ပြိုင်ဘက်ကို အမီလိုက်နိုင်ဖို့အတွက် ငွေကြေးသုံးစွဲမှုတွေလုပ်ခဲ့ပေမယ့် မန်စီးတီးကို မကျော်ဖြတ်နိုင်သေးတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၃ ခုနှစ်မှာ

ဂန္ထဝင်နည်းပြကြီးဖာဂူဆန်အနားယူသွားပြီးတဲ့နောက်

မြို့ခံပြိုင်ဘက်မန်စီးတီးအသင်း ကျော်တက်တာကို ခံနေရပြီး,

ပြီးခဲ့တဲ့တစ်ပတ်ကလည်း အစ်တီဟတ်မှာ မန်စီးတီးအသင်းကို

(၄-၁)ဂိုးရလဒ်နဲ့ ဂိုးပြတ်၊ခြေပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

ဖာဂူဆန်မရှိတော့တဲ့နောက်ပိုင်း ဒီနှစ်သင်းကြားကွာဟချက်က

(၁)နှစ်ထက်(၁)နှစ်ပိုကြီးမားလာပြီး ယူနိုက်တက်အသင်းဟာ

မြို့ခံပြိုင်ဘက်ကို အမီလိုက်နိုင်ဖို့အတွက် ငွေကြေးသုံးစွဲမှုတွေလုပ်ခဲ့ပေမယ့်

အခုအချိန်အထိ မျှော်လင့်သလိုဖြစ်မလာသေးပါဘူး။

ယူနိုက်တက်အသင်းဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ကစားသမားခေါ်ယူမှုအတွက်

ပေါင်(၁.၂)ဘီလီယံအထိသုံးစွဲခဲ့ပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ဝေးကွာနေတာ

(၉)နှစ်နီးပါးကြာမြင့်နေပြီဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ဖာဂူဆန်ခေတ်လွန်မှာ

နည်းပြအပြောင်းအလဲတွေအများကြီးဖြစ်ခဲ့ပြီး ဒေးဗစ်မွိုက်စ်၊ ဗန်ဟားလ်၊

မော်ရင်ဟို၊ ဆိုးလ်ရှား၊ ကာရစ်ကနေ အခုနောက်ဆုံး ယာယီနည်းပြအဖြစ်

ကိုင်တွယ်နေတဲ့ ရန်နစ်ခ်လက်ထက်အထိ တည်ငြိမ်မှုကင်းမဲ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်

အနီးစပ်ဆုံးဖိအားပေးနိုင်ခဲ့တာက အဆင့်(၂)ရခဲ့တဲ့ ပြီးခဲ့တဲ့ရာသီမှာဖြစ်ပြီး

ဒါတောင် ရာသီကုန်မှာ ချန်ပီယံမန်စီးတီးအသင်းနဲ့(၁၂)မှတ်အထိကွာဟခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ကစားသမားခေါ်ယူမှုအတွက်

