
နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲမှာ ရွန်နီရဲ့ဒါဘီဟာ မစ်ဒယ်ဘရော့ကို
အဝေးကွင်းဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ရွန်နီဟာ အဲဒီပွဲမှာ
ပြိုင်ဘက်အသင်းက ဝါရင့်နည်းပြခရစ်ဝိုင်ဒါရဲ့ချီးကျူးမှုကိုတော့ ရရှိခဲ့တာပါ။
ခရစ်ဝိုင်ဒါဆိုတာ အင်္ဂလိပ်ဘောလုံးရဲ့နည်းပြရပ်ဝန်းမှာ ဆယ်စုနှစ်နှစ်ခုကြာ
ကျင်လည်ခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့နှစ်တွေက ရှက်ဖီးယူနိုက်တက်အသင်းနဲ့အတူ
ပရီးမီးယားလိဂ်ကို ကိုင်လှုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
နှစ်သင်းကြားကွင်းပြင်ပက မပြေလည်မှုကြောင်း နှစ်ဖက်ပရိသတ်တွေအကြား
ရန်စွယ်တငေါငေါဖြစ်နေကြပေမယ့် ပွဲအပြီးမှာ ဝိုင်ဒါက ရွန်နီကို မချီးကျူးပဲ
မနေနိုင်ခဲ့ပါဘူး။အထူးသဖြင့် ကြီးမားတဲ့အခက်အခဲတွေကြားကနေ ဒါဘီကို
ဦးဆောင်ပေးနေတာနဲ့ပတ်သက်လို့ ဝိုင်ဒါက ချီးကျူးခဲ့တာပါ။
”အရမ်းကောင်းတဲ့အလုပ်တစ်ခုကို သူလုပ်နိုင်ခဲ့တာလို့ ကျွန်တောင်ထင်ပါတယ်။
ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုလည်း ကျွန်တော်သိပါတယ်။ ကစားသမားနဲ့
နည်းပြအတော်များများဟာ လွယ်ကူတဲ့လမ်းကို ရွေးချယ်ကြတာ ကျွန်တော်
မြင်ခဲ့ပြီးပါပြီ။ ဒါမျိုးကို သူတို့သေချာပေါက်လုပ်မှာ မဟုတ်ပါဘူး။ ဒါဘီဟာ
ရှင်သန်နေဆဲဖြစ်သလို တိုက်ပွဲဝင်နေဆဲပါ။ သူတို့ဇာတ်မသိမ်းသေးဘူးလို့
ကျွန်တော်သေချာပေါက်ပြောရဲပါတယ်”လို့ မစ်ဒယ်ဘရော့နည်းပြဝိုင်ဒါက ပြောခဲ့တာပါ။
၂၁ မှတ်လျှော့ပြစ်ဒဏ်နဲ့အတူ ငွေကြေးအခက်အခဲကြောင့် ဒါဘီဟာ ပိုင်ရှင်သစ်
ရှာဖွေနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမဲ့ ရွန်နီကတော့ တန်းမဆင်းရရေးအတွက်
အစွမ်းကုန်ကြိုးစားပေးနေတာပါ။ လာမယ့်ပွဲစဉ်မှာတော့ ရွန်နီရဲ့အသင်းဟာ သူတို့ရဲ့အထက်က
ပီတာဘရော့နဲ့ အိမ်ကွင်းမှာ တန်းဆင်းဇုန်တိုက်ပွဲ ဆင်နွှဲရမှာ ဖြစ်ပါတယ်။
