ပြိုင်ဘက်ကတောင် လိုက်မလုရဲတော့တဲ့ မက်ဆီရဲ့ ၃၆၀ ဒီဂရီလှည့်လည်ကျော်ဖြတ်မှု

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ တနင်္ဂနွေနေ့ညက

လိုရီယန့်ကို ၅-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တကယ်ကို
လက်ဖျားခါလောက်တဲ့ ၃၆၀ ဒီဂရီ လှည့်လည်ကျော်ဖြတ်ကာ
ပြိုင်ဘက်ကို လုံးဝမင်တက်သွားစေခဲ့ပြီး ကြည့်လိုက်ရင်
မဖြစ်နိုင်တဲ့အရာကို လုပ်ပြသွားတာဖြစ်ပါတယ်။
မက်ဆီဟာ အဲဒီပွဲမှာ ယခုရာသီ သူ့အတွက်

တတိယမြောက် လီဂူးသွင်းဂိုးအဖြစ် ၁ဂိုးသွင်းယူနိုင်ခဲ့ပြီး
တွက်ဘက်တိုက်စစ်မှူးတွေဖြစ်တဲ့ ဘာပေနဲ့
နေမာတို့ကလည်း ၂ဂိုးစီ သွင်းယူနိုင်ခဲ့ပါတယ်။
အဲဒီပွဲမှာ ဘာပေက ဂိုးဖန်တီးမှု ၃ကြိမ်အထိပါ
ပြုလုပ်နိုင်ခဲ့ပြီး တစ်ပွဲတည်းမှာပဲ မက်ဆီ၊ နေမာနဲ့

ဘာပေတို့အားလုံး ပထမဆုံးအကြိမ်ဂိုးသွင်းနိုင်ခဲ့တာပါ။
မက်ဆီဟာ ပွဲချိန် ၇၃ မိနစ်မှာ ပီအက်စ်ဂျီအတွက်
စတုတ္ထမြောက်ဂိုးအဖြစ် မက်ပီရဲ့ပေးပို့မှုကနေ
သွင်းယူခဲ့တာဖြစ်ပေမယ့် အဲဒီပွဲမှာ သူ့ရဲ့
အကောင်းဆုံးလှုပ်ရှားမှုကတော့ ဂိုးသွင်းယူမှုမဟုတ်ဘဲ

တကယ့်ကိုရူးလောက်တဲ့ အကွက်ပြသွားတာဖြစ်ပါတယ်။
မက်ဆီဟာ ကွင်းလယ်နားလောက်မှာ ဘောလုံးလက်ခံရယူစဉ်
ပြိုင်ဘက်ကစားသမားကလည်း သူ့ဆီကနေ
ဘောလုံးလုယူဖို့ အားကုန်ကြိုးစားခဲ့ပါတယ်။
ပြိင်ဘက်ရဲ့ဖိအားပေးမှုကြောင့် ရွှေဘောလုံးဆု

၇ကြိမ်ရရှိထားတဲ့ မက်ဆီလည်း ဟန်ချက်ပျက်သွားပေမယ့်
တကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင်
မြက်ခင်းပေါ် လဲကျတော့မလိုအနေအထားကနေ
၃၆၀ ဒီဂရီ ကိုယ်ကိုလှည့်ကာ ဘောလုံးကို
တစ်ခါတည်းဆွဲပြေးကာ ဘယ်တောင်ပံကနေ

တက်လာတဲ့ ဒီယယ်လိုရဲ့ပြေးလမ်းထဲ အသာလေးမျှောပေးလိုက်ပါတယ်။
အဲဒီလိုမဖြစ်နိုင်တဲ့အနေအထားကနေ ဘောလုံး
ပျက်မသွားအောင် ထိန်းနိုင်ခဲ့တဲ့ မက်ဆီကြောင့်
ပြိုင်ဘက်ကစားသမားလည်း မယုံနိုင်ဖြစ်သွားပြီး
လိုက်တောင် မလုတော့ဘဲ ဒီအတိုင်း ငေးကြည့်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။

မက်ဆီဟာ အဲဒီလိုပုံစံမျိုး လိုရီယန်နဲ့ပွဲမှာ တစ်ကြိမ်တည်း
လုပ်ပြခဲ့တာမဟုတ်ဘဲ နောက်တစ်ကြိမ် လုပ်ပြခဲ့ပါသေးတယ်။