ပေါင်(၁.၂၅)ဘီလီယံသုံးစွဲခဲ့ပေမယ့် အသင်းအတွက်အကျိုးရှိခဲ့ပြီး

ပရီးမီးယားလိဂ်ချန်ပီယံ(၄)ကြိမ်အထိရခဲ့သလို နည်းပြအပြောင်းအလဲအဖြစ်

ပယ်လီဂရီနီနဲ့ အခုဂွါဒီယိုလာတို့သာရှိတာကြောင့်

တည်ငြိမ်မှုရှိခဲ့တယ်လို့သတ်မှတ်ရမှာပါ။

၂၀၁၃ ခုနှစ်ကနေ ဒီရာသီမတိုင်ခင်အထိ အဆင့်(၄)အတွင်းဝင်ခဲ့တာက

မန်စီးတီး(၈)ကြိမ်၊ ယူနိုက်တက်(၄)ကြိမ်သာရှိခဲ့သလို

ယူနိုက်တက်အသင်းအနေနဲ့ နောက်ပိုင်းရာသီတွေမှာ

အဆင့်(၄)အတွင်းဝင်ဖို့တောင် ရုန်းကန်လာရပါတယ်။

တစ်ရာသီပျမ်းမျှအမှတ်ရယူနိုင်မှုမှာလည်း မန်စီးတီးအသင်းက

(၈၄)မှတ်အထိရယူနိုင်ခဲ့ပေမယ့် ယူနိုက်တက်က (၆၉)မှတ်သာရခဲ့ပြီး

အဓိကဆုဖလားဆွတ်ခူးနိုင်မှုမှာ မန်စီးတီးက ဖလား(၈)လုံး၊

ယူနိုက်တက်က(၄)လုံးသာရရှိခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအတွက်

ဖလားနောက်ဆုံးရယူပေးခဲ့တာက မော်ရင်ဟိုဖြစ်ပြီး

၂၀၁၇ ခုနှစ်မှာ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတွေရယူခဲ့ပြီးကတည်းက

ယူနိုက်တက်တို့ဖလားလက်မဲ့ဖြစ်နေတာပါ။

လက်ရှိအချိန်မှာလည်း ဒီနှစ်သင်းကြားမှာ ကွာဟချက်ကြီးမားနေပြီဖြစ်တာကြောင့်

ယူနိုက်တက်ပရိသတ်တွေအနေနဲ့ ‘Manchester is Red’ဆိုတာကို

ကြွေးကြော်ဖို့ နောက်ထပ်နှစ်အတော်ကြာစောင့်ဆိုင်းရဦးမယ့်ပုံပါပဲ။

zawgyi

ၿပိဳင္ဘက္ကို အမီလိုက္ႏိုင္ဖို႔အတြက္ ေငြေၾကးသုံးစြဲမႈေတြလုပ္ခဲ့ေပမယ့္ မန္စီးတီးကို မေက်ာ္ျဖတ္ႏိုင္ေသးတဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၂၀၁၃ ခုႏွစ္မွာ

ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္အနားယူသြားၿပီးတဲ့ေနာက္

ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးအသင္း ေက်ာ္တက္တာကို ခံေနရၿပီး,

ၿပီးခဲ့တဲ့တစ္ပတ္ကလည္း အစ္တီဟတ္မွာ မန္စီးတီးအသင္းကို

(၄-၁)ဂိုးရလဒ္နဲ႔ ဂိုးျပတ္၊ေျချပတ္ရႈံးနိမ့္ခဲ့ပါတယ္။

ဖာဂူဆန္မရွိေတာ့တဲ့ေနာက္ပိုင္း ဒီႏွစ္သင္းၾကားကြာဟခ်က္က

(၁)ႏွစ္ထက္(၁)ႏွစ္ပိုႀကီးမားလာၿပီး ယူႏိုက္တက္အသင္းဟာ

ၿမိဳ႕ခံၿပိဳင္ဘက္ကို အမီလိုက္ႏိုင္ဖို႔အတြက္ ေငြေၾကးသုံးစြဲမႈေတြလုပ္ခဲ့ေပမယ့္

အခုအခ်ိန္အထိ ေမွ်ာ္လင့္သလိုျဖစ္မလာေသးပါဘူး။

ယူႏိုက္တက္အသင္းဟာ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္း ကစားသမားေခၚယူမႈအတြက္

ေပါင္(၁.၂)ဘီလီယံအထိသုံးစြဲခဲ့ေပမယ့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ေဝးကြာေနတာ

