ပြိုင်ဘက်တွေကို စီးချင်းထိုးဖို့ ယူနိုက်တက် ပြင်ဆင်လာနိုင်တဲ့ နည်းလမ်း (၃) သွယ်အကြောင်း

မြင့်မားတဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ တောင်ပံကစားသမား အန်တိုနီယိုရဲ့ ခေါ်ယူမှုအပါအဝင်

ဒီနွေဈေးကွက်မှာ မန်ယူအသင်း သုံးခဲ့တဲ့ ငွေပမာဏက ၂၃၂ ဒသမ ၁ သန်းပါ။

နည်းပြအဲရစ်တန်ဟက်နဲ့အတူ အမ်စတာဒမ်မှာ အတူလက်တွဲခဲ့ဖူးတဲ့

အန်တိုနီအတွက် မန်ယူသုံးခဲ့ရတဲ့ ငွေကြေးဟာ အပြောင်းအရွှေ့ဈေးကွက်

နောက်ဆုံးနေ့သမိုင်းမှာတော့ အမြင့်မားဆုံး ပြောင်းရွှေ့ကြေးစံချိန် ဖြစ်ခဲ့ပါတယ်။

ညာဘက်ခြမ်းတိုက်စစ်မှာ ကစားရတာကို နှစ်သက်တဲ့ ဘရာဇီးသားဟာ

ဘယ်ခြေတစ်ပေါက် လျှမ်းလျှမ်း တောက်ပုံစံမျိုး ဖြစ်တာကြောင့်လည်း

သရဲနီတပ်တော်အတွက် လက်နက်အသစ် တပ်ဆင်ပေးလိုက်သလိုပါပဲ။

အန်တိုနီအပါအဝင် ကွင်းလယ်လူ ကက်စ်မီရို၊ လီဆန်ဒရိုမာတီနက်ဇ်၊ မာလာစီယာ၊

ဒူဗရာကာ၊ အဲရစ်ဆင်တို့ကို ခေါ်ယူနိုင် ခဲ့တဲ့ မန်ယူဟာ ရှေ့ကိုချီတက်မယ့်

လမ်းကြောင်းအတွက် ရွေးချယ်စရာတွေ အများကြီး ရှိလာပြီဖြစ်ပါတယ်။

‘’အကောင်းဆုံး ကလပ်အသင်းတွေနဲ့ ကျွန်တော်တို့ ယှဉ်ပြိုင်ချင်တယ်။

ပွဲတိုင်းကို အနိုင်လို ချင်တယ်။ ဒါကြောင့် လူစာရင်းကောင်းကောင်း ကျွန်တော်တို့ လိုအပ်တယ်။

လူစာရင်း တစ်ခုဆိုတာက ရာသီအတွင်းမှာ ဒဏ်ရာရတာတွေရှိမယ်၊

ပွဲပယ် ခံရတာမျိုးတွေရှိမယ်၊ အဲဒီလိုမျိုးတွေကနေပြီး ဆုံးရှုံးရတဲ့အခါ ပြန်လည်အစားထိုးဖို့ လိုပါတယ်။

အရည်အသွေးရှိတဲ့ လူစာရင်းမျိုး လိုပါတယ်။ အခုတော့ ကျွန်တော်တို့မှာ

အရည်အသွေးရှိတဲ့ လူစာရင်းမျိုး ရှိနေပြီလို့ ထင်ပါတယ်’’ လို့ တန်ဟက်က မန်ယူအသင်းဝက်ဘ်ဆိုက်ကို ပြောဆိုခဲ့ပါတယ်။

လုံလောက်တဲ့ တပ်သားစုဆောင်းမှုတွေ ပြုလုပ်ပြီးဖြစ်တဲ့အတွက် နည်းပြ တန်ဟက်ရဲ့

သရဲနီတပ်ဦးအနေနဲ့ ဒီရာသီမှာ စစ်ချီလာနိုင်တဲ့ နည်းလမ်း ၃ သွယ်ကိုလည်း SPORTbible ဝက်ဘ်ဆိုက်က အခုလို ရေးသားဖော်ပြသွားခဲ့ ပါတယ်။

