
ယနေ့ညကစားမယ့် ပဲလေ့စ်နဲ့ပွဲစဉ်ကို ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့





လွဲချော်နိုင်တယ်လို့ ယူနိုက်တက်အသင်းဘက်က အတည်ပြု
လိုက်ပါတယ်။ တိုက်စစ်မှူးနှစ်ယောက်စလုံးဟာ မန်ချက်စတာ





ဒါဘီပွဲစဉ်မှာ ဒဏ်ရာရှိလျက်နဲ့ဝင်ရောက်ကစားပေးခဲ့ကြ
သူတွေဖြစ်ပြီး ပဲလေ့စ်နဲ့ပွဲအတွက် ကြံ့ခိုင်မှုကောင်းမရှိတာဖြစ်တယ်။
မာရှယ်ဟာ ချာလ်တန်နဲ့ပွဲစဉ်မှာကတည်းက ခြေထောက်





ဒဏ်ရာရရှိခဲ့သူဖြစ်ပြီး ဒါဘီပွဲမှာအကောင်းဆုံးသက်သေပြဖို့
အခြေအနေကောင်းမရှိခဲ့ပေမဲ့ တန်ဟတ်ကတော့ ပွဲထွက်





ကစားစေခဲ့သလို ပထမပိုင်းအပြီးမှာတော့ လူစားလဲထိုးခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်အနေနဲ့လည်း ဒါဘီပွဲစဉ်မှာ အသင်းအတွက်
အနိုင်ဂိုးသွင်းပေးခဲ့တယ်ဆိုပေမဲ့ ဒဏ်ရာနာကျင်လျက်နဲ့





ကစားပေးခဲ့ရတာဖြစ်တယ်။ ပွဲအပြီးမှာတော့ နည်းပြတန်ဟတ်
ကိုယ်တိုင်က အင်္ဂလန်ကြယ်ပွင့်ရဲ့အနစ်နာခံကစားပေးခဲ့မှုကို





ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ football.london ကတော့
ရက်ရှ်ဖို့ဒ်ရဲ့ အနေအထားက ပဲလေ့စ်နဲ့ပွဲစဉ်မှာပါဝင်လာနိုင်
သေးတယ်လို့ဖော်ပြထားပါတယ်။ မာရှယ်အတွက်တော့





နောက်ဆက်တွဲမရှိတာကြောင့် သေချာပေါက်လွဲချော်နိုင်တယ်လို့
ယူဆနေတာဖြစ်တယ်။ ယူနိုက်တက်ဟာ ပဲလေ့စ်နဲ့ပွဲအပြီးမှာ





ဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ရင်ဆိုင်ရဖို့ရှိနေတာကြောင့်
ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်ကိုစွန့်စားအသုံးပြုဖို့ထက် တိုက်စစ်မှူးသစ်
ဝက်စ်ဟော့နဲ့ထိန်းကစားဖွယ်ရှိနေတာဖြစ်တယ်။





zawgyi
ပဲေလ့စ္ ပြဲစဥ္ကို ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔ လြဲေခ်ာ္ရဖို႔ရွိေနၿပီး ဝက္စ္ေဟာ့ ကစားရဖို႔ေသခ်ာသေလာက္ရွိေန





ယေန႔ညကစားမယ့္ ပဲေလ့စ္နဲ႔ပြဲစဥ္ကို ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔
လြဲေခ်ာ္ႏိုင္တယ္လို႔ ယူႏိုက္တက္အသင္းဘက္က အတည္ျပဳ
လိုက္ပါတယ္။ တိုက္စစ္မႉးႏွစ္ေယာက္စလုံးဟာ မန္ခ်က္စတာ





ဒါဘီပြဲစဥ္မွာ ဒဏ္ရာရွိလ်က္နဲ႔ဝင္ေရာက္ကစားေပးခဲ့ၾက
သူေတြျဖစ္ၿပီး ပဲေလ့စ္နဲ႔ပြဲအတြက္ ႀကံ့ခိုင္မႈေကာင္းမရွိတာျဖစ္တယ္။





မာရွယ္ဟာ ခ်ာလ္တန္နဲ႔ပြဲစဥ္မွာကတည္းက ေျခေထာက္
ဒဏ္ရာရရွိခဲ့သူျဖစ္ၿပီး ဒါဘီပြဲမွာအေကာင္းဆုံးသက္ေသျပဖို႔
အေျခအေနေကာင္းမရွိခဲ့ေပမဲ့ တန္ဟတ္ကေတာ့ ပြဲထြက္





ကစားေစခဲ့သလို ပထမပိုင္းအၿပီးမွာေတာ့ လူစားလဲထိုးခဲ့ပါတယ္။
ရက္ရွ္ဖို႔ဒ္အေနနဲ႔လည္း ဒါဘီပြဲစဥ္မွာ အသင္းအတြက္





အႏိုင္ဂိုးသြင္းေပးခဲ့တယ္ဆိုေပမဲ့ ဒဏ္ရာနာက်င္လ်က္နဲ႔
ကစားေပးခဲ့ရတာျဖစ္တယ္။ ပြဲအၿပီးမွာေတာ့ နည္းျပတန္ဟတ္
ကိုယ္တိုင္က အဂၤလန္ၾကယ္ပြင့္ရဲ႕အနစ္နာခံကစားေပးခဲ့မႈကို





ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။ football.london ကေတာ့
ရက္ရွ္ဖို႔ဒ္ရဲ႕ အေနအထားက ပဲေလ့စ္နဲ႔ပြဲစဥ္မွာပါဝင္လာႏိုင္





ေသးတယ္လို႔ေဖာ္ျပထားပါတယ္။ မာရွယ္အတြက္ေတာ့
ေနာက္ဆက္တြဲမရွိတာေၾကာင့္ ေသခ်ာေပါက္လြဲေခ်ာ္ႏိုင္တယ္လို႔
ယူဆေနတာျဖစ္တယ္။ ယူႏိုက္တက္ဟာ ပဲေလ့စ္နဲ႔ပြဲအၿပီးမွာ





ဇယားထိပ္ဆုံးက အာဆင္နယ္နဲ႔ရင္ဆိုင္ရဖို႔ရွိေနတာေၾကာင့္
ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္ကိုစြန႔္စားအသုံးျပဳဖို႔ထက္ တိုက္စစ္မႉးသစ္





ဝက္စ္ေဟာ့နဲ႔ထိန္းကစားဖြယ္ရွိေနတာျဖစ္တယ္။