ပဲ့လေ့စ်မှာလည်း ကိုဗစ်ဖြစ်သူများနေလို့ စပါးနဲ့ပွဲ ရွေ့ရဖို့ များနေ

ဒီကနေ့၊ တနင်္ဂနွေ့မှာ ကစားမယ့် လန်ဒန်အ​ခြေစိုက် ပဲလေ့စ်နဲ့ စပါးတို့ရဲ့

ပရီးမီးယားလိဂ်ဒါဘီပွဲစဥ္ကိုတော့ ပဲလေ့စ်မှာ ကိုဗစ်ကူးစက်နေသူတွေ

ထွက်ပေါ်လာလို့ ရွေ့ဆိုင်းရဖို့ အလွန်နီးစပ်နေပါတယ်။ ပဲလေ့စ်နည်းပြ

ဗီအဲရာရဲ့ နည်းပြအဖွဲ့ဝင် ၂ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့သလို ကစားသမားတွေထဲကပါ

ကိုဗစ်ပိုးတွေ့သူတွေ ထပ်မံထွက်ပေါ်လာခဲ့တယ်လို့

လန်ဒန်အ​ခြေစိုက်မီဒီယာတွေက ဖော်ပြပါတယ်။

ပဲလေ့စ်၊ စပါးနဲ့ ပရီးမီးဟားလိဂ်အဖွဲ့ချုပ်တို့ကတော့ အတည်ပြုသတင်းထုတ်ပြန်ခြင်း

မရှိသေးသလို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကိုလည်း

စောင့်ဆိုင်းနေကြပါတယ်။ ဗြိတိန်က မီဒီယာအားလုံးကတော့

ပဲဲလေ့စ်-စပါးပွဲကို ရွေ့ဆိုင်းဖို့ အတော်နီးစပ်နေပြီလို့ ဖော်ပြနေကြပါတယ်။

ပဲလေ့စ်နည်းပြ ဗီအဲရာကိုယ်တိုင်ကလည်း ကိုဗစ်ကူးစက်သူတွေ

ထွက်ပေါ်လာလို့ စိုးရိမ်မိ​ကြောင်း ကနဦးကတည်းက ပြောကြားထားပါတယ်။

အလားတူ ကစားသမားတွေရဲ့ ကျန်းမာရေး၊ ကြံ့ခိုင်မှုကို ထိခိုက်နိုင်တာနဲ့

ပတ်သက်ပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဘက်က တုံ့ပြန်ဆောင်ရွက်ပေးမှု

နည်းပါးခြင်းနဲ့ ပတ်သက်ပြီးတော့လည်း ဗီအဲရာက ဝေဖန်ခဲ့ပါတယ်။

“စပါးပွဲကစားနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကိုဗစ်ဖြစ်လာတဲ့

အရေအတွက်ကို တွေ့လာရတဲ့အခါ ကျွန်တော်တို့ စိုးရိမ်လာရပါပြီ” လို့

ဗီအဲရာက ပြောကြားခဲ့ပါတယ်။ အခုလိုမျိုးပွဲဆက်တွေကစားရတာဟာ

ယခင်ကတည်းက ကစားနေကြတာဖြစ်လို့ မစိုးရိမ်ပေမယ့်

အခုလိူမျိုး ရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်သူများနေတဲ့ အချိန်မျိုးမှာတော့

ကစားသမားတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်တယ်လို့ ဗီအဲရာကဆိုပါတယ်။

