





မော်ရိုကိုအသင်းကတော့ ပြင်သစ်နဲ့ဆီမီးဖိုင်နယ်ပွဲစဉ် တာဝန်ယူမှု
အပိုင်းတွေနဲ့ပတ်သတ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာထံတိုင်ကြားစာ
ပေးပို့ထားတယ်လို့ သိရပါတယ်။ လက်ရှိချန်ပီယံပြင်သစ်ဟာ
သီယိုဟာနန်ဒက်ဇ်၊ မူရာနီတို့သွင်းဂိုးတွေနဲ့ ၂ဂိုးပြတ်အနိုင်ရခဲ့ပြီး
ပွဲချိန်အတွင်း ကွင်းလယ်ဒိုင် ဆီဆာရာမို့စ်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သတ်လို့
မော်ရိုကိုဘက်က ဒေါသတကြီးတုံ့ပြန်လိုက်တာဖြစ်တယ်။
အထူးသဖြင့်တော့ အဖြစ်အပျက်တစ်ခုကအာရုံကိုအလွန်
ဖမ်းစားနိုင်ခဲ့တယ်။ ပထမပိုင်းအစမှာ ပြင်သစ်နောက်ခံလူသီယို
ဟာနန်ဒက်ဇ်နဲ့ မော်ရိုကိုတောင်ပံကစားသမား ဘူဖယ်လ်တို့
ပြင်သစ်ဧရိယာအတွင်းထိခိုက်မိခဲ့ပြီး ကွင်းလယ်ဒိုင်ရာမို့စ်က
ဘူဖယ်လ်ကို အဝါကတ်ပြသခဲ့ပါတယ်။ အနှေးကွက်ပြသမှုတွေကို
ပြန်ကြည့်ရင်တော့ ကစားသမားနှစ်ယောက်ကြားထိပ်တိုက်တွေ့ဆုံမှုမှာ
မော်ရိုကိုပင်နယ်တီရသင့်တယ်လို့ ပရိသတ်တွေကအခိုင်အမာ
ယုံကြည်နေကြတာဖြစ်တယ်။ မော်ရိုကိုဘောလုံးအဖွဲ့ချုပ်ရဲ့
ကြေညာချက်ထဲမှာတော့ “တော်ဝင်မော်ရိုကိုဘောလုံးအဖွဲ့ချုပ်
(FRMF)အနေနဲ့ မစ္စတာဆီဆာရာမို့စ် ကိုင်တွယ်ခဲ့တဲ့ ပြင်သစ်-မော်ရိုကို
ပွဲစဉ်အတွက်သမာဓိခုံရုံးအားပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။
နောက်ဆုံးမှာတော့ FRMF ဘက်က အရည်အချင်းရှိတဲ့အဖွဲ့အစည်းဆီကို
စာတစ်စောင်ပေးပို့ခဲ့တယ်။ ခုံသမာဓိကျွမ်းကျင်သူအများအပြားရဲ့
ထင်မြင်ချက်မှာ အငြင်းပွားစရာမရှိတဲ့ပြစ်ဒဏ်နှစ်ရပ်ကို မော်ရိုကိုဘက်က
ရွေးချယ်တင်ပြခဲ့တယ်။ VAR စနစ်ဟာမှန်ကန်ပြီး သမာဓိကျတဲ့
အခြေအနေတွေကို တုံ့ပြန်ခြင်းမရှိတဲ့အတွက် FRMF က
အလွန်အံ့အားသင့်မိကြောင်းဖော်ပြခဲ့ပါတယ်။ ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားရဲ့
တရားမျှတမှုကိုထောက်ခံအားပေးသလို ဆီမီးဖိုင်နယ်ထိပ်တိုက်
တွေ့ဆုံမှုတွေကိုရှုတ်ချတဲ့အနေနဲ့ အခွင့်အရေးတွေကို ပြန်လည်
ကာကွယ်ထိန်းသိမ်းဖို့ကြိုးပမ်းမှုတွေကို FRMF ဘက်က
လက်မလျှော့ခဲ့ပါဘူး” လို့ ပါရှိခဲ့ပါတယ်။ ဒီလိုအချိန်မှာ အချို့သော
ပရိသတ်တွေကပွဲကိုပြန်ကစားခွင့်ပေးဖို့ ဆိုရှယ်မီဒီယာမှာ
တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ “မော်ရိုကိုနဲ့ ပြင်သစ်ပွဲစဉ်
ပြန်ကစားဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်” လို့ ပရိသတ်
တစ်ယောက်ကမှတ်ချက်ပေးခဲ့သလို ဒုတိယတစ်ယောက်က
“ကျွန်တော်တို့အသင်းအတွက် တရားမျှတမှုမရှိတဲ့အတွက်
မော်ရိုကိုတစ်နိုင်ငံလုံးဝမ်းနည်းမိတယ်” လို့ တုံ့ပြန်သွားပါတယ်။





zawgyi
