ပြည်တော်ပြန်ဝင်လာမယ့် ပိုချက်တီနိုကို စပါးမှာ တွေ့ရဖို့ရှိနေတယ်

နယူးကာဆယ်ကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ စပါးအသင်းဟာ လက်ရှိနည်းပြ ကွန်တီကို ထုတ်ပယ်ပြီး နည်းပြဟောင်း ပိုချက်တီနိုကို ပြန် လည်အစားထိုး ခန့်အပ်တော့မယ်လို့ သတင်းထွက်လာပါတယ်။

ဒါပေမဲ့ ကွန် တီကတော့ လက်ရှိရလဒ်ဆိုးတွေအတွက် အချိန်အတိုင်းအတာတစ်ခုအထိ သည်းခံပေးဖို့နဲ့ နည်းလမ်းကောင်းကို ရှာဖွေနိုင်တဲ့ အတွေ့အကြုံမျိုး သူ့မှာ ရှိပြီးသားဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ မန်ယူကို ရှုံးနိမ့်ခဲ့တဲ့ စပါးဟာ အခုပွဲစဉ်မှာလည်း နယူးကာဆယ်ကို ထပ်ပြီးရှုံးနိမ့်ခဲ့ရတာ ကြောင့် ရှုံးပွဲဆက်ခဲ့ပြီး ထိပ်ဆုံးက တစ်ပွဲလျော့ အာဆင်နယ်အသင်းနဲ့ ၅ မှတ်အထိ ကွာဟနေခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် စပါးရဲ့ လက်ရှိအခြေအနေ အတွက် အချိန်ယူဖြေရှင်းဖို့ လိုအပ်ပြီး သည်းခံပေးဖို့လည်း လိုအပ်တယ်လို့ ကွန်တီက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာပါ။

‘’ဒါဟာဆို ရင် ကျွန်တော်တို့ဟာ အချိန်ပေးဖို့ လိုအပ်နေသလို သည်းခံပေးဖို့လည်း လို အပ်တယ်ဆိုတာကို ပြသနေတာပါ။ အပြောင်းအရွှေ့ရာသီ မတိုင်ခင်မှာ နှစ် ခါသုံးခါလောက် ကျွန်တော် ပြောခဲ့ပြီးပါပြီ။

ဒီစကားတွေက ကျွန်တော် အရင် က ပြောခဲ့တဲ့ စကားတွေပါ။ အခုမှ လှည့်ဖြားဖို့ ပြောနေတာမဟုတ်သလို ဆင်ခြေပေးနေတာလည်း မဟုတ်ပါဘူး။

ကျွန်တော်တို့ စိုက်လိုက်မတ်တပ် လုပ်ဆောင်ရမယ့် နည်းလမ်းကို နားလည်တဲ့ အတွေ့အကြုံမျိုး ကျွန်တော့်မှာ ရှိပြီးသားပါ။ နယူးကာဆယ်လိုအသင်းမျိုးကို ရှုံးတယ်ဆိုတာမျိုးက ဖြစ်နိုင်ပါတယ်။

ဒီညမှာ ကျွန်တော်တို့အသင်း ရှိခဲ့တဲ့ စိတ်အားထက်သန်မှုနဲ့ ကျွန်တော့်ကစားသမားတွေရဲ့ အပြုအမူတွေအပေါ်မှာ ဘာမှ အပြစ်တင်ချင်တာ မျိုး မရှိပါဘူး’’ လို့ ကွန်တီက ပြောဆိုသွားခဲ့တာပါ။

နောက်ပြီး နည်းပြဟောင်း ပိုချက်တီနိုနဲ့ ပတ်သက်တဲ့ သတင်းတွေကို Talk Sport သတင်းဌာနရဲ့ အ ပြောင်းအရွှေ့ရေးရာ ကျွမ်းကျင်သူ အဲလက်စ်ခရွတ်က သုံးသပ်ခဲ့ရာမှာတော့ ‘’ကျွန်တော့်အနေနဲ့ ခန့်မှန်းမှုနည်းနည်းပါးပါး လုပ်နိုင်လားဆိုရင် စပါးမှာ ဖြစ် လာနိုင်တဲ့ အနာဂတ်ကို ကျွန်တော် ပြောမယ်ဗျာ။

ကွန်တီက စပါးနဲ့ စာချုပ် သစ် မချုပ်ရသေးဘူူး။ အယ်လီဂရီက ဖိအားတွေအောက် ရောက်နေတယ်။ ဒါကြောင့် ကွန်တီဟာ ဂျူဗင်ပတ်ကို ပြန်သွားနိုင်ပြီး ပိုချက်တီနိုက စပါးကို ပြန်လာနိုင်ဖို့ ရှိတယ်’’ လို့ ပြောဆိုခဲ့ပါတယ်။

(Zawgyi)

ျပည္ေတာ္ျပန္ဝင္လာမယ့္ ပိုခ်က္တီႏိုကို စပါးမွာ ေတြ႕ရဖို႔ရွိေနတယ္

နယူးကာဆယ္ကို ၁-၂ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီးမွာေတာ့ စပါးအသင္းဟာ လက္ရွိနည္းျပ ကြန္တီကို ထုတ္ပယ္ၿပီး နည္းျပေဟာင္း ပိုခ်က္တီႏိုကို ျပန္ လည္အစားထိုး ခန႔္အပ္ေတာ့မယ္လို႔ သတင္းထြက္လာပါတယ္။