(၉)ႏွစ္နီးပါးၾကာျမင့္ေနၿပီျဖစ္ပါတယ္။

ဒါ့အျပင္ ယူႏိုက္တက္အသင္းဟာ ဖာဂူဆန္ေခတ္လြန္မွာ

နည္းျပအေျပာင္းအလဲေတြအမ်ားႀကီးျဖစ္ခဲ့ၿပီး ေဒးဗစ္မြိဳက္စ္၊ ဗန္ဟားလ္၊

ေမာ္ရင္ဟို၊ ဆိုးလ္ရွား၊ ကာရစ္ကေန အခုေနာက္ဆုံး ယာယီနည္းျပအျဖစ္

ကိုင္တြယ္ေနတဲ့ ရန္နစ္ခ္လက္ထက္အထိ တည္ၿငိမ္မႈကင္းမဲ့ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္

အနီးစပ္ဆုံးဖိအားေပးႏိုင္ခဲ့တာက အဆင့္(၂)ရခဲ့တဲ့ ၿပီးခဲ့တဲ့ရာသီမွာျဖစ္ၿပီး

ဒါေတာင္ ရာသီကုန္မွာ ခ်န္ပီယံမန္စီးတီးအသင္းနဲ႔(၁၂)မွတ္အထိကြာဟခဲ့တာျဖစ္ပါတယ္။

မန္စီးတီးအသင္းကေတာ့ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္း ကစားသမားေခၚယူမႈအတြက္

ေပါင္(၁.၂၅)ဘီလီယံသုံးစြဲခဲ့ေပမယ့္ အသင္းအတြက္အက်ိဳးရွိခဲ့ၿပီး

ပရီးမီးယားလိဂ္ခ်န္ပီယံ(၄)ႀကိမ္အထိရခဲ့သလို နည္းျပအေျပာင္းအလဲအျဖစ္

ပယ္လီဂရီနီနဲ႔ အခုဂြါဒီယိုလာတို႔သာရွိတာေၾကာင့္

တည္ၿငိမ္မႈရွိခဲ့တယ္လို႔သတ္မွတ္ရမွာပါ။

၂၀၁၃ ခုႏွစ္ကေန ဒီရာသီမတိုင္ခင္အထိ အဆင့္(၄)အတြင္းဝင္ခဲ့တာက

မန္စီးတီး(၈)ႀကိမ္၊ ယူႏိုက္တက္(၄)ႀကိမ္သာရွိခဲ့သလို

ယူႏိုက္တက္အသင္းအေနနဲ႔ ေနာက္ပိုင္းရာသီေတြမွာ

အဆင့္(၄)အတြင္းဝင္ဖို႔ေတာင္ ႐ုန္းကန္လာရပါတယ္။

တစ္ရာသီပ်မ္းမွ်အမွတ္ရယူႏိုင္မႈမွာလည္း မန္စီးတီးအသင္းက

(၈၄)မွတ္အထိရယူႏိုင္ခဲ့ေပမယ့္ ယူႏိုက္တက္က (၆၉)မွတ္သာရခဲ့ၿပီး

အဓိကဆုဖလားဆြတ္ခူးႏိုင္မႈမွာ မန္စီးတီးက ဖလား(၈)လုံး၊

ယူႏိုက္တက္က(၄)လုံးသာရရွိခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းအတြက္

ဖလားေနာက္ဆုံးရယူေပးခဲ့တာက ေမာ္ရင္ဟိုျဖစ္ၿပီး

၂၀၁၇ ခုႏွစ္မွာ ယူ႐ိုပါလိဂ္နဲ႔ လိဂ္ဖလားေတြရယူခဲ့ၿပီးကတည္းက

ယူႏိုက္တက္တို႔ဖလားလက္မဲ့ျဖစ္ေနတာပါ။

လက္ရွိအခ်ိန္မွာလည္း ဒီႏွစ္သင္းၾကားမွာ ကြာဟခ်က္ႀကီးမားေနၿပီျဖစ္တာေၾကာင့္

ယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ ‘Manchester is Red’ဆိုတာကို

ေႂကြးေၾကာ္ဖို႔ ေနာက္ထပ္ႏွစ္အေတာ္ၾကာေစာင့္ဆိုင္းရဦးမယ့္ပုံပါပဲ။