
ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)တနင်္ဂနွေနေ့ပွဲတစ်ပွဲဖြစ်တဲ့ အာဆင်နယ်-ဝက်ဖို့ဒ်တို့ရဲ့ပွဲမှာ
အာဆင်နယ်အသင်းက လူငယ်တိုက်စစ်ကစားသမားစမစ်ရိုးရဲ့တစ်လုံးတည်းသော
ဂိုးနဲ့အတူ အနိုင်ယူခဲ့ပြီး အခုဆိုရင် အမှတ်ပေးဇယားမှာ မန်ချက်စတာယူနိုက်တက်
အသင်းကို ကျော်ဖြတ်ပြီးတော့ ရမှတ်(၂၀)နဲ့အဆင့်(၅)နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရာသီအဖွင့်(၃)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ၁၉၅၄ ခုနှစ်နောက်ပိုင်း
အဆိုးရွားဆုံးရာသီအစမှတ်တမ်းနဲ့ရင်ဆိုင်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ
ပွဲစဉ်(၃)အဖြစ် မန်စီးတီးအသင်းကို(၅-ဝ)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးကတည်းက
အခုအချိန်အထိ တောက်လျှောက်ရှုံးပွဲမရှိတော့ဘဲ ခြေစွမ်းပြကစားနေပြီး
ပရီးမီးယားလိဂ်နောက်ဆုံး(၈)ပွဲမှာ (၆)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့ပါတယ်။
ဒါ့အပြင် ပြိုင်ပွဲစုံ(၁၀)ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘဲ (၈)ပွဲနိုင်၊ (၂)ပွဲသရေ
ကစားခဲ့တာကြောင့် ရာသီအစတုန်းက ရာထူးကအထုတ်ခံရဖို့အထိနီးစပ်ခဲ့တဲ့
အာတီတာအတွက် လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာခဲ့ပြီလို့ဆိုရမှာပါ။
ဝက်ဖို့ဒ်နဲ့ပွဲဟာ အာတီတာရဲ့အာဆင်နယ်နည်းပြဘဝပွဲ(၁၀၀)ပြည့်ဖြစ်ခဲ့သလို
(၅၄)ပွဲအထိအနိုင်ရခဲ့ပြီး အာဆင်နယ်နည်းပြတွေထဲမှာ ပွဲ(၁၀၀)အပြီး
အာတီတာထက် နိုင်ပွဲပိုရခဲ့တာက နာမည်ကျော်နည်းပြဟောင်းဂျော့ချ်ဂရေဟမ်
(၅၆ပွဲ)တစ်ဦးသာရှိပါတော့တယ်။
အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်(၃)ပွဲဆက်နိုင်ပွဲအတွက် ပုံဖော်ခဲ့သူ
စမစ်ရိုးဟာ ပြီးခဲ့တဲ့လက်စတာ၊ အက်စတွန်ဗီလာတို့နဲ့ပွဲမှာလည်းဂိုးသွင်းယူ
နိုင်ခဲ့တာကြောင့် အသင်းနာမည်ကျော်ကစားသမားဟောင်းတွေဖြစ်တဲ့
အနယ်လ်ကာ၊ ရေးယက်စ်၊ ဖာဘရီဂတ်စ်တို့ပြီးရင် ပရီးမီးယားလိဂ်(၃)ပွဲဆက်
ဂိုးသွင်းနိုင်ခဲ့တဲ့ စတုတ္ထမြောက် အသက်(၂၁)နှစ်နဲ့အောက်ကစားသမားအဖြစ်
မှတ်တမ်းဝင်ခဲ့ပါတယ်။
စမစ်ရိုး၊ အာတီတာတို့ မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့ချိန်မှာ ဝါရင့်တိုက်စစ်မှူး
အူဘာမီယန်းကတော့ ကံမကောင်းခဲ့ဘဲ ပယ်နယ်တီလွဲချော်ခဲ့တဲ့အတွက်
ပယ်နယ်တီ(၁၃)ကြိမ်မှာ(၄)ကြိမ်မြောက်လွဲချော်ခဲ့တာဖြစ်လို့ ဂန္ထဝင်တိုက်စစ်မှူး
အီယန်ရိုက်(၆ကြိမ်)ပြီးရင်
လွဲချော်မှုအများဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ပယ်နယ်တီကာကွယ်ခဲ့တဲ့
ဝက်ဖို့ဒ်ဂိုးသမားဖော်စတာကတော့ အသက်(၃၈)နှစ်၊ (၂၁၈)ရက်နဲ့ ဂစ်ဗင်း
(၄ဝနှစ်၊ ၁၂၉ရက်-စတုတ်နဲ့အဲဗာတန်/၂၀၁၆)နောက်ပိုင်း ပရီးမီးယားလိဂ်မှာ
ပယ်နယ်တီကာကွယ်နိုင်ခဲ့တဲ့ အသက်အကြီးဆုံးဂိုးသမားအဖြစ်ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။