ပထမတစ်ခုကတော့ ၄-၃-၃ ပုံစံဖြစ်ပြီး ရှေ့တန်းမှာ ဆန်ချို၊ ရက်ရှ်ဖို့ဒ်၊ အန်တိုနီ၊

အလယ်တန်းမှာ အဲရစ်ဆန်၊ ဖာနန်ဒက်စ်၊ ကက်မီရိုတို့ ဖြစ်ပြီး

နောက်တန်းမှာတော့ မာလာစီယာ၊ မာတီနက်ဇ်၊ ဗာရာနီနဲ့ ဒါလော့ တို့ ဖြစ်ပါတယ်။

ဒုတိယ တစ်ခုကတော့ ၄-၃-၃(အမှတ်-၂) ဖြစ်ပါတယ်။ ရှေ့တန်း မှာ ရက်ရှ်ဖို့ဒ်၊ စီရော်နယ်ဒို၊ ဆန်ချို၊

အလယ်မှာ ဖာနန်ဒက်စ်၊ ဖရက်၊ ကက်စ် မီရိုတို့နဲ့ နောက်တန်းမှာတော့ လုခ်ရှော၊ မက်ဂွိုင်းယား၊ ဗာရာနီ။ ဒါလော့တို့ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ ၃-၄-၃ ပုံစံဖြစ်ပြီး ရှေ့တန်းမှာ ရက်ရှ် ဖို့ဒ်၊ မာရှယ်၊ အန်တိုနီ၊

အလယ်တန်းမှာ မာလာစီယာ၊ အဲရစ်ဆင်၊ ကက်စ်မီ ရို၊ ဆန်ချို့နဲ့ နောက်တန်းမှာတော့ မာတီနက်၊ မက်ဂွိုင်းယား၊ ဗာရာနီတို့ ဖြစ်ပါတယ်။

ဂိုးသမားဒီဂီယာကတော့ ဒီကစားကွက် အားလုံးမှာ အကျုံးဝင်မယ့် သဘောမျိုး ရှိနေခဲ့တာပါ။

zawgyi

ၿပိဳင္ဘက္ေတြကို စီးခ်င္းထိုးဖို႔ ယူႏိုက္တက္ ျပင္ဆင္လာႏိုင္တဲ့ နည္းလမ္း (၃) သြယ္အေၾကာင္း

ျမင့္မားတဲ့ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္ျဖစ္တဲ့ ေတာင္ပံကစားသမား အန္တိုနီယိုရဲ႕ ေခၚယူမႈအပါအဝင္

ဒီေႏြေဈးကြက္မွာ မန္ယူအသင္း သုံးခဲ့တဲ့ ေငြပမာဏက ၂၃၂ ဒသမ ၁ သန္းပါ။

နည္းျပအဲရစ္တန္ဟက္နဲ႔အတူ အမ္စတာဒမ္မွာ အတူလက္တြဲခဲ့ဖူးတဲ့

အန္တိုနီအတြက္ မန္ယူသုံးခဲ့ရတဲ့ ေငြေၾကးဟာ အေျပာင္းအေ႐ႊ႕ေဈးကြက္

ေနာက္ဆုံးေန႔သမိုင္းမွာေတာ့ အျမင့္မားဆုံး ေျပာင္းေ႐ႊ႕ေၾကးစံခ်ိန္ ျဖစ္ခဲ့ပါတယ္။

ညာဘက္ျခမ္းတိုက္စစ္မွာ ကစားရတာကို ႏွစ္သက္တဲ့ ဘရာဇီးသားဟာ

ဘယ္ေျခတစ္ေပါက္ လွ်မ္းလွ်မ္း ေတာက္ပုံစံမ်ိဳး ျဖစ္တာေၾကာင့္လည္း

သရဲနီတပ္ေတာ္အတြက္ လက္နက္အသစ္ တပ္ဆင္ေပးလိုက္သလိုပါပဲ။

အန္တိုနီအပါအဝင္ ကြင္းလယ္လူ ကက္စ္မီ႐ို၊ လီဆန္ဒ႐ိုမာတီနက္ဇ္၊ မာလာစီယာ၊

ဒူဗရာကာ၊ အဲရစ္ဆင္တို႔ကို ေခၚယူႏိုင္ ခဲ့တဲ့ မန္ယူဟာ ေရွ႕ကိုခ်ီတက္မယ့္

လမ္းေၾကာင္းအတြက္ ေ႐ြးခ်ယ္စရာေတြ အမ်ားႀကီး ရွိလာၿပီျဖစ္ပါတယ္။

‘’အေကာင္းဆုံး ကလပ္အသင္းေတြနဲ႔ ကြၽန္ေတာ္တို႔ ယွဥ္ၿပိဳင္ခ်င္တယ္။

ပြဲတိုင္းကို အႏိုင္လို ခ်င္တယ္။ ဒါေၾကာင့္ လူစာရင္းေကာင္းေကာင္း ကြၽန္ေတာ္တို႔ လိုအပ္တယ္။

