ပြိုင်ဘက်တွေဝေဖန်ကြကြပြီးနောက် စတမ်းဖို့ဒ်ဘရစ်ချ်အဝတ်လဲခန်းကို မဖြစ်မနေချဲ့ပေးရတော့မယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းရဲ့ စတမ်းဖို့ဒ်ဘရစ်ချ် အဝေးကွင်းအဝတ်လဲခန်းနဲ့ပတ်သက်ပြီး

လီဗာပူးအသင်းအပါအဝင် ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာ တို့ကပါဝေဖန်ကြပြီးနောက်

ဒီအခန်းကိုမဖြစ်မနေချဲ့ပေးရတော့မယ်လို့ သိရပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်အဝေးကွင်းအဝတ်လဲခန်းရဲ့အကျယ်အဝန်းဟာ

အရင်က ပြဿနာမရှိခဲ့ပေမယ့် ကိုဗစ်စည်းမျဥ်းတွေထုတ်ပြန်ပြီးနောက်ပိုင်းမှာ

အဆင်မပြေတော့ဘဲ ကျဥ်းလွန်းတယ်လို့ ဝေဖန်ခံခဲ့ရတာပါ။

ဒါကြောင့် ကစားသမားတွေဟာ ကိုဗစ်စည်းမျဥ်းအရ

နည်းပြအဖွဲ့ဝင်တွေ၊ အခြားဝန်ထမ်းတွေနဲ့ နေရာခွဲခြားပြီးနေရမယ့်အစား

အခန်းကျဥ်းလေးထဲမှာ ရအောင်စုပြီးနေရတဲ့အခြေအနေကိုရောက်နေပါတယ်။

ဒီစည်းမျဥ်းအရ လူစုလူဝေးရှိတဲ့နေရာတွေမှာ လူအရေအတွက်ကို

အကန့်အသတ်နဲ့သာထားရတာဖြစ်လို့ဒီအခန်းနဲ့ပတ်သက်ပြီး

အဆင်မပြေတဲ့အသံတွေကြားလာရတာပါ။

ဒီအချိန်မှာ အိမ်ရှင်အသင်းရဲ့အဝတ်လဲခန်းကတော့

ကျယ်ကျယ်ဝန်းဝန်းရှိထားလို့ ပြိုင်ဘက်တွေကပိုပြီးမကျေမနပ်ဖြစ်နေကြတာပါ။

မကြာသေးခင်က လီဗာပူးအသင်းဟာချဲလ်ဆီးနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ

ရင်ဆိုင်ဖို့ ရောက်လာခဲ့ပြီး ဒီပွဲကို နည်းပြဂျာဂင်ကလော့ပ်

ကိုဗစ်ဖြစ်နေလို့ မလိုက်ပါနိုင်ခဲ့ဘဲ လက်ထောက်ဖြစ်သူ

ပက်လင်ဒါ ကတာဝန်ယူခဲ့ရပါတယ်။

ဒါပေမယ့် လင်ဒါဟာလည်းဒီပွဲအပြီးမှာ ကိုဗစ်ဖြစ်ခဲ့လို့

ဝတ်လဲခန်းနဲ့ပတ်သက်လို့ပိုပြီး အကြောင်းပြစရာဖြစ်လာခဲ့တာပါ။

ချဲလ်ဆီးဟာ မီဒီယာခန်းမနဲ့ဆက်စပ်တဲ့ တီဗီအန်တနာအခန်းနှစ်ခုကို

အရေးပေါ်အဝတ်လဲခန်းအဖြစ် အသုံးပြုဖို့လုပ်ထားပေမယ့်

အဝေးကွင်းလာပြိုင်တဲ့အသင်းတွေကိုတော့ ကျေနပ်အောင် မလုပ်ပေးနိုင်ခဲ့ပါဘူး။

ဒါကြောင့် socially distanced ဖြစ်အောင်အတွက်

အခန်းကိုသတ်မှတ်ထားတဲ့အကျယ်အဝန်းအထိ ချဲ့ပေးရတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ဥမင်လမ်းဟာလည်း ကျဥ်းတဲ့အတွက်

ကိုဗစ်ကာလအတွင်းမှာ အဝေးကွင်းအသင်းတွေ အဝတ်လဲဖို့အတွက်

စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ မက်သယူးဟာဒင်း ပွဲကြည့်စင် နောက်ဘက်မှာရှိတဲ့

health club တစ်ခုဆီကိုပြောင်းရွှေ့ပေးခဲ့ရသေးတယ်လို့လည်း သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဆောက်သမ်တန်နည်းပြ ဟာဆန်ဟက်တယ် က

၂၀၂၀ အောက်တိုဘာလမှာဝေဖန်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။

zawgyi

ၿပိဳင္ဘက္ေတြေဝဖန္ၾကၾကၿပီးေနာက္ စတမ္းဖို႔ဒ္ဘရစ္ခ်္အဝတ္လဲခန္းကို မျဖစ္မေနခ်ဲ႕ေပးရေတာ့မယ့္ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းရဲ႕ စတမ္းဖို႔ဒ္ဘရစ္ခ်္ အေဝးကြင္းအဝတ္လဲခန္းနဲ႔ပတ္သက္ၿပီး

