ပြိုင်ဘက်ကို မလေးစားလွန်းရာကျတဲ့ ဇာခါ

နော်ဝစ်ချ်ကို ၅ ဂိုးပြတ်နဲ့အနိုင်ရခဲ့တာကြောင့် မျှော်လင့်ထားသလိုပဲ

အာဆင်နယ်ရဲ့ဘောက်ဆင်ဒေးပွဲစဉ်ဟာ သက်တောင့်သက်သာ ရှိခဲ့ပါတယ်။

အဲဒီရလဒ်ကြောင့်လည်း ပရီးမီးယားလိဂ်မှာ အာဆင်နယ်ရဲ့

အပြတ်သားဆုံးအဝေးကွင်းနိုင်ပွဲတွေထဲကလည်း တစ်ပွဲဖြစ်လာပါတယ်။

အာတီတာရဲ့ကစားသမားတွေဟာ အမှတ်ပေးဇယားအောက်ခြေက

အသင်းငယ်လေးကို ပွဲချိန်တစ်လျှောက်လုံး တစ်ဖက်သက်ကစားနိုင်ခဲ့တာပါ။

ဒါကြောင့်လည်း ဇာခါလို ကွင်းလယ်အဖျက်ကစားသမားတစ်ယောက်အနေနဲ့

အပန်းမကြီးတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့တာပါ။

ဒီဆွစ်ဇာလန်သားဟာ အဲဒီပွဲမှာ ဂိုးသွင်းသူတစ်ယောက်မဟုတ်ခဲ့ပေမယ့်

အဲဒီပွဲရဲ့အမှတ်ရစရာအကောင်းဆုံးအခိုက်အတန့်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။

ကွင်းလယ်မှာပဲ သူ့ဆီချိန်းပေးလိုက်တဲ့ ဘောလုံးကို နောက်ကျောနဲ့ထိန်းပြီး

ခန္ဓာကိုယ်တစ်ပတ်လှည့်ကာ ဆွဲယူသွးခဲ့တာပါ။

သူ့ဝန်းကျင်မှာ ပြိုင်ဘက်တစ်ယောက်မှ ရှိမနေသလို အချိန်လည်းရ

နေရာလွတ်လည်းရနေတာကြောင့် ဘာဖိအားမှ ရှိမနေတဲ့ ဇာခါဟာ

အဲဒီအကွက်သုံးလိုက်တာဖြစ်မှာပါ။

ဒါဟာ အလှအပတွေကစားတတ်တဲ့ ဘရာဇီးဂန္ထဝင်ဟောင်း

ရော်နယ်ဒင်ဟိုရဲ့အကွက်တွေထဲက တစ်ခုဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာထက်မှာတော့ ဇာခါရဲ့အဲဒီရော်နယ်ဒင်ဟိုအကွက်ကို

သဘောကျသူတွေရှိသလို ဝေဖန်သူတွေလည်း ရှိနေတာပါ။

ပရိသတ်တစ်ယောက်ကတော့ ဒါဟာ ပြိုင်ဘက်ကို

မလေးစားလွန်းရာကျတယ်လို့ ဝေဖန်ခဲ့ပါတယ်။

တချို့ကလည်း ဇာခါလို ခပ်ကြမ်းကြမ်းကစားသမားတစ်ယောက်က

ဒီလိုအကွက်သုံးလို့ တအံ့တသြဖြစ်နေကြပါတယ်။

ဇာခါလို ကွင်းလယ်အဖျက်တောင် ဒီလိုအလှအပပြသွားတယ်ဆိုတော့

ပရီးမီးယားလိဂ်မှာ နော်ဝစ်ရဲ့ညံ့ဖျင်းမှုကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။

zawgyi

ၿပိဳင္ဘက္ကို မေလးစားလြန္းရာက်တဲ့ ဇာခါ

ေနာ္ဝစ္ခ်္ကို ၅ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တာေၾကာင့္ ေမွ်ာ္လင့္ထားသလိုပဲ

