ပဲလေ့စ်နဲ့ပွဲမှာ ၂၀၁၆-၁၇ အယ်လီဗားရှင်း ပြန်ရောက်သွားတဲ့ အယ်လီ

အဲဗာတန်အသင်းကွင်းလယ်လူ အယ်လီဟာ ဇန်နဝါရီလက

စပါးကနေ ရောက်လာပြီးချိန်ကတည်းက ဝေဖန်မှုတွေနဲ့
ရင်ဆိုင်ခဲ့ရပေမယ့် ယမန်နေ့ညက ပဲလေ့စ်ကိုအနိုင်ယူကာ
အဲဗာတန်အသင်း ပရီးမီးယားလိဂ်မှာ ဆက်လက်ကစားခွင့်
ရခဲ့ရာမှာ လူစားဝင်လာပြီးနောက် အကူအညီပေးနိုင်ခဲ့ပါတယ်။
ပေါင်သန်း ၄၀ အထိရှိလာနိုင်မယ့် ပြောင်းရွှေ့ကြေးနဲ့

ရောက်လာခဲ့တဲ့ အယ်လီဟာ ဒုတိယပိုင်းပြန်အစမှာ
အန်ဒရီဂိုမက်စ်အစား ဝင်ကစားခဲ့တာဖြစ်ပြီး
အဲဗာတန်အသင်း ၂ဂိုးပြတ်အရေးနိမ့်နေရာကနေ
အမှတ်ပြည့်ရရှိစေဖို့ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။
အယ်လီဟာ ကွင်းလယ်ကနေ တိုက်စစ်ကို

အကောင်းဆုံးကူညီပေးနိုင်ခဲ့ပြီး သူ့အတွက် အကောင်းဆုံး
ကာလဖြစ်ခဲ့တဲ့ ၂၀၁၆-၁၇ ရာသီက အယ်လီကို
ယမန်နေ့ညက ပြန်လည်မြင်တွေ့လိုက်ရသလိုဖြစ်သွားပါတယ်။
သူဟာ တိုက်စစ်မှူး ရစ်ချာလီဆန်ရဲ့ချေပဂိုးမှာ
အဓိကနေရာကနေပါဝင်ခဲ့ပြီး ဂိုးဧရိယာဘယ်ဘက်မှာ

ရင်ဘတ်နဲ့ တစ်ချက်ထိန်းကာ ဂိုးရှေ့ဖြတ်တင်ပေးလိုက်တာကနေ
ပဲလေ့စ်ခံစစ် ရှင်းထုတ်လို့ ပြန်ထွက်လာတာကို
ရစ်ချာလီဆန်က ဘယ်ခြေနဲ့ ထောင့်ဖြတ်ကန်သွင်းသွားတာပါ။
အဲဗာတန်အသင်း ပရီးမီးယားလိဂ်မှာ ဆက်ကစားခွင့်ရဖို့
သေချာသွားပြီးနောက် လူမှုမီဒီယာမှာ ပရိသတ်တွေကလည်း

အယ်လီကို ချီးကျူးမှုတွေ ပြုလုပ်သွားပါတယ်။
”အယ်လီက ဒီပွဲရဲ့အနေအထားကို ပြောင်းလဲလိုက်တာပါ”
”ပွဲကြီးတွေမှာဆို ပွဲကြီးကစားသမားတွေက
ပွဲကို ပြောင်းလဲနိုင်ပါတယ်။ အယ်လီလည်း အဲဒီအတိုင်းပါပဲ။
သူဟာ ပွဲကြီးတိုးတဲ့ကစားသမားပါ”လို့

ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။
အဲဗာတန်အသင်းနည်းပြ ဖရန့်လမ်းပတ်ကလည်း
အယ်လီရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ပဲလေ့စ်နဲ့ပွဲမှာလည်း
ယုံကြည်ချက်အပြည့်နဲ့ သူ့ကိ တစ်ပိုင်းလုံး ကစားစေခဲ့တာပါ။
ဒီတစ်ပတ်ထဲမှာ လမ်းပတ်က အယ်လီအနေနဲ့ ပုံမှန်ပွဲထွက်ခွင့်

ရဖို့ တိုက်ပွဲဝင်သင့်တယ်လို့ တိုက်တွန်းခဲ့ပြီးနောက်
အဲဒီတိုက်တွန်းချက်က အယ်လီအတွက် တွန်းအားဖြစ်သွားပုံရပါတယ်။

