
နော်ဝှစ်ကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီးနောက် လီဗာပူးဟာ ဒီရာသီပရီးမီးယားလိဂ်မှာ
ပြိုင်ပွဲစုံသွင်းဂိုး ၁၀၀ ပြည့်တဲ့ ပထမဆုံး ပရီးမီးယားလိဂ် အသင်းဖြစ်လာခဲ့ပါတယ်။
လီဗာပူးအတွက်သွင်းဂိုးတွေကို မာနေး၊ ဆာလာနဲ့ ဒီယာ့ဇ်တို့က သွင်းယူပေးခဲ့တာပါ။
လီဗာပူးဟာ နော်ဝှစ်ကို ဦးဆောင်ဂိုးပေးခဲ့ရပြီး
နောက်က ဂိုးတွေပြန်လိုက်သွင်းကာ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
လီဗာပူးဟာ ဒီရာသီပြိုင်ပွဲစုံ ၃၉ ပွဲ ကစားပြီးနောက်
ဂိုး ၁၀၀ ပြည့် သွင်းနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့တာပါ။
ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၅၇ ပွဲကစားပြီး ၉၇ ဂိုးသာရခဲ့ပေမယ့်
ဒီရာသီ်မှာ တိုက်စစ်သိသိသာသာကောင်းနေကာ
ရာသီမကုန်ခင်မှာပဲ မနှစ်က တစ်ရာသီလုံးရဲ့ သွင်းဂိုးအရေအတွက်ကို
ဖြတ်ကျော်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
လီဗာပူးအတွက် ဒုတိယဂိုးသွင်းခဲ့တဲ့ ဆာလာကတော့
ပြိုင်ပွဲစုံ ၂၃၃ ပွဲမှာ ၁၅၀ ဂိုးရခဲ့တာပါ။ လီဗာပူးသမိုင်းမှာ
ရော်ဂျာဟန့် (၂၂၆ပွဲ)ပြီးနောက် သွင်းဂိုး ၁၅၀ ကို
အမြန်ဆုံးပြည့်ခဲ့တဲ့ကစားသမားလည်း ဖြစ်ပါတယ်။
ဆာလာဟာ ဒီရာသီပရီးမီးယားလိဂ် ၂၃ ပွဲမှာ ၁၇ ဂိုး၊ ပြိုင်ပွဲစုံ
၃၀ ပွဲမှာ ၂၅ ဂိုးရခဲ့တာလည်း ဖြစ်ပါတယ်။
လီဗာပူး သွင်းဂိုး ၁၅၀ ပြည့်လို့ ဂုဏ်ယူမိတယ်လို့ဆာလာကပြောခဲ့သလို
သူ့ကိုလည်း နည်းပြ ကလော့ပ်က အထူးချီးကျူးခဲ့ပါတယ်။
မာနေးကလည်း ဒီရာသီအန်ဖီးလ်မှာ ပရီးမီးယားလိဂ်
၁၀ ပွဲကစားပြီး ၆ ဂိုးရခဲ့တာဖြစ်ပါတယ်။
မနှစ်ကတော့ အန်ဖီးလ်မှာ ၁၈ ပွဲကစားပြီး ၅ ဂိုးသာရခဲ့တာမို့
ဒီရာသီမှာ မာနေးဟာ အိမ်ကွင်းမှာ ဂိုးပိုမြူးနေတာလည်း ဖြစ်ပါတယ်။
နော်ဝှစ်ပွဲဟာ မာနေးနဲ့ဆာလာတို့ ၂ ဦးစလုံးအတွက် ၂ ဦးလုံး ဂိုးသွင်းနိုင်တဲ့
