ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဘာတွေလုပ်ပြနိုင်ခဲ့လို့ မက်ဆီ ဆုရတာလဲ 

(၂၀၂၁) အတွက် ဘလွန်းဒီအော်ဆုပေးပွဲ အခမ်းအနားကို မနေ့ညက

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပခဲ့ပြီး မက်ဆီကပဲအဲ ဒီဆုကို

သူ့ရဲ့ ကစားသမားဘဝအတွက် (၇) ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ပါတယ်။

လီဗာပူးပရိသတ်တစ်ယောက်ကတော့ မက်ဆီ

ဘလွန်းဒီအော်ဆုရတဲ့အပေါ် အကြီးအကျယ် ဝေဖန်ခဲ့တာပါ။

“မက်ဆီ ဆုရသွားတာ ကျွန်တော့်အတွက်တော့ စိတ်တိုစရာပဲဗျ။

နောက်ပိုင်းနှစ်တွေမှာ သူနဲ့ ရော်နယ်ဒိုတို့က ကြီးကျယ်ခမ်းနားတဲ့

ကစားသမားတွေဆို မှန်ပါတယ်။ ဒါကို ကျွန်တော်လက်ခံတယ်၊

လာလီဂါဆိုလည်း သူတို့မရှိတော့ ပျင်းရိစရာဖြစ်သွားတယ်။

ဒါပေမယ့်သူတို့နှစ်ယောက်စလုံး ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဘာတွေလုပ်ပြနိုင်ခဲ့လို့လဲ”

“သူ ကိုပါအမေရိကဖလားရတယ်ဆိုပြီး ခင်ဗျားတို့ကပြောဦးမယ်၊

အဲဒီဖလားနဲ့ ယူရိုဖလားက နှိုင်းယှဉ်လို့ရလား၊ ယူရိုဆိုတာက

ကမ္ဘာ့ဖလားပြီးရင် အဆင့်အမြင့်ဆုံးဖလားပဲလေ။ ကိုပါအမေရိကကရော

ဘာလဲ၊ သူ့အတွက် ဒီဖလားက အဓိပ္ပာယ်အရမ်းရှိတယ်ဆိုတာတော့ ကျွန်တော်သိတယ်”

“ချန်ပီယံလိဂ်မှာလည်း ကြည့်လိုက်ပါဦး။ သူက ကွင်းထဲမှာ

လမ်းပတ်လျှောက်နေပါတယ်။ နောက်ပြီး သူ PSG အတွက်

ကစားပေးဖို့လည်း စိတ်မဝင်စားပါဘူး။ သူ အဲဒီကိုရောက်နေတာ

ပိုက်ဆံအတွက်ပါ။ ကျွန်တော်ထင်ပါတယ်။ သူ မျှော်လင့်ထားတာထက်

အစောကြီး အနားယူသွားပါလိမ့်မယ်”

“ဒီညမှာ သူရခဲ့တဲ့ ဘလွန်းဒီအော်ဆုကလည်း သူ့ရဲ့ ကစားသမားဘဝအတွက်

နောက်ဆုံး ဘလွန်းဒီအော်ဆုဖြစ်မှာပါ။ ဘာလို့လဲဆိုတော့

သူနောက်ထပ်မရနိုင်တော့လို့ပါပဲ” လို့ အဲဒီလီဗာပူး ပရိသတ်က

ပြင်းပြင်းထန်ထန်ကို ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

zawgyi

ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္းမွာ ဘာေတြလုပ္ျပႏိုင္ခဲ့လို႔ မက္ဆီ ဆုရတာလဲ

(၂၀၂၁) အတြက္ ဘလြန္းဒီေအာ္ဆုေပးပြဲ အခမ္းအနားကို မေန႔ညက

ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕မွာ က်င္းပခဲ့ၿပီး မက္ဆီကပဲအဲ ဒီဆုကို

သူ႔ရဲ႕ ကစားသမားဘဝအတြက္ (၇) ႀကိမ္ေျမာက္ ဆြတ္ခူးရရွိခဲ့ပါတယ္။

လီဗာပူးပရိသတ္တစ္ေယာက္ကေတာ့ မက္ဆီ

ဘလြန္းဒီေအာ္ဆုရတဲ့အေပၚ အႀကီးအက်ယ္ ေဝဖန္ခဲ့တာပါ။

“မက္ဆီ ဆုရသြားတာ ကြၽန္ေတာ့္အတြက္ေတာ့ စိတ္တိုစရာပဲဗ်။

ေနာက္ပိုင္းႏွစ္ေတြမွာ သူနဲ႔ ေရာ္နယ္ဒိုတို႔က ႀကီးက်ယ္ခမ္းနားတဲ့

ကစားသမားေတြဆို မွန္ပါတယ္။ ဒါကို ကြၽန္ေတာ္လက္ခံတယ္၊

လာလီဂါဆိုလည္း သူတို႔မရွိေတာ့ ပ်င္းရိစရာျဖစ္သြားတယ္။

ဒါေပမယ့္သူတို႔ႏွစ္ေယာက္စလုံး ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္းမွာ ဘာေတြလုပ္ျပႏိုင္ခဲ့လို႔လဲ”

“သူ ကိုပါအေမရိကဖလားရတယ္ဆိုၿပီး ခင္ဗ်ားတို႔ကေျပာဦးမယ္၊

အဲဒီဖလားနဲ႔ ယူ႐ိုဖလားက ႏႈိင္းယွဥ္လို႔ရလား၊ ယူ႐ိုဆိုတာက

ကမာၻ႔ဖလားၿပီးရင္ အဆင့္အျမင့္ဆုံးဖလားပဲေလ။ ကိုပါအေမရိကကေရာ

ဘာလဲ၊ သူ႔အတြက္ ဒီဖလားက အဓိပၸာယ္အရမ္းရွိတယ္ဆိုတာေတာ့ ကြၽန္ေတာ္သိတယ္”

“ခ်န္ပီယံလိဂ္မွာလည္း ၾကည့္လိုက္ပါဦး။ သူက ကြင္းထဲမွာ

လမ္းပတ္ေလွ်ာက္ေနပါတယ္။ ေနာက္ၿပီး သူ PSG အတြက္

ကစားေပးဖို႔လည္း စိတ္မဝင္စားပါဘူး။ သူ အဲဒီကိုေရာက္ေနတာ

ပိုက္ဆံအတြက္ပါ။ ကြၽန္ေတာ္ထင္ပါတယ္။ သူ ေမွ်ာ္လင့္ထားတာထက္

အေစာႀကီး အနားယူသြားပါလိမ့္မယ္”

“ဒီညမွာ သူရခဲ့တဲ့ ဘလြန္းဒီေအာ္ဆုကလည္း သူ႔ရဲ႕ ကစားသမားဘဝအတြက္

ေနာက္ဆုံး ဘလြန္းဒီေအာ္ဆုျဖစ္မွာပါ။ ဘာလို႔လဲဆိုေတာ့

သူေနာက္ထပ္မရႏိုင္ေတာ့လို႔ပါပဲ” လို႔ အဲဒီလီဗာပူး ပရိသတ္က

ျပင္းျပင္းထန္ထန္ကို ေျပာၾကားသြားခဲ့တာပဲျဖစ္ပါတယ္။