zawgyi
ၿပိဳင္ဘက္အသင္းဝါရင့္နည္းျပရဲ႕ ခ်ီးက်ဴးမႈကိုေတာင္ ရရွိခဲ့တဲ့ ဝိန္း႐ြန္နီ
ေနာက္ဆုံးကစားခဲ့တဲ့ ခ်န္ပီယံရွစ္ပြဲမွာ ႐ြန္နီရဲ႕ဒါဘီဟာ မစ္ဒယ္ဘေရာ့ကို
အေဝးကြင္းဂိုးျပတ္အေရးနိမ့္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ႐ြန္နီဟာ အဲဒီပြဲမွာ
ၿပိဳင္ဘက္အသင္းက ဝါရင့္နည္းျပခရစ္ဝိုင္ဒါရဲ႕ခ်ီးက်ဴးမႈကိုေတာ့ ရရွိခဲ့တာပါ။
ခရစ္ဝိုင္ဒါဆိုတာ အဂၤလိပ္ေဘာလုံးရဲ႕နည္းျပရပ္ဝန္းမွာ ဆယ္စုႏွစ္ႏွစ္ခုၾကာ
က်င္လည္ခဲ့သူျဖစ္ၿပီး လြန္ခဲ့တဲ့ႏွစ္ေတြက ရွက္ဖီးယူႏိုက္တက္အသင္းနဲ႔အတူ
ပရီးမီးယားလိဂ္ကို ကိုင္လႈပ္ခဲ့သူလည္း ျဖစ္ပါတယ္။
ႏွစ္သင္းၾကားကြင္းျပင္ပက မေျပလည္မႈေၾကာင္း ႏွစ္ဖက္ပရိသတ္ေတြအၾကား
ရန္စြယ္တေငါေငါျဖစ္ေနၾကေပမယ့္ ပြဲအၿပီးမွာ ဝိုင္ဒါက ႐ြန္နီကို မခ်ီးက်ဴးပဲ
မေနႏိုင္ခဲ့ပါဘူး။အထူးသျဖင့္ ႀကီးမားတဲ့အခက္အခဲေတြၾကားကေန ဒါဘီကို
ဦးေဆာင္ေပးေနတာနဲ႔ပတ္သက္လို႔ ဝိုင္ဒါက ခ်ီးက်ဴးခဲ့တာပါ။
”အရမ္းေကာင္းတဲ့အလုပ္တစ္ခုကို သူလုပ္ႏိုင္ခဲ့တာလို႔ ကြၽန္ေတာင္ထင္ပါတယ္။
ဘယ္ေလာက္ခက္ခဲတယ္ဆိုတာကိုလည္း ကြၽန္ေတာ္သိပါတယ္။ ကစားသမားနဲ႔
နည္းျပအေတာ္မ်ားမ်ားဟာ လြယ္ကူတဲ့လမ္းကို ေ႐ြးခ်ယ္ၾကတာ ကြၽန္ေတာ္
ျမင္ခဲ့ၿပီးပါၿပီ။ ဒါမ်ိဳးကို သူတို႔ေသခ်ာေပါက္လုပ္မွာ မဟုတ္ပါဘူး။ ဒါဘီဟာ
ရွင္သန္ေနဆဲျဖစ္သလို တိုက္ပြဲဝင္ေနဆဲပါ။ သူတို႔ဇာတ္မသိမ္းေသးဘူးလို႔
ကြၽန္ေတာ္ေသခ်ာေပါက္ေျပာရဲပါတယ္”လို႔ မစ္ဒယ္ဘေရာ့နည္းျပဝိုင္ဒါက ေျပာခဲ့တာပါ။
၂၁ မွတ္ေလွ်ာ့ျပစ္ဒဏ္နဲ႔အတူ ေငြေၾကးအခက္အခဲေၾကာင့္ ဒါဘီဟာ ပိုင္ရွင္သစ္
ရွာေဖြႏိုင္ဖို႔ ႐ုန္းကန္ေနရပါတယ္။ ဒါေပမဲ့ ႐ြန္နီကေတာ့ တန္းမဆင္းရေရးအတြက္
အစြမ္းကုန္ႀကိဳးစားေပးေနတာပါ။ လာမယ့္ပြဲစဥ္မွာေတာ့ ႐ြန္နီရဲ႕အသင္းဟာ သူတို႔ရဲ႕အထက္က
ပီတာဘေရာ့နဲ႔ အိမ္ကြင္းမွာ တန္းဆင္းဇုန္တိုက္ပြဲ ဆင္ႏႊဲရမွာ ျဖစ္ပါတယ္။