ပဲလေ့စ် ဝ-၀ မန်စီးတီးပွဲအပြီး ချန်ပီယံပြေးလမ်းအပေါ်ခန့်မှန်းလိုက်တဲ့ နဗီးလ်

ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ

၈ကြိမ်အထိ ရယူထားတဲ့ ဂန္ထဝင်နောက်ခံလူ
ဂယ်ရီနဗီးလ်က ယခုရာသီ အမှတ်ပေးချန်ပီယံဆုအတွက်
အားပြိုင်မှုမှာ လက်ရှိချန်ပီယံ မန်စီးတီးက
စိန်ခေါ်သူ လီဗာပူးကို အသာရနေနိုင်ဆဲဖြစ်ကြောင်း သုံးသပ်လိုက်ပါတယ်။
စီးတီးဟာ တနင်္လာညက ပဲလေ့စ်နဲ့ဂိုးမရှိသရေကျခဲ့ရာ

အရေးပါတဲ့ ၂ မှတ်ဆုံးရှုံးသွားခဲ့ရပြီး
စုစုပေါင်း ဂိုးပေါက်ကန်သွင်းမှု ၁၈ကြိမ်အနက်
၄ကြိမ်ပဲ ဂိုးပေါက်တည့်ခဲ့ပါတယ်။
အဲဒီအတွက်ကြောင့် မန်စီးတီးဟာ ၂၉ပွဲကစား
ရမှတ် ၇၀ နဲ့ ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နေပေမယ့်

ဒုတိယနေရာက လီဗာပူးကို ၁ပွဲပို ၄ မှတ်ပဲဖြတ်နိုင်ပါတော့တယ်။
လီဗာပူးဟာ ဗုဒ္ဓဟူးညမှာ အာဆင်နယ်နဲ့
အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး တကယ်လို့
အနိုင်ရခဲ့ရင် ပွဲတူအနေအထားမှာ ၁မှတ်ပဲ ကွတော့မှာဖြစ်ပါတယ်။
”ချန်ပီယံဆုအတွက် ၅၀/၅၀ ပဲလို့ ပြောလို့မရပါဘူး။

စီးတီးက နည်းနည်းလေးသာပါသေးတယ်။
ဒါပေမဲ့ လီဗာပူးကလည်း အရမ်းကောင်းတဲ့
ုတိုက်စစ်ကစားသမား ၅ဦးအထိ ပိုင်ဆိုင်ထားပါတယ်”လို့
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း နဗီးလ်က ပြောပါတယ်။
ဆက်လက်ပြီး ယူနိုက်တက်အသင်းခေါင်ေးဆာင်ဟောင်း

နဗီးလ်က ”လီဗာပူးက ယုံကြည်ချက်တချို့ ပြန်ရတာမှန်ပေမယ့်
မန်စီးတီးကလည်း ယုံကြည်ချက် အရမ်းကြီးကျသွားလိမ့်မယ်လို့ မထင်ပါဘူး။
ရာသီကုန်ဖို့က ပွဲတွေအများကြီးကစားရပါဦးမယ်”လို့ ပြောပါတယ်။
နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်မှာလည်း
ကွာတားဖိုင်နယ် တက်ရောက်ထားရာ

နဗီးလ်က အဲဒီအချက်ကလည်း ပရီးမီးယားလိဂ်
ချန်ပီယံပြေးလမ်းမှာ အဓိကကျလာနိုင်တယ်လို့ ဆိုပါတယ်။
”ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘယ်အသင်းနဲ့
ကစားရမလဲဆိုတာ မသိသေးပေမယ့် ပွဲကြီးပွဲကောင်း
၂ပွဲတော့ ကစားရမှာသေချာပါတယ်။ အထူးသဖြင့်