Zawgyi

ၿပိဳင္ဘက္ကေတာင္ လုိက္မလုရဲေတာ့တဲ့ မက္ဆီရဲ႕ ၃၆၀ ဒီဂရီလွည့္လည္ေက်ာ္ျဖတ္မႈ
ပီအက္စ္ဂ်ီတုိက္စစ္မွဴး မက္ဆီဟာ တနဂၤေႏြေန႔ညက
လိုရီယန္႔ကို ၅-၁ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ တကယ္ကို
လက္ဖ်ားခါေလာက္တဲ့ ၃၆၀ ဒီဂရီ လွည့္လည္ေက်ာ္ျဖတ္ကာ
ၿပိဳင္ဘက္ကို လုံး၀မင္တက္သြားေစခဲ့ၿပီး ၾကည့္လုိက္ရင္

မျဖစ္ႏိုင္တဲ့အရာကို လုပ္ျပသြားတာျဖစ္ပါတယ္။
မက္ဆီဟာ အဲဒီပြဲမွာ ယခုရာသီ သူ႕အတြက္
တတိယေျမာက္ လီဂူးသြင္းဂိုးအျဖစ္ ၁ဂိုးသြင္းယူႏုိင္ခဲ့ၿပီး
တြက္ဘက္တုိက္စစ္မွဴးေတြျဖစ္တဲ့ ဘာေပနဲ႔
ေနမာတုိ႔ကလည္း ၂ဂိုးစီ သြင္းယူႏုိင္ခဲ့ပါတယ္။

အဲဒီပြဲမွာ ဘာေပက ဂိုးဖန္တီးမႈ ၃ႀကိမ္အထိပါ
ျပဳလုပ္ႏိုင္ခဲ့ၿပီး တစ္ပြဲတည္းမွာပဲ မက္ဆီ၊ ေနမာနဲ႔
ဘာေပတုိ႔အားလုံး ပထမဆုံးအႀကိမ္ဂိုးသြင္းႏုိင္ခဲ့တာပါ။
မက္ဆီဟာ ပြဲခ်ိန္ ၇၃ မိနစ္မွာ ပီအက္စ္ဂ်ီအတြက္
စတုတၳေျမာက္ဂိုးအျဖစ္ မက္ပီရဲ႕ေပးပို႔မႈကေန

သြင္းယူခဲ့တာျဖစ္ေပမယ့္ အဲဒီပဲြမွာ သူ႕ရဲ႕
အေကာင္းဆုံးလႈပ္ရွားမႈကေတာ့ ဂိုးသြင္းယူမႈမဟုတ္ဘဲ
တကယ့္ကိုရူးေလာက္တဲ့ အကြက္ျပသြားတာျဖစ္ပါတယ္။
မက္ဆီဟာ ကြင္းလယ္နားေလာက္မွာ ေဘာလုံးလက္ခံရယူစဥ္
ၿပိဳင္ဘက္ကစားသမားကလည္း သူ႕ဆီကေန

ေဘာလုံးလုယူဖို႔ အားကုန္ႀကိဳးစားခဲ့ပါတယ္။
ၿပိင္ဘက္ရဲ႕ဖိအားေပးမႈေၾကာင့္ ေရႊေဘာလုံးဆု
၇ႀကိမ္ရရွိထားတဲ့ မက္ဆီလည္း ဟန္ခ်က္ပ်က္သြားေပမယ့္
တကယ့္ကို မယုံႏိုင္စရာေကာင္းေလာက္ေအာင္
ျမက္ခင္းေပၚ လဲက်ေတာ့မလုိအေနအထားကေန

၃၆၀ ဒီဂရီ ကိုယ္ကိုလွည့္ကာ ေဘာလုံးကို
တစ္ခါတည္းဆြဲေျပးကာ ဘယ္ေတာင္ပံကေန
တက္လာတဲ့ ဒီယယ္လုိရဲ႕ေျပးလမ္းထဲ အသာေလးေမွ်ာေပးလုိက္ပါတယ္။
အဲဒီလိုမျဖစ္ႏိုင္တဲ့အေနအထားကေန ေဘာလုံး
ပ်က္မသြားေအာင္ ထိန္းႏိုင္ခဲ့တဲ့ မက္ဆီေၾကာင့္

ၿပိဳင္ဘက္ကစားသမားလည္း မယုံႏုိင္ျဖစ္သြားၿပီး
လိုက္ေတာင္ မလုေတာ့ဘဲ ဒီအတုိင္း ေငးၾကည့္ေနရုံပဲ တတ္ႏိုင္ခဲ့ပါတယ္။
မက္ဆီဟာ အဲဒီလုိပုံစံမ်ိဳး လုိရီယန္နဲ႔ပြဲမွာ တစ္ႀကိမ္တည္း
လုပ္ျပခဲ့တာမဟုတ္ဘဲ ေနာက္တစ္ႀကိမ္ လုပ္ျပခဲ့ပါေသးတယ္။