယူနိုင်ခဲ့ပြီး ထိပ်ဆုံးကနေ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ မြို့ခံပြိုင်ဘက် ကြီး မန်ယူကတော့ ၇၅ ပွဲမှာ ၁၂၉ မှတ်အထိပဲ

ရယူနိုင်ခဲ့တာဖြစ်လို့ အဆင့် ၆ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်နေရာတောင် မရခဲ့တဲ့ အာဆင်နယ်ကတော့

အံ့အားသင့်စရာကောင်း ခဲ့ပြီး ၇၄ ပွဲမှာတင် ၁၄၇ မှတ်အထိ ရယူနိုင်ခဲ့တဲ့အသင်းဖြစ်လို့ မန်စီးတီးပြီးရင် ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်းမှာ အမှတ်အများဆုံး

ရယူနိုင်ခဲ့တဲ့ အသင်းဖြစ်နေပါတယ်။ သူ့နောက်မှာတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့တဲ့ လီဗာပူးက ၇၄ ပွဲ ကစားပြီး ၁၄၆ ရခဲ့တာကြောင့်

ဒုတိယနေရာ က အာဆင်နယ်ထက် တစ်မှတ်ပဲ နည်းခဲ့တာကို တွေ့ရတယ်။ အလားတူပါပဲ။ ၇၄ ပွဲ ကစားခဲ့တဲ့ ချဲလ်ဆီးဟာ လီဗာပူးနောက် အဆင့် ၄ နေရာ

ရခဲ့ပြီး ၁၃၇ မှတ်ရယူထားပါတယ်။ ဒါကြောင့် အဆင့် ၃ နေရာနဲ့ အဆင့် ၄ နေရာ က အသင်းတို့ရဲ့ ရမှတ်ကွာဟမှုကတော့ အနည်းငယ် ကွာဟမှုရှိတယ်လို့

ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ရာသီအစပိုင်း ပွဲစဉ်တွေမှာ ရလဒ်တွေ ကောင်းခဲ့ပြီး အဆင့် ၄ နေရာမှာ အချိန်အတိုင်းအတာတစ်ခုအထိ ရှိနေခဲ့တဲ့

ဘရိုက်တန်ကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ ပြန်ကျသွားခဲ့တာ ကြောင့် ရမှတ် ၉၈ မှတ်နဲ့ အဆင့် ၁၀ နေရာမှာပဲ ရပ်တည်နိုင်ခဲ့တာကို တွေ့ ရပါတယ်။

(Zawgyi)

ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း ကစားခဲ့တဲ့ ၇၅ ပြဲမွာ မန္ခ်က္စတာကလပ္ေတြ ဘယ္လိုရပ္တည္ႏိုင္ခဲ့ၾကလဲ
=======================
ပရီးမီးယားလိဂ္ ထိပ္သီးကလပ္အသင္းေတြရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး အေသးစိတ္ စစ္တမ္းေကာက္ယူထားတဲ့ ထုတ္ျပန္ခ်က္တစ္ခု အရဆိုရင္ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ၇၅ ပြဲမွာ

အမွတ္အမ်ားဆုံး ရယူႏိုင္ခဲ့တဲ့ အသင္းက မန္စီးတီးျဖစ္ၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ျဖစ္တဲ့ မန္ယူူကေတာ့ အဆင့္ ၅ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ အခု ထြက္ေပၚလာတဲ့ ထုတ္ျပန္ခ်က္ဟာဆိုရင္

ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာ ၂၅ ရက္ကစၿပီး ၂၀၂၂ ခုႏွစ္ ေအာက္ တိုဘာ ၃၁ ရက္ေန႔အထိ ကစားခဲ့တဲ့ ပြဲစဥ္ ၇၅ ပြဲမွာ မန္စီးတီးက ၁၈၅ မွတ္ အထိ ရယူႏိုင္ခဲ့ၿပီး ထိပ္ဆုံးကေန

ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။ ၿမိဳ႕ခံၿပိဳင္ဘက္ ႀကီး မန္ယူကေတာ့ ၇၅ ပြဲမွာ ၁၂၉ မွတ္အထိပဲ ရယူႏိုင္ခဲ့တာျဖစ္လို႔ အဆင့္ ၆ ေနရာမွာပဲ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ

ခ်န္ပီယံလိဂ္ ဝင္ခြင့္ေနရာေတာင္ မရခဲ့တဲ့ အာဆင္နယ္ကေတာ့ အံ့အားသင့္စရာ ေကာင္း ခဲ့ၿပီး ၇၄ ပြဲမွာတင္ ၁၄၇ မွတ္အထိ ရယူႏိုင္ခဲ့တဲ့အသင္းျဖစ္လို႔ မန္စီးတီးၿပီးရင္

ၿပီးခဲ့တဲ့ ၂ ႏွစ္တာ ကာလအတြင္းမွာ အမွတ္အမ်ားဆုံး ရယူႏိုင္ခဲ့တဲ့ အသင္း ျဖစ္ေနပါတယ္။ သူ႔ေနာက္မွာေတာ့ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရခဲ့တဲ့

လီဗာပူးက ၇၄ ပြဲ ကစားၿပီး ၁၄၆ ရခဲ့တာေၾကာင့္ ဒုတိယေနရာ က အာဆင္နယ္ထက္ တစ္မွတ္ပဲ နည္းခဲ့တာကို ေတြ႕ရတယ္။ အလားတူပါ ပဲ။ ၇၄ ပြဲ ကစားခဲ့တဲ့ ခ်ဲလ္ဆီးဟာ

လီဗာပူးေနာက္ အဆင့္ ၄ ေနရာ ရခဲ့ၿပီး ၁၃၇ မွတ္ရယူထားပါတယ္။ ဒါေၾကာင့္ အဆင့္ ၃ ေနရာနဲ႔ အဆင့္ ၄ ေနရာ က အသင္းတို႔ရဲ႕ ရမွတ္ကြာဟမႈကေတာ့

အနည္းငယ္ ကြာဟမႈရွိတယ္လို႔ ဆိုႏိုင္ ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း ရာသီအစပိုင္း ပြဲစဥ္ေတြမွာ ရလဒ္ေတြ ေကာင္းခဲ့ၿပီး အဆင့္ ၄ ေနရာမွာ

အခ်ိန္အတိုင္းအတာတစ္ခုအထိ ရွိေနခဲ့တဲ့ ဘ႐ိုက္တန္ကေတာ့ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ရလဒ္ေတြ ျပန္က်သြားခဲ့တာ ေၾကာင့္ ရမွတ္ ၉၈ မွတ္နဲ႔ အဆင့္ ၁၀ ေနရာမွာပဲ ရပ္တည္ႏိုင္ခဲ့တာကို ေတြ႕ ရပါတယ္။