လီဗာပူးအသင္းအပါအဝင္ ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ေပၚတာ တို႔ကပါေဝဖန္ၾကၿပီးေနာက္

ဒီအခန္းကိုမျဖစ္မေနခ်ဲ႕ေပးရေတာ့မယ္လို႔ သိရပါတယ္။

စတမ္းဖို႔ဒ္ဘရစ္ခ်္အေဝးကြင္းအဝတ္လဲခန္းရဲ႕အက်ယ္အဝန္းဟာ

အရင္က ျပႆနာမရွိခဲ့ေပမယ့္ ကိုဗစ္စည္းမ်ဥ္းေတြထုတ္ျပန္ၿပီးေနာက္ပိုင္းမွာ

အဆင္မေျပေတာ့ဘဲ က်ဥ္းလြန္းတယ္လို႔ ေဝဖန္ခံခဲ့ရတာပါ။

ဒါေၾကာင့္ ကစားသမားေတြဟာ ကိုဗစ္စည္းမ်ဥ္းအရ

နည္းျပအဖြဲ႕ဝင္ေတြ၊ အျခားဝန္ထမ္းေတြနဲ႔ ေနရာခြဲျခားၿပီးေနရမယ့္အစား

အခန္းက်ဥ္းေလးထဲမွာ ရေအာင္စုၿပီးေနရတဲ့အေျခအေနကိုေရာက္ေနပါတယ္။

ဒီစည္းမ်ဥ္းအရ လူစုလူေဝးရွိတဲ့ေနရာေတြမွာ လူအေရအတြက္ကို

အကန႔္အသတ္နဲ႔သာထားရတာျဖစ္လို႔ဒီအခန္းနဲ႔ပတ္သက္ၿပီး

အဆင္မေျပတဲ့အသံေတြၾကားလာရတာပါ။

ဒီအခ်ိန္မွာ အိမ္ရွင္အသင္းရဲ႕အဝတ္လဲခန္းကေတာ့

က်ယ္က်ယ္ဝန္းဝန္းရွိထားလို႔ ၿပိဳင္ဘက္ေတြကပိုၿပီးမေက်မနပ္ျဖစ္ေနၾကတာပါ။

မၾကာေသးခင္က လီဗာပူးအသင္းဟာခ်ဲလ္ဆီးနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ

ရင္ဆိုင္ဖို႔ ေရာက္လာခဲ့ၿပီး ဒီပြဲကို နည္းျပဂ်ာဂင္ကေလာ့ပ္

ကိုဗစ္ျဖစ္ေနလို႔ မလိုက္ပါႏိုင္ခဲ့ဘဲ လက္ေထာက္ျဖစ္သူ

ပက္လင္ဒါ ကတာဝန္ယူခဲ့ရပါတယ္။

ဒါေပမယ့္ လင္ဒါဟာလည္းဒီပြဲအၿပီးမွာ ကိုဗစ္ျဖစ္ခဲ့လို႔

ဝတ္လဲခန္းနဲ႔ပတ္သက္လို႔ပိုၿပီး အေၾကာင္းျပစရာျဖစ္လာခဲ့တာပါ။

ခ်ဲလ္ဆီးဟာ မီဒီယာခန္းမနဲ႔ဆက္စပ္တဲ့ တီဗီအန္တနာအခန္းႏွစ္ခုကို

အေရးေပၚအဝတ္လဲခန္းအျဖစ္ အသုံးျပဳဖို႔လုပ္ထားေပမယ့္

အေဝးကြင္းလာၿပိဳင္တဲ့အသင္းေတြကိုေတာ့ ေက်နပ္ေအာင္ မလုပ္ေပးႏိုင္ခဲ့ပါဘူး။

ဒါေၾကာင့္ socially distanced ျဖစ္ေအာင္အတြက္

အခန္းကိုသတ္မွတ္ထားတဲ့အက်ယ္အဝန္းအထိ ခ်ဲ႕ေပးရေတာ့မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ ဥမင္လမ္းဟာလည္း က်ဥ္းတဲ့အတြက္

ကိုဗစ္ကာလအတြင္းမွာ အေဝးကြင္းအသင္းေတြ အဝတ္လဲဖို႔အတြက္

စတမ္းဖို႔ဒ္ဘရစ္ခ်္ရဲ႕ မက္သယူးဟာဒင္း ပြဲၾကည့္စင္ ေနာက္ဘက္မွာရွိတဲ့

health club တစ္ခုဆီကိုေျပာင္းေ႐ႊ႕ေပးခဲ့ရေသးတယ္လို႔လည္း သိရပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး ေဆာက္သမ္တန္နည္းျပ ဟာဆန္ဟက္တယ္ က

၂၀၂၀ ေအာက္တိုဘာလမွာေဝဖန္မႈေတြျပဳလုပ္ခဲ့ပါေသးတယ္။