လူစာရင္း တစ္ခုဆိုတာက ရာသီအတြင္းမွာ ဒဏ္ရာရတာေတြရွိမယ္၊

ပြဲပယ္ ခံရတာမ်ိဳးေတြရွိမယ္၊ အဲဒီလိုမ်ိဳးေတြကေနၿပီး ဆုံးရႈံးရတဲ့အခါ ျပန္လည္အစားထိုးဖို႔ လိုပါတယ္။

အရည္အေသြးရွိတဲ့ လူစာရင္းမ်ိဳး လိုပါတယ္။ အခုေတာ့ ကြၽန္ေတာ္တို႔မွာ

အရည္အေသြးရွိတဲ့ လူစာရင္းမ်ိဳး ရွိေနၿပီလို႔ ထင္ပါတယ္’’ လို႔ တန္ဟက္က မန္ယူအသင္းဝက္ဘ္ဆိုက္ကို ေျပာဆိုခဲ့ပါတယ္။

လုံေလာက္တဲ့ တပ္သားစုေဆာင္းမႈေတြ ျပဳလုပ္ၿပီးျဖစ္တဲ့အတြက္ နည္းျပ တန္ဟက္ရဲ႕

သရဲနီတပ္ဦးအေနနဲ႔ ဒီရာသီမွာ စစ္ခ်ီလာႏိုင္တဲ့ နည္းလမ္း ၃ သြယ္ကိုလည္း SPORTbible ဝက္ဘ္ဆိုက္က အခုလို ေရးသားေဖာ္ျပသြားခဲ့ ပါတယ္။

ပထမတစ္ခုကေတာ့ ၄-၃-၃ ပုံစံျဖစ္ၿပီး ေရွ႕တန္းမွာ ဆန္ခ်ိဳ၊ ရက္ရွ္ဖို႔ဒ္၊ အန္တိုနီ၊

အလယ္တန္းမွာ အဲရစ္ဆန္၊ ဖာနန္ဒက္စ္၊ ကက္မီ႐ိုတို႔ ျဖစ္ၿပီး

ေနာက္တန္းမွာေတာ့ မာလာစီယာ၊ မာတီနက္ဇ္၊ ဗာရာနီနဲ႔ ဒါေလာ့ တို႔ ျဖစ္ပါတယ္။

ဒုတိယ တစ္ခုကေတာ့ ၄-၃-၃(အမွတ္-၂) ျဖစ္ပါတယ္။ ေရွ႕တန္း မွာ ရက္ရွ္ဖို႔ဒ္၊ စီေရာ္နယ္ဒို၊ ဆန္ခ်ိဳ၊

အလယ္မွာ ဖာနန္ဒက္စ္၊ ဖရက္၊ ကက္စ္ မီ႐ိုတို႔နဲ႔ ေနာက္တန္းမွာေတာ့ လုခ္ေရွာ၊ မက္ဂြိဳင္းယား၊ ဗာရာနီ။ ဒါေလာ့တို႔ ျဖစ္ပါတယ္။

ေနာက္ဆုံးတစ္ခုကေတာ့ ၃-၄-၃ ပုံစံျဖစ္ၿပီး ေရွ႕တန္းမွာ ရက္ရွ္ ဖို႔ဒ္၊ မာရွယ္၊ အန္တိုနီ၊

အလယ္တန္းမွာ မာလာစီယာ၊ အဲရစ္ဆင္၊ ကက္စ္မီ ႐ို၊ ဆန္ခ်ိဳ႕နဲ႔ ေနာက္တန္းမွာေတာ့ မာတီနက္၊ မက္ဂြိဳင္းယား၊ ဗာရာနီတို႔ ျဖစ္ပါတယ္။

ဂိုးသမားဒီဂီယာကေတာ့ ဒီကစားကြက္ အားလုံးမွာ အက်ဳံးဝင္မယ့္ သေဘာမ်ိဳး ရွိေနခဲ့တာပါ။