ဒါေပမဲ့ ကြန္ တီကေတာ့ လက္ရွိရလဒ္ဆိုးေတြအတြက္ အခ်ိန္အတိုင္းအတာတစ္ခုအထိ သည္းခံေပးဖို႔နဲ႔ နည္းလမ္းေကာင္းကို ရွာေဖြႏိုင္တဲ့ အေတြ႕အႀကဳံမ်ိဳး သူ႔မွာ ရွိၿပီးသားျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ၾကားရက္မွာ ကစားခဲ့တဲ့ပြဲစဥ္မွာ မန္ယူကို ရႈံးနိမ့္ခဲ့တဲ့ စပါးဟာ အခုပြဲစဥ္မွာလည္း နယူးကာဆယ္ကို ထပ္ၿပီးရႈံးနိမ့္ခဲ့ရတာ ေၾကာင့္ ရႈံးပြဲဆက္ခဲ့ၿပီး ထိပ္ဆုံးက တစ္ပြဲေလ်ာ့ အာဆင္နယ္အသင္းနဲ႔ ၅ မွတ္အထိ ကြာဟေနခဲ့ၿပီျဖစ္ပါတယ္။

ဒါေၾကာင့္ စပါးရဲ႕ လက္ရွိအေျခအေန အတြက္ အခ်ိန္ယူေျဖရွင္းဖို႔ လိုအပ္ၿပီး သည္းခံေပးဖို႔လည္း လိုအပ္တယ္လို႔ ကြန္တီက ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားခဲ့တာပါ။

‘’ဒါဟာဆို ရင္ ကြၽန္ေတာ္တို႔ဟာ အခ်ိန္ေပးဖို႔ လိုအပ္ေနသလို သည္းခံေပးဖို႔လည္း လို အပ္တယ္ဆိုတာကို ျပသေနတာပါ။

အေျပာင္းအေ႐ႊ႕ရာသီ မတိုင္ခင္မွာ ႏွစ္ ခါသုံးခါေလာက္ ကြၽန္ေတာ္ ေျပာခဲ့ၿပီးပါၿပီ။ ဒီစကားေတြက ကြၽန္ေတာ္ အရင္ က ေျပာခဲ့တဲ့ စကားေတြပါ။ အခုမွ လွည့္ျဖားဖို႔ ေျပာေနတာမဟုတ္သလို ဆင္ေျခေပးေနတာလည္း မဟုတ္ပါဘူး။

ကြၽန္ေတာ္တို႔ စိုက္လိုက္မတ္တပ္ လုပ္ေဆာင္ရမယ့္ နည္းလမ္းကို နားလည္တဲ့ အေတြ႕အႀကဳံမ်ိဳး ကြၽန္ေတာ့္မွာ ရွိၿပီးသားပါ။ နယူးကာဆယ္လိုအသင္းမ်ိဳးကို ရႈံးတယ္ဆိုတာမ်ိဳးက ျဖစ္ႏိုင္ပါ တယ္။

ဒီညမွာ ကြၽန္ေတာ္တို႔အသင္း ရွိခဲ့တဲ့ စိတ္အားထက္သန္မႈနဲ႔ ကြၽန္ ေတာ့္ကစားသမားေတြရဲ႕ အျပဳအမူေတြအေပၚမွာ ဘာမွ အျပစ္တင္ခ်င္တာ မ်ိဳး မရွိပါဘူး’’ လို႔ ကြန္တီက ေျပာဆိုသြားခဲ့တာပါ။

ေနာက္ၿပီး နည္းျပေဟာင္း ပိုခ်က္တီႏိုနဲ႔ ပတ္သက္တဲ့ သတင္းေတြကို Talk Sport သတင္းဌာနရဲ႕ အ ေျပာင္းအေ႐ႊ႕ေရးရာ ကြၽမ္းက်င္သူ အဲလက္စ္ခ႐ြတ္က သုံးသပ္ခဲ့ရာမွာေတာ့ ‘’ကြၽန္ေတာ့္အေနနဲ႔ ခန႔္မွန္းမႈနည္းနည္းပါးပါး လုပ္ႏိုင္လားဆိုရင္ စပါးမွာ ျဖစ္ လာႏိုင္တဲ့ အနာဂတ္ကို ကြၽန္ေတာ္ ေျပာမယ္ဗ်ာ။

ကြန္တီက စပါးနဲ႔ စာခ်ဳပ္ သစ္ မခ်ဳပ္ရေသးဘူူး။ အယ္လီဂရီက ဖိအားေတြေအာက္ ေရာက္ေနတယ္။ ဒါေၾကာင့္ ကြန္တီဟာ ဂ်ဴဗင္ပတ္ကို ျပန္သြားႏိုင္ၿပီး ပိုခ်က္တီႏိုက စပါးကို ျပန္လာႏိုင္ဖို႔ ရွိတယ္’’ လို႔ ေျပာဆိုခဲ့ပါတယ္။