“ကျွန်တော်တို့ အကောင်းဆုံးတော့ ကာကွယ်တာပဲ။ ဒါပေမယ့် ရက်ပိုင်းအတွင်း

ကူးစက်မှုက များနေတယ်။ နောက်ဘာဖြစ်လာမလဲဆိုတာလည်း မသိဘူး။

ကိုဗစ်ကူးစက်ခံရတဲ့ ကစားသမားတွေကို လုံလောက်တဲ့ လေ့ကျင့်မှု မရှိဘဲ့

ဘောလုံးပြန်ကစားခိုင်းတာကလည်း အများကြီး ရှိနေပါတယ်” လို့

ဗီအဲရာက မှတ်ချက်ချခဲ့ပါတယ်။ ပဲလေ့စ်-စပါးပွဲကိုသာရွေ့ဆိုင်းခဲ့ရင်

ဒီကနေ့ တနင်္ဂနွေ​ေန့မှာ ပရီးမီးယားလိဂ် ၅ ပွဲပဲ ကစားနိုင်တော့မှာပါ။

လီဗာပူး-လိဒိစ်၊ ဝုဖ်-ဝက်ဖို့ဒ်၊ ဘန်လေ-အဲဗာတန်ပွဲတွေကိုလည်း

လိဒ်စ်၊ ဝက်ဖို့ဒ်နဲ့ အဲဗာတန်တို့မှာ ကိုဗစ်ကူးစက်မှုတွေများပြီး

ပွဲကစားဖို့ မလုံလောက်တာကြောင့် ရွေ့ဆိုင်းပေးခဲ့ရပါတယ်။

zawgyi

ပဲ့ေလ့စ္မွာလည္း ကိုဗစ္ျဖစ္သူမ်ားေနလို႔ စပါးနဲ႔ပြဲ ေ႐ြ႕ရဖို႔ မ်ားေန

ဒီကေန႔၊ တနဂၤေႏြ႕မွာ ကစားမယ့္ လန္ဒန္အ​ေျခစိုက္ ပဲေလ့စ္နဲ႔ စပါးတို႔ရဲ႕

ပရီးမီးယားလိဂ္ဒါဘီပြဲစၪၠိဳေတာ့ ပဲေလ့စ္မွာ ကိုဗစ္ကူးစက္ေနသူေတြ

ထြက္ေပၚလာလို႔ ေ႐ြ႕ဆိုင္းရဖို႔ အလြန္နီးစပ္ေနပါတယ္။ ပဲေလ့စ္နည္းျပ

ဗီအဲရာရဲ႕ နည္းျပအဖြဲ႕ဝင္ ၂ ဦးမွာ ကိုဗစ္ပိုးေတြ႕ရွိခဲ့သလို ကစားသမားေတြထဲကပါ

ကိုဗစ္ပိုးေတြ႕သူေတြ ထပ္မံထြက္ေပၚလာခဲ့တယ္လို႔

လန္ဒန္အ​ေျခစိုက္မီဒီယာေတြက ေဖာ္ျပပါတယ္။ ပဲေလ့စ္၊ စပါးနဲ႔

ပရီးမီးဟားလိဂ္အဖြဲ႕ခ်ဳပ္တို႔ကေတာ့ အတည္ျပဳသတင္းထုတ္ျပန္ျခင္း

မရွိေသးသလို ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က ဘယ္လိုဆုံးျဖတ္မယ္ဆိုတာကိုလည္း

ေစာင့္ဆိုင္းေနၾကပါတယ္။ ၿဗိတိန္က မီဒီယာအားလုံးကေတာ့

ပဲဲေလ့စ္-စပါးပြဲကို ေ႐ြ႕ဆိုင္းဖို႔ အေတာ္နီးစပ္ေနၿပီလို႔ ေဖာ္ျပေနၾကပါတယ္။

ပဲေလ့စ္နည္းျပ ဗီအဲရာကိုယ္တိုင္ကလည္း ကိုဗစ္ကူးစက္သူေတြ

ထြက္ေပၚလာလို႔ စိုးရိမ္မိ​ေၾကာင္း ကနဦးကတည္းက ေျပာၾကားထားပါတယ္။

အလားတူ ကစားသမားေတြရဲ႕ က်န္းမာေရး၊ ႀကံ့ခိုင္မႈကို ထိခိုက္ႏိုင္တာနဲ႔

ပတ္သက္ၿပီး ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ဘက္က တုံ႔ျပန္ေဆာင္႐ြက္ေပးမႈ

နည္းပါးျခင္းနဲ႔ ပတ္သက္ၿပီးေတာ့လည္း ဗီအဲရာက ေဝဖန္ခဲ့ပါတယ္။

“စပါးပြဲကစားႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္ ကိုဗစ္ျဖစ္လာတဲ့

အေရအတြက္ကို ေတြ႕လာရတဲ့အခါ ကြၽန္ေတာ္တို႔ စိုးရိမ္လာရပါၿပီ” လို႔

ဗီအဲရာက ေျပာၾကားခဲ့ပါတယ္။ အခုလိုမ်ိဳးပြဲဆက္ေတြကစားရတာဟာ

ယခင္ကတည္းက ကစားေနၾကတာျဖစ္လို႔ မစိုးရိမ္ေပမယ့္

အခုလိူမ်ိဳး ရက္ပိုင္းအတြင္း ကိုဗစ္ကူးစက္သူမ်ားေနတဲ့ အခ်ိန္မ်ိဳးမွာေတာ့

ကစားသမားေတြရဲ႕ က်န္းမာေရးအတြက္ စိုးရိမ္တယ္လို႔ ဗီအဲရာကဆိုပါတယ္။

“ကြၽန္ေတာ္တို႔ အေကာင္းဆုံးေတာ့ ကာကြယ္တာပဲ။ ဒါေပမယ့္ ရက္ပိုင္းအတြင္း

ကူးစက္မႈက မ်ားေနတယ္။ ေနာက္ဘာျဖစ္လာမလဲဆိုတာလည္း မသိဘူး။

ကိုဗစ္ကူးစက္ခံရတဲ့ ကစားသမားေတြကို လုံေလာက္တဲ့ ေလ့က်င့္မႈ မရွိဘဲ့

ေဘာလုံးျပန္ကစားခိုင္းတာကလည္း အမ်ားႀကီး ရွိေနပါတယ္” လို႔

ဗီအဲရာက မွတ္ခ်က္ခ်ခဲ့ပါတယ္။ ပဲေလ့စ္-စပါးပြဲကိုသာေ႐ြ႕ဆိုင္းခဲ့ရင္

ဒီကေန႔ တနဂၤေႏြ​ေန႔မွာ ပရီးမီးယားလိဂ္ ၅ ပြဲပဲ ကစားႏိုင္ေတာ့မွာပါ။

လီဗာပူး-လိဒိစ္၊ ဝုဖ္-ဝက္ဖို႔ဒ္၊ ဘန္ေလ-အဲဗာတန္ပြဲေတြကိုလည္း

လိဒ္စ္၊ ဝက္ဖို႔ဒ္နဲ႔ အဲဗာတန္တို႔မွာ ကိုဗစ္ကူးစက္မႈေတြမ်ားၿပီး

ပြဲကစားဖို႔ မလုံေလာက္တာေၾကာင့္ ေ႐ြ႕ဆိုင္းေပးခဲ့ရပါတယ္။