Zawgyi

ပဲေလ့စ္နဲ႔ပြဲမွာ ၂၀၁၆-၁၇ အယ္လီဗားရွင္း ျပန္ေရာက္သြားတဲ့ အယ္လီ
အဲဗာတန္အသင္းကြင္းလယ္လူ အယ္လီဟာ ဇန္န၀ါရီလက
စပါးကေန ေရာက္လာၿပီးခ်ိန္ကတည္းက ေ၀ဖန္မႈေတြနဲ႔
ရင္ဆုိင္ခဲ့ရေပမယ့္ ယမန္ေန႔ညက ပဲေလ့စ္ကိုအႏိုင္ယူကာ
အဲဗာတန္အသင္း ပရီးမီးယားလိဂ္မွာ ဆက္လက္ကစားခြင့္

ရခဲ့ရာမွာ လူစား၀င္လာၿပီးေနာက္ အကူအညီေပးႏိုင္ခ့ဲပါတယ္။
ေပါင္သန္း ၄၀ အထိရွိလာႏိုင္မယ့္ ေျပာင္းေရႊ႕ေၾကးနဲ႔
ေရာက္လာခဲ့တဲ့ အယ္လီဟာ ဒုတိယပိုင္းျပန္အစမွာ
အန္ဒရီဂိုမက္စ္အစား ၀င္ကစားခဲ့တာျဖစ္ၿပီး
အဲဗာတန္အသင္း ၂ဂိုးျပတ္အေရးနိမ့္ေနရာကေန

အမွတ္ျပည့္ရရွိေစဖို႔ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။
အယ္လီဟာ ကြင္းလယ္ကေန တုိက္စစ္ကို
အေကာင္းဆုံးကူညီေပးႏိုင္ခဲ့ၿပီး သူ႕အတြက္ အေကာင္းဆုံး
ကာလျဖစ္ခဲ့တဲ့ ၂၀၁၆-၁၇ ရာသီက အယ္လီကို
ယမန္ေန႔ညက ျပန္လည္ျမင္ေတြ႕လုိက္ရသလုိျဖစ္သြားပါတယ္။

သူဟာ တုိက္စစ္မွဴး ရစ္ခ်ာလီဆန္ရဲ႕ေခ်ပဂိုးမွာ
အဓိကေနရာကေနပါ၀င္ခဲ့ၿပီး ဂိုးဧရိယာဘယ္ဘက္မွာ
ရင္ဘတ္နဲ႔ တစ္ခ်က္ထိန္းကာ ဂိုးေရွ႕ျဖတ္တင္ေပးလိုက္တာကေန
ပဲေလ့စ္ခံစစ္ ရွင္းထုတ္လို႔ ျပန္ထြက္လာတာကို
ရစ္ခ်ာလီဆန္က ဘယ္ေျခနဲ႔ ေထာင့္ျဖတ္ကန္သြင္းသြားတာပါ။

အဲဗာတန္အသင္း ပရီးမီးယားလိဂ္မွာ ဆက္ကစားခြင့္ရဖို႔
ေသခ်ာသြားၿပီးေနာက္ လူမႈမီဒီယာမွာ ပရိသတ္ေတြကလည္း
အယ္လီကို ခ်ီးက်ဴးမႈေတြ ျပဳလုပ္သြားပါတယ္။
”အယ္လီက ဒီပြဲရဲ႕အေနအထားကို ေျပာင္းလဲလုိက္တာပါ”
”ပြဲႀကီးေတြမွာဆို ပြဲႀကီးကစားသမားေတြက

ပြဲကို ေျပာင္းလဲႏိုင္ပါတယ္။ အယ္လီလည္း အဲဒီအတိုင္းပါပဲ။
သူဟာ ပြဲႀကီးတုိးတဲ့ကစားသမားပါ”လုိ႔
ပရိသတ္ေတြက အသီးသီးေရးသားခဲ့ၾကပါတယ္။
အဲဗာတန္အသင္းနည္းျပ ဖရန္႔လမ္းပတ္ကလည္း
အယ္လီရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ၿပီး ပဲေလ့စ္နဲ႔ပြဲမွာလည္း

ယုံၾကည္ခ်က္အျပည့္နဲ႔ သူ႕ကိ တစ္ပိုင္းလုံး ကစားေစခဲ့တာပါ။
ဒီတစ္ပတ္ထဲမွာ လမ္းပတ္က အယ္လီအေနနဲ႔ ပုံမွန္ပြဲထြက္ခြင့္
ရဖို႔ တုိက္ပြဲ၀င္သင့္တယ္လုိ႔ တိုက္တြန္းခဲ့ၿပီးေနာက္
အဲဒီတုိက္တြန္းခ်က္က အယ္လီအတြက္ တြန္းအားျဖစ္သြားပုံရပါတယ္။