ျပင္သစ္နဲ႔ ဆီမီးဖိုင္နယ္ပြဲစဥ္ကို ျပန္ကစားခြင့္ေပးဖို႔ ေမာ္႐ိုကိုအသင္း ဖီဖာထံေတာင္းဆိုထား
ေမာ္႐ိုကိုအသင္းကေတာ့ ျပင္သစ္နဲ႔ဆီမီးဖိုင္နယ္ပြဲစဥ္ တာဝန္ယူမႈ
အပိုင္းေတြနဲ႔ပတ္သတ္လို႔ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ ဖီဖာထံတိုင္ၾကားစာ
ေပးပို႔ထားတယ္လို႔ သိရပါတယ္။ လက္ရွိခ်န္ပီယံျပင္သစ္ဟာ
သီယိုဟာနန္ဒက္ဇ္၊ မူရာနီတို႔သြင္းဂိုးေတြနဲ႔ ၂ဂိုးျပတ္အႏိုင္ရခဲ့ၿပီး
ပြဲခ်ိန္အတြင္း ကြင္းလယ္ဒိုင္ ဆီဆာရာမို႔စ္ရဲ႕ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သတ္လို႔
ေမာ္႐ိုကိုဘက္က ေဒါသတႀကီးတုံ႔ျပန္လိုက္တာျဖစ္တယ္။
အထူးသျဖင့္ေတာ့ အျဖစ္အပ်က္တစ္ခုကအာ႐ုံကိုအလြန္
ဖမ္းစားႏိုင္ခဲ့တယ္။ ပထမပိုင္းအစမွာ ျပင္သစ္ေနာက္ခံလူသီယို
ဟာနန္ဒက္ဇ္နဲ႔ ေမာ္႐ိုကိုေတာင္ပံကစားသမား ဘူဖယ္လ္တို႔
ျပင္သစ္ဧရိယာအတြင္းထိခိုက္မိခဲ့ၿပီး ကြင္းလယ္ဒိုင္ရာမို႔စ္က
ဘူဖယ္လ္ကို အဝါကတ္ျပသခဲ့ပါတယ္။ အေႏွးကြက္ျပသမႈေတြကို
ျပန္ၾကည့္ရင္ေတာ့ ကစားသမားႏွစ္ေယာက္ၾကားထိပ္တိုက္ေတြ႕ဆုံမႈမွာ
ေမာ္႐ိုကိုပင္နယ္တီရသင့္တယ္လို႔ ပရိသတ္ေတြကအခိုင္အမာ
ယုံၾကည္ေနၾကတာျဖစ္တယ္။ ေမာ္႐ိုကိုေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕
ေၾကညာခ်က္ထဲမွာေတာ့ “ေတာ္ဝင္ေမာ္႐ိုကိုေဘာလုံးအဖြဲ႕ခ်ဳပ္
(FRMF)အေနနဲ႔ မစၥတာဆီဆာရာမို႔စ္ ကိုင္တြယ္ခဲ့တဲ့ ျပင္သစ္-ေမာ္႐ိုကို
ပြဲစဥ္အတြက္သမာဓိခုံ႐ုံးအားျပင္းျပင္းထန္ထန္ကန႔္ကြက္ပါတယ္။
ေနာက္ဆုံးမွာေတာ့ FRMF ဘက္က အရည္အခ်င္းရွိတဲ့အဖြဲ႕အစည္းဆီကို
စာတစ္ေစာင္ေပးပို႔ခဲ့တယ္။ ခုံသမာဓိကြၽမ္းက်င္သူအမ်ားအျပားရဲ႕
ထင္ျမင္ခ်က္မွာ အျငင္းပြားစရာမရွိတဲ့ျပစ္ဒဏ္ႏွစ္ရပ္ကို ေမာ္႐ိုကိုဘက္က
ေ႐ြးခ်ယ္တင္ျပခဲ့တယ္။ VAR စနစ္ဟာမွန္ကန္ၿပီး သမာဓိက်တဲ့
အေျခအေနေတြကို တုံ႔ျပန္ျခင္းမရွိတဲ့အတြက္ FRMF က
အလြန္အံ့အားသင့္မိေၾကာင္းေဖာ္ျပခဲ့ပါတယ္။ ၂၀၂၂ ဖီဖာကမာၻ႔ဖလားရဲ႕
တရားမွ်တမႈကိုေထာက္ခံအားေပးသလို ဆီမီးဖိုင္နယ္ထိပ္တိုက္
ေတြ႕ဆုံမႈေတြကိုရႈတ္ခ်တဲ့အေနနဲ႔ အခြင့္အေရးေတြကို ျပန္လည္
ကာကြယ္ထိန္းသိမ္းဖို႔ႀကိဳးပမ္းမႈေတြကို FRMF ဘက္က
လက္မေလွ်ာ့ခဲ့ပါဘူး” လို႔ ပါရွိခဲ့ပါတယ္။ ဒီလိုအခ်ိန္မွာ အခ်ိဳ႕ေသာ
ပရိသတ္ေတြကပြဲကိုျပန္ကစားခြင့္ေပးဖို႔ ဆိုရွယ္မီဒီယာမွာ
ေတာင္းဆိုမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။ “ေမာ္႐ိုကိုနဲ႔ ျပင္သစ္ပြဲစဥ္
ျပန္ကစားဖို႔ ကြၽန္ေတာ္တို႔ေတာင္းဆိုပါတယ္” လို႔ ပရိသတ္
တစ္ေယာက္ကမွတ္ခ်က္ေပးခဲ့သလို ဒုတိယတစ္ေယာက္က
“ကြၽန္ေတာ္တို႔အသင္းအတြက္ တရားမွ်တမႈမရွိတဲ့အတြက္
ေမာ္႐ိုကိုတစ္ႏိုင္ငံလုံးဝမ္းနည္းမိတယ္” လို႔ တုံ႔ျပန္သြားပါတယ္။