ချန်ပီယံလိဂ်ပွဲကြီးတွေကစားရတဲ့အခါ ပိုခက်ခဲပါတယ်”လို့
နဗီးလ်က ဆက်လက်သုံးသပ်ပါတယ်။

Zawgyi

ယူႏိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံ
၈ႀကိမ္အထိ ရယူထားတဲ့ ဂႏၴဝင္ေနာက္ခံလူ
ဂယ္ရီနဗီးလ္က ယခုရာသီ အမွတ္ေပးခ်န္ပီယံဆုအတြက္
အားၿပိဳင္မႈမွာ လက္ရွိခ်န္ပီယံ မန္စီးတီးက
စိန္ေခၚသူ လီဗာပူးကို အသာရေနႏိုင္ဆဲျဖစ္ေၾကာင္း သုံးသပ္လိုက္ပါတယ္။

စီးတီးဟာ တနလၤာညက ပဲေလ့စ္နဲ႔ဂိုးမရွိသေရက်ခဲ့ရာ
အေရးပါတဲ့ ၂ မွတ္ဆုံးရႈံးသြားခဲ့ရၿပီး
စုစုေပါင္း ဂိုးေပါက္ကန္သြင္းမႈ ၁၈ႀကိမ္အနက္
၄ႀကိမ္ပဲ ဂိုးေပါက္တည့္ခဲ့ပါတယ္။
အဲဒီအတြက္ေၾကာင့္ မန္စီးတီးဟာ ၂၉ပြဲကစား

ရမွတ္ ၇၀ နဲ႔ ထိပ္ဆုံးကေန ဆက္လက္ဦးေဆာင္ေနေပမယ့္
ဒုတိယေနရာက လီဗာပူးကို ၁ပြဲပို ၄ မွတ္ပဲျဖတ္ႏိုင္ပါေတာ့တယ္။
လီဗာပူးဟာ ဗုဒၶဟူးညမွာ အာဆင္နယ္နဲ႔
အေဝးကြင္းပြဲကစားရမွာျဖစ္ၿပီး တကယ္လို႔
အႏိုင္ရခဲ့ရင္ ပြဲတူအေနအထားမွာ ၁မွတ္ပဲ ကြေတာ့မွာျဖစ္ပါတယ္။

”ခ်န္ပီယံဆုအတြက္ ၅၀/၅၀ ပဲလို႔ ေျပာလို႔မရပါဘူး။
စီးတီးက နည္းနည္းေလးသာပါေသးတယ္။
ဒါေပမဲ့ လီဗာပူးကလည္း အရမ္းေကာင္းတဲ့
ုတိုက္စစ္ကစားသမား ၅ဦးအထိ ပိုင္ဆိုင္ထားပါတယ္”လို႔
အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း နဗီးလ္က ေျပာပါတယ္။

ဆက္လက္ၿပီး ယူႏိုက္တက္အသင္းေခါင္ေးဆာင္ေဟာင္း
နဗီးလ္က ”လီဗာပူးက ယုံၾကည္ခ်က္တခ်ိဳ႕ ျပန္ရတာမွန္ေပမယ့္
မန္စီးတီးကလည္း ယုံၾကည္ခ်က္ အရမ္းႀကီးက်သြားလိမ့္မယ္လို႔ မထင္ပါဘူး။
ရာသီကုန္ဖို႔က ပြဲေတြအမ်ားႀကီးကစားရပါဦးမယ္”လို႔ ေျပာပါတယ္။
ႏွစ္သင္းစလုံးဟာ ခ်န္ပီယံလိဂ္မွာလည္း

ကြာတားဖိုင္နယ္ တက္ေရာက္ထားရာ
နဗီးလ္က အဲဒီအခ်က္ကလည္း ပရီးမီးယားလိဂ္
ခ်န္ပီယံေျပးလမ္းမွာ အဓိကက်လာႏိုင္တယ္လို႔ ဆိုပါတယ္။
”ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ဘယ္အသင္းနဲ႔
ကစားရမလဲဆိုတာ မသိေသးေပမယ့္ ပြဲႀကီးပြဲေကာင္း

၂ပြဲေတာ့ ကစားရမွာေသခ်ာပါတယ္။ အထူးသျဖင့္
ခ်န္ပီယံလိဂ္ပြဲႀကီးေတြကစားရတဲ့အခါ ပိုခက္ခဲပါတယ္”လို႔
နဗီးလ္က ဆက္လက္သုံးသပ္ပါတယ္။