ပြိုင်ဘက်ကစားသမားကို မွေထိုင်းပုံစံတိုက်ခိုက်ခဲ့တဲ့ ထိုင်းကစားသမားတစ်ဦး အသင်းကနေ ထုတ်ပယ်ခံရ

ထိုင်းကစားသမားတစ်ဦးဟာ ပြိုင်ဘက်ကစားသမားတစ်ဦးကို

မွေထိုင်းပုံစံ တံတောင်နဲ့ကျွေးခဲ့တာကြောင့် သူ့ကလပ်ရဲ့
ထုတ်ပယ်ခြင်းခံခဲ့ရကြောင်း သိရပါတယ်။
တနင်္ဂနွေနေ့က ထိုင်းလိဂ်-၃ ပလေးအော့ဖ်ပွဲစဉ်အဖြစ်
ဘန်ကောက်အက်ဖ်စီအသင်းနဲ့ ဘန်ကောက်မြောက်ပိုင်းတက္ကသိုလ်အသင်းတို့
ရင်ဆိုင်ခဲ့ရာမှာ ပွဲပြီးခါနီး ဘန်ကောက်အက်ဖ်စီကစားသမား

နိုချိုင်ဘွန်းက ပြိုင်ဘက်ကစားသမား ရမ်းစူဖာနီမစ်ကို
တံတောင်နဲ့ ပြင်းထန်စွာတွတ်ခဲ့တာဖြစ်ပြီး
အဲဒီဖြစ်ရပ်ကြောင့် ဘန်ကောက်အက်ဖ်စီအသင်းကလည်း
နိုချိုင်ဘွန်းရဲ့စာချုပ်ကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။


ပွဲပြီးခါနီး ဘေးထွက်ဘောဖြစ်သွားချိန် ရမ်းစူဖာနီမစ်က
အနည်းငယ်ခြေချိတ်လိုက်တာကို ဒေါသထွက်သွားတဲ့
နိုချိုင်ဘွန်းက ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်တာဖြစ်ပြီး
ပြိုင်ဘက်ရဲ့မျက်နှာကို ဘယ်တံတောင်နဲ့ အားပါပါ

ပတ်တံတောင်ပုံစံမျိုး ကျွေးလိုက်တာဖြစ်ပါတယ်။
နိုချိုင်ဘွန်းကို ကွင်းလယ်ဒိုင်က အနီကတ်ပြ
ထုတ်ပယ်လိုက်သလို ရမ်းစူဖာနီမစ်လည်း
မျက်နှာမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလို့
၂၄ချက်အထိ ချုပ်လိုက်ရတယ်လို့ သိရပါတယ်။


အဲဒီနောက် ဘန်ကောက်အက်ဖ်စီက
နိုချိုင်ဘွန်းရဲ့စာချုပ်ကို အသင်းဘက်ကနေ
ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာပါတယ်။

ဘန်ကောက်မြောက်ပိုင်းတက္ကသိုလ်အသင်းကလည်း ရမ်းစူဖာနီမစ်ရဲ့
အခြေအနေကို ထုတ်ပြန်ရင်း ကစားသမားဖြစ်သူကို
အကောင်းဆုံးကုသသွားမှာဖြစ်ကြောင်း အတည်ပြုပါတယ်။