အာဆင္နယ္ရဲ႕ေဘာက္ဆင္ေဒးပြဲစဥ္ဟာ သက္ေတာင့္သက္သာ ရွိခဲ့ပါတယ္။

အဲဒီရလဒ္ေၾကာင့္လည္း ပရီးမီးယားလိဂ္မွာ အာဆင္နယ္ရဲ႕

အျပတ္သားဆုံးအေဝးကြင္းႏိုင္ပြဲေတြထဲကလည္း တစ္ပြဲျဖစ္လာပါတယ္။

အာတီတာရဲ႕ကစားသမားေတြဟာ အမွတ္ေပးဇယားေအာက္ေျခက

အသင္းငယ္ေလးကို ပြဲခ်ိန္တစ္ေလွ်ာက္လုံး တစ္ဖက္သက္ကစားႏိုင္ခဲ့တာပါ။

ဒါေၾကာင့္လည္း ဇာခါလို ကြင္းလယ္အဖ်က္ကစားသမားတစ္ေယာက္အေနနဲ႔

အပန္းမႀကီးတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့တာပါ။

ဒီဆြစ္ဇာလန္သားဟာ အဲဒီပြဲမွာ ဂိုးသြင္းသူတစ္ေယာက္မဟုတ္ခဲ့ေပမယ့္

အဲဒီပြဲရဲ႕အမွတ္ရစရာအေကာင္းဆုံးအခိုက္အတန႔္တစ္ခုကို ဖန္တီးႏိုင္ခဲ့ပါတယ္။

ကြင္းလယ္မွာပဲ သူ႔ဆီခ်ိန္းေပးလိုက္တဲ့ ေဘာလုံးကို ေနာက္ေက်ာနဲ႔ထိန္းၿပီး

ခႏၶာကိုယ္တစ္ပတ္လွည့္ကာ ဆြဲယူသြးခဲ့တာပါ။

သူ႔ဝန္းက်င္မွာ ၿပိဳင္ဘက္တစ္ေယာက္မွ ရွိမေနသလို အခ်ိန္လည္းရ

ေနရာလြတ္လည္းရေနတာေၾကာင့္ ဘာဖိအားမွ ရွိမေနတဲ့ ဇာခါဟာ

အဲဒီအကြက္သုံးလိုက္တာျဖစ္မွာပါ။

ဒါဟာ အလွအပေတြကစားတတ္တဲ့ ဘရာဇီးဂႏၴဝင္ေဟာင္း

ေရာ္နယ္ဒင္ဟိုရဲ႕အကြက္ေတြထဲက တစ္ခုျဖစ္ပါတယ္။

ဆိုရွယ္မီဒီယာထက္မွာေတာ့ ဇာခါရဲ႕အဲဒီေရာ္နယ္ဒင္ဟိုအကြက္ကို

သေဘာက်သူေတြရွိသလို ေဝဖန္သူေတြလည္း ရွိေနတာပါ။

ပရိသတ္တစ္ေယာက္ကေတာ့ ဒါဟာ ၿပိဳင္ဘက္ကို

မေလးစားလြန္းရာက်တယ္လို႔ ေဝဖန္ခဲ့ပါတယ္။

တခ်ိဳ႕ကလည္း ဇာခါလို ခပ္ၾကမ္းၾကမ္းကစားသမားတစ္ေယာက္က

ဒီလိုအကြက္သုံးလို႔ တအံ့တၾသျဖစ္ေနၾကပါတယ္။

ဇာခါလို ကြင္းလယ္အဖ်က္ေတာင္ ဒီလိုအလွအပျပသြားတယ္ဆိုေတာ့

ပရီးမီးယားလိဂ္မွာ ေနာ္ဝစ္ရဲ႕ညံ့ဖ်င္းမႈကို မီးေမာင္းထိုးျပသလို ျဖစ္ေနပါတယ္။