ပရီးမီးယားလိဂ် ၃၀ ပွဲမြောက်လည်းဖြစ်ခဲ့ပါတယ်။
သူတို့ ၂ ဦးဟာ တိုက်စစ်မှာ အတူတွဲကစားပြီး ၂ ဦးလုံးဂိုးသွင်းနိုင်တဲ့
ပရီးမီးယားလိဂ်ပွဲအများဆုံးစံချိန်တင်ထားကြသူတွေလည်း ဖြစ်ပါတယ်။
ဇန်နဝါရီစျေးကွက်မပိတ်ခင်ကမှ ပေါ်တိုကနေ ခေါ်ယူခဲ့တဲ့
ကိုလံဘီယာတိုက်စစ်ကစားသမား လူးဝစ်ဒီယာ့ဇ်ကလည်း
လီဗာပူးအတွက် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းပေးနိုင်ခဲ့ပါတယ်။
ထိပ်ဆုံးက မန်စီးတီးဟာ အီတီဟက်မှာ စပါးကို ၂-၃ နဲ့ ရှုံးသွားလို့
မန်စီးတီးနဲ့လီဗာပူးအကြားမှာ ၆ မှတ်သာ ကွာပါတော့တယ်။
လီဗာပူးက မန်စီးတီးထက် ၁ ပွဲလျော့ကစားထားလို့လည်
း ပရီးမီးယားလိဂ်ပြိုင်ပွဲက ပြန်လည်ကျယ်ပြန့်လာပြီလို့ သုံးသပ်နေကြပါတယ်။
လီဗာပူးနည်းပြကလော့ပ်ကတော့ မန်စီးတီးကို အာရုံစိုက်မနေဘဲ
တစ်ပွဲချင်းအလိုက်ရလဒ်ကောင်းအောင် ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။
zawgyi
ၿပိဳင္ပြဲစုံ သြင္းဂိုး ၁၅၀ ျပည့္လို႔ ဂုဏ္ဆာေနတဲ့ ဆာလာနဲ႔ ဒီရာသီ ဂိုး ၁၀၀ ျပည့္တဲ့ ပထမဆုံးအသင္း လီဗာပူး
ေနာ္ဝွစ္ကို ၃-၁ နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ လီဗာပူးဟာ ဒီရာသီပရီးမီးယားလိဂ္မွာ
ၿပိဳင္ပြဲစုံသြင္းဂိုး ၁၀၀ ျပည့္တဲ့ ပထမဆုံး ပရီးမီးယားလိဂ္ အသင္းျဖစ္လာခဲ့ပါတယ္။
လီဗာပူးအတြက္သြင္းဂိုးေတြကို မာေနး၊ ဆာလာနဲ႔ ဒီယာ့ဇ္တို႔က သြင္းယူေပးခဲ့တာပါ။
လီဗာပူးဟာ ေနာ္ဝွစ္ကို ဦးေဆာင္ဂိုးေပးခဲ့ရၿပီး
ေနာက္က ဂိုးေတြျပန္လိုက္သြင္းကာ အႏိုင္ရခဲ့တာလည္း ျဖစ္ပါတယ္။
လီဗာပူးဟာ ဒီရာသီၿပိဳင္ပြဲစုံ ၃၉ ပြဲ ကစားၿပီးေနာက္
ဂိုး ၁၀၀ ျပည့္ သြင္းႏိုင္တဲ့ ပထမဆုံးအသင္းျဖစ္လာခဲ့တာပါ။
ၿပီးခဲ့တဲ့ ရာသီက ၿပိဳင္ပြဲစုံ ၅၇ ပြဲကစားၿပီး ၉၇ ဂိုးသာရခဲ့ေပမယ့္
ဒီရာသီ္မွာ တိုက္စစ္သိသိသာသာေကာင္းေနကာ
ရာသီမကုန္ခင္မွာပဲ မႏွစ္က တစ္ရာသီလုံးရဲ႕ သြင္းဂိုးအေရအတြက္ကို