Zawgyi
ၿပိဳင္ပြဲစုံ(၁၀)ပြဲဆက္ရႈံးပြဲမရွိခဲ့တဲ့ အာဆင္နယ္
ပရီးမီးယားလိဂ္ပြဲစဥ္(၁၁)တနဂၤေႏြေန႔ပြဲတစ္ပြဲျဖစ္တဲ့ အာဆင္နယ္-ဝက္ဖို႔ဒ္တို႔ရဲ႕ပြဲမွာ
အာဆင္နယ္အသင္းက လူငယ္တိုက္စစ္ကစားသမားစမစ္႐ိုးရဲ႕တစ္လုံးတည္းေသာ
ဂိုးနဲ႔အတူ အႏိုင္ယူခဲ့ၿပီး အခုဆိုရင္ အမွတ္ေပးဇယားမွာ မန္ခ်က္စတာယူႏိုက္တက္
အသင္းကို ေက်ာ္ျဖတ္ၿပီးေတာ့ ရမွတ္(၂၀)နဲ႔အဆင့္(၅)ေနရာအထိ တက္လွမ္းႏိုင္ခဲ့ပါတယ္။
ပရီးမီးယားလိဂ္ရာသီအဖြင့္(၃)ပြဲဆက္တိုက္ရႈံးနိမ့္ခဲ့ၿပီး ၁၉၅၄ ခုႏွစ္ေနာက္ပိုင္း
အဆိုး႐ြားဆုံးရာသီအစမွတ္တမ္းနဲ႔ရင္ဆိုင္ခဲ့ရတဲ့ အာဆင္နယ္အသင္းဟာ
ပြဲစဥ္(၃)အျဖစ္ မန္စီးတီးအသင္းကို(၅-ဝ)ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီးကတည္းက
အခုအခ်ိန္အထိ ေတာက္ေလွ်ာက္ရႈံးပြဲမရွိေတာ့ဘဲ ေျခစြမ္းျပကစားေနၿပီး
ပရီးမီးယားလိဂ္ေနာက္ဆုံး(၈)ပြဲမွာ (၆)ပြဲႏိုင္၊ (၂)ပြဲသေရက်ခဲ့ပါတယ္။
ဒါ့အျပင္ ၿပိဳင္ပြဲစုံ(၁၀)ပြဲဆက္တိုက္ရႈံးပြဲမရွိခဲ့ဘဲ (၈)ပြဲႏိုင္၊ (၂)ပြဲသေရ
ကစားခဲ့တာေၾကာင့္ ရာသီအစတုန္းက ရာထူးကအထုတ္ခံရဖို႔အထိနီးစပ္ခဲ့တဲ့
အာတီတာအတြက္ လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္လာခဲ့ၿပီလို႔ဆိုရမွာပါ။
ဝက္ဖို႔ဒ္နဲ႔ပြဲဟာ အာတီတာရဲ႕အာဆင္နယ္နည္းျပဘဝပြဲ(၁၀၀)ျပည့္ျဖစ္ခဲ့သလို
(၅၄)ပြဲအထိအႏိုင္ရခဲ့ၿပီး အာဆင္နယ္နည္းျပေတြထဲမွာ ပြဲ(၁၀၀)အၿပီး
အာတီတာထက္ ႏိုင္ပြဲပိုရခဲ့တာက နာမည္ေက်ာ္နည္းျပေဟာင္းေဂ်ာ့ခ်္ဂေရဟမ္
(၅၆ပြဲ)တစ္ဦးသာရွိပါေတာ့တယ္။
အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္(၃)ပြဲဆက္ႏိုင္ပြဲအတြက္ ပုံေဖာ္ခဲ့သူ
စမစ္႐ိုးဟာ ၿပီးခဲ့တဲ့လက္စတာ၊ အက္စတြန္ဗီလာတို႔နဲ႔ပြဲမွာလည္းဂိုးသြင္းယူ
ႏိုင္ခဲ့တာေၾကာင့္ အသင္းနာမည္ေက်ာ္ကစားသမားေဟာင္းေတြျဖစ္တဲ့
အနယ္လ္ကာ၊ ေရးယက္စ္၊ ဖာဘရီဂတ္စ္တို႔ၿပီးရင္ ပရီးမီးယားလိဂ္(၃)ပြဲဆက္
ဂိုးသြင္းႏိုင္ခဲ့တဲ့ စတုတၳေျမာက္ အသက္(၂၁)ႏွစ္နဲ႔ေအာက္ကစားသမားအျဖစ္
မွတ္တမ္းဝင္ခဲ့ပါတယ္။
စမစ္႐ိုး၊ အာတီတာတို႔ မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့ခ်ိန္မွာ ဝါရင့္တိုက္စစ္မႉး
အူဘာမီယန္းကေတာ့ ကံမေကာင္းခဲ့ဘဲ ပယ္နယ္တီလြဲေခ်ာ္ခဲ့တဲ့အတြက္
ပယ္နယ္တီ(၁၃)ႀကိမ္မွာ(၄)ႀကိမ္ေျမာက္လြဲေခ်ာ္ခဲ့တာျဖစ္လို႔ ဂႏၴဝင္တိုက္စစ္မႉ
းအီယန္႐ိုက္(၆ႀကိမ္)ၿပီးရင္
လြဲေခ်ာ္မႈအမ်ားဆုံးကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ၿပီး ပယ္နယ္တီကာကြယ္ခဲ့တဲ့
ဝက္ဖို႔ဒ္ဂိုးသမားေဖာ္စတာကေတာ့ အသက္(၃၈)ႏွစ္၊ (၂၁၈)ရက္နဲ႔ ဂစ္ဗင္း
(၄ဝႏွစ္၊ ၁၂၉ရက္-စတုတ္နဲ႔အဲဗာတန္/၂၀၁၆)ေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ
ပယ္နယ္တီကာကြယ္ႏိုင္ခဲ့တဲ့ အသက္အႀကီးဆုံးဂိုးသမားအျဖစ္ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။