ပြင်သစ်ကမ္ဘာ့ချန်ပီယံဂုဏ်ပုဒ်ကိုကာကွယ်နိုင်လိမ့်မယ်လို့ ဒိုကြီး အခိုင်အမာယုံကြည်လိုက်ပြီ

ဘရာဇီးဂန္တဝင်တိုက်စစ်မှူးကြီးရိုနယ်ဒိုက ကာတာကမ္ဘာ့ဖလားမှာ

ပြင်သစ်အသင်း ကမ္ဘာ့ချန်ပီယံဆုကိုကာကွယ်ဖို့သေချာသလောက်

ဖြစ်သွားပြီလို့ ရှင်းပြခဲ့ပါတယ်။ ဒက်ချမ့်စ်ရဲ့အသင်းဟာ နောက်ဆုံး

၄သင်းစာရင်းဝင်ဖြစ်လာခဲ့ပြီးတဲ့နောက် ပထမဆုံးကမ္ဘာ့ချန်ပီယံဆုကို

ကာကွယ်နိုင်တဲ့မှတ်တမ်းကိုရရှိတော့မယ်လို့ ဒိုကြီးက အခိုင်အမာ

ယုံကြည်လာပါတယ်။ အုပ်စုနောက်ဆုံးပွဲမှာ တူနီးရှားကိုရှုံးခဲ့တဲ့

ကြက်ဖတွေဟာ ရှုံးထွက်အဆင့်မှာတော့ ပိုလန်နဲ့ အင်္ဂလန်ကိုဖြုတ်ချပြီး

ဆီမီးဖိုင်နယ်ကိုတက်ရောက်လာနိုင်ခဲ့တာဖြစ်တယ်။ “ကျွန်တော့်ရဲ့ခန့်မှန်းချက်က

ဘရာဇီး-ပြင်သစ် ဗိုလ်လုပွဲပါ။ ဘရာဇီးမရှိတော့တဲ့အတွက် ပြင်သစ်က

ဖေးဘရိတ်အဖြစ်ဆုံးဖြစ်သွားပါတယ်။ အမ်ဘာပီက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ

အကြီးကျယ်ဆုံးဖြစ်နေပါတယ်။ သူ့မှာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့

နည်းစနစ်တွေက မယုံနိုင်စရာပါပဲ။ သူအကောင်းဆုံးကစားသမား

ဖြစ်နိုင်ပါတယ်။ သဘာဝကပေးထားတဲ့အရည်အသွေးရှိနေပြီး

အသက် ၂၃နှစ်မှာ ကမ္ဘာ့ဖလားကိုဆွတ်ခူးထားတဲ့အတွေ့အကြုံကောင်း

ရှိနေပါပြီ” လို့ ရိုနယ်ဒိုနာဇာရီယိုက ပြောဆိုလိုက်ပါတယ်။

ပြင်သစ်ဟာ ဆီမီးဖိုင်နယ်မှာ ပြိုင်ပွဲကြီးအတွေ့အကြုံမရှိတဲ့

မော်ရိုကိုနဲ့ထိပ်တိုက်တွေ့ဆုံနေပြီး အနိုင်ရခဲ့မယ်ဆိုရင်တော့

အာဂျင်တီးနား-ခရိုအေးရှားပွဲစဉ်က အနိုင်ရသူနဲ့ ဗိုလ်လုပွဲကစားရမှာဖြစ်တယ်။

zawgyi

ျပင္သစ္ကမာၻ႔ခ်န္ပီယံဂုဏ္ပုဒ္ကိုကာကြယ္ႏိုင္လိမ့္မယ္လို႔ ဒိုႀကီး အခိုင္အမာယုံၾကည္လိုက္ၿပီ

ဘရာဇီးဂႏၲဝင္တိုက္စစ္မႉးႀကီး႐ိုနယ္ဒိုက ကာတာကမာၻ႔ဖလားမွာ

ျပင္သစ္အသင္း ကမာၻ႔ခ်န္ပီယံဆုကိုကာကြယ္ဖို႔ေသခ်ာသေလာက္

ျဖစ္သြားၿပီလို႔ ရွင္းျပခဲ့ပါတယ္။ ဒက္ခ်မ့္စ္ရဲ႕အသင္းဟာ ေနာက္ဆုံး

၄သင္းစာရင္းဝင္ျဖစ္လာခဲ့ၿပီးတဲ့ေနာက္ ပထမဆုံးကမာၻ႔ခ်န္ပီယံဆုကို

ကာကြယ္ႏိုင္တဲ့မွတ္တမ္းကိုရရွိေတာ့မယ္လို႔ ဒိုႀကီးက အခိုင္အမာ

ယုံၾကည္လာပါတယ္။ အုပ္စုေနာက္ဆုံးပြဲမွာ တူနီးရွားကိုရႈံးခဲ့တဲ့

ၾကက္ဖေတြဟာ ရႈံးထြက္အဆင့္မွာေတာ့ ပိုလန္နဲ႔ အဂၤလန္ကိုျဖဳတ္ခ်ၿပီး

ဆီမီးဖိုင္နယ္ကိုတက္ေရာက္လာႏိုင္ခဲ့တာျဖစ္တယ္။ “ကြၽန္ေတာ့္ရဲ႕ခန႔္မွန္းခ်က္က

ဘရာဇီး-ျပင္သစ္ ဗိုလ္လုပြဲပါ။ ဘရာဇီးမရွိေတာ့တဲ့အတြက္ ျပင္သစ္က

ေဖးဘရိတ္အျဖစ္ဆုံးျဖစ္သြားပါတယ္။ အမ္ဘာပီက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ

အႀကီးက်ယ္ဆုံးျဖစ္ေနပါတယ္။ သူ႔မွာရွိတဲ့ ႐ုပ္ပိုင္းဆိုင္ရာနဲ႔

နည္းစနစ္ေတြက မယုံႏိုင္စရာပါပဲ။ သူအေကာင္းဆုံးကစားသမား

ျဖစ္ႏိုင္ပါတယ္။ သဘာဝကေပးထားတဲ့အရည္အေသြးရွိေနၿပီး

အသက္ ၂၃ႏွစ္မွာ ကမာၻ႔ဖလားကိုဆြတ္ခူးထားတဲ့အေတြ႕အႀကဳံေကာင္း

ရွိေနပါၿပီ” လို႔ ႐ိုနယ္ဒိုနာဇာရီယိုက ေျပာဆိုလိုက္ပါတယ္။

ျပင္သစ္ဟာ ဆီမီးဖိုင္နယ္မွာ ၿပိဳင္ပြဲႀကီးအေတြ႕အႀကဳံမရွိတဲ့

ေမာ္႐ိုကိုနဲ႔ထိပ္တိုက္ေတြ႕ဆုံေနၿပီး အႏိုင္ရခဲ့မယ္ဆိုရင္ေတာ့

အာဂ်င္တီးနား-ခ႐ိုေအးရွားပြဲစဥ္က အႏိုင္ရသူနဲ႔ ဗိုလ္လုပြဲကစားရမွာျဖစ္တယ္။