ျဖတ္ေက်ာ္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
လီဗာပူးအတြက္ ဒုတိယဂိုးသြင္းခဲ့တဲ့ ဆာလာကေတာ့
ၿပိဳင္ပြဲစုံ ၂၃၃ ပြဲမွာ ၁၅၀ ဂိုးရခဲ့တာပါ။ လီဗာပူးသမိုင္းမွာ
ေရာ္ဂ်ာဟန္႔ (၂၂၆ပြဲ)ၿပီးေနာက္ သြင္းဂိုး ၁၅၀ ကို
အျမန္ဆုံးျပည့္ခဲ့တဲ့ကစားသမားလည္း ျဖစ္ပါတယ္။
ဆာလာဟာ ဒီရာသီပရီးမီးယားလိဂ္ ၂၃ ပြဲမွာ ၁၇ ဂိုး၊ ၿပိဳင္ပြဲစုံ
၃၀ ပြဲမွာ ၂၅ ဂိုးရခဲ့တာလည္း ျဖစ္ပါတယ္။
လီဗာပူး သြင္းဂိုး ၁၅၀ ျပည့္လို႔ ဂုဏ္ယူမိတယ္လို႔ဆာလာကေျပာခဲ့သလို
သူ႔ကိုလည္း နည္းျပ ကေလာ့ပ္က အထူးခ်ီးက်ဴးခဲ့ပါတယ္။
မာေနးကလည္း ဒီရာသီအန္ဖီးလ္မွာ ပရီးမီးယားလိဂ္
၁၀ ပြဲကစားၿပီး ၆ ဂိုးရခဲ့တာျဖစ္ပါတယ္။
မႏွစ္ကေတာ့ အန္ဖီးလ္မွာ ၁၈ ပြဲကစားၿပီး ၅ ဂိုးသာရခဲ့တာမို႔
ဒီရာသီမွာ မာေနးဟာ အိမ္ကြင္းမွာ ဂိုးပိုျမဴးေနတာလည္း ျဖစ္ပါတယ္။
ေနာ္ဝွစ္ပြဲဟာ မာေနးနဲ႔ဆာလာတို႔ ၂ ဦးစလုံးအတြက္ ၂ ဦးလုံး ဂိုးသြင္းႏိုင္တဲ့
ပရီးမီးယားလိဂ္ ၃၀ ပြဲေျမာက္လည္းျဖစ္ခဲ့ပါတယ္။
သူတို႔ ၂ ဦးဟာ တိုက္စစ္မွာ အတူတြဲကစားၿပီး ၂ ဦးလုံးဂိုးသြင္းႏိုင္တဲ့
ပရီးမီးယားလိဂ္ပြဲအမ်ားဆုံးစံခ်ိန္တင္ထားၾကသူေတြလည္း ျဖစ္ပါတယ္။
ဇန္နဝါရီေစ်းကြက္မပိတ္ခင္ကမွ ေပၚတိုကေန ေခၚယူခဲ့တဲ့
ကိုလံဘီယာတိုက္စစ္ကစားသမား လူးဝစ္ဒီယာ့ဇ္ကလည္း
လီဗာပူးအတြက္ သူ႔ရဲ႕ပထမဆုံးဂိုးကို သြင္းေပးႏိုင္ခဲ့ပါတယ္။
ထိပ္ဆုံးက မန္စီးတီးဟာ အီတီဟက္မွာ စပါးကို ၂-၃ နဲ႔ ရႈံးသြားလို႔
မန္စီးတီးနဲ႔လီဗာပူးအၾကားမွာ ၆ မွတ္သာ ကြာပါေတာ့တယ္။
လီဗာပူးက မန္စီးတီးထက္ ၁ ပြဲေလ်ာ့ကစားထားလို႔လည္
း ပရီးမီးယားလိဂ္ၿပိဳင္ပြဲက ျပန္လည္က်ယ္ျပန္႔လာၿပီလို႔ သုံးသပ္ေနၾကပါတယ္။
လီဗာပူးနည္းျပကေလာ့ပ္ကေတာ့ မန္စီးတီးကို အာ႐ုံစိုက္မေနဘဲ
တစ္ပြဲခ်င္းအလိုက္ရလဒ္ေကာင္းေအာင္ ႀကိဳးစားသြားမယ္လို႔ ဆိုထားပါတယ္။