ပဲလေ့စ်နဲ့ပွဲမှာ လီဗာပူးရခဲ့တဲ့ ပင်နယ်တီဂိုးနဲ့ပတ်သက်လို့ အွန်လိုင်းမှာ ဝေဖန်မှုမြင့်တက်နေ

လီဗာပူးကို ပဲလေ့စ်ကို ၁-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ
အိမ်ရှင်ပဲလေ့စ်အသင်းရဲ့ဒုတိယပိုင်း
ပြန်လည်နှိုးထလာမှုကို မနည်းကျော်ဖြတ်ခဲ့ရပြီး
ပွဲပြီးခါနီးမှာရခဲ့တဲ့ အငြင်းပွားဖွယ်
ပင်နယ်တီကလည်း လီဗာပူးကို စိတ်သက်သာရာရစေခဲ့ပါတယ်။
လီဗာပူးဟာ ပထမပိုင်းမှာ ဗန်ဒိုက်နဲ့
ချိန်ဘာလိန်တို့ရဲ့ဂိုးတွေကြောင့် အေးအေးကစားကာ
ဝ-၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပြန်စလို့
၁၀မိနစ်အကြာမှာပဲ ပဲလေ့စ်က ချေပဂိုးတစ်ဂိုး
သွင်းသွားလို့ ရုန်းကစားခဲ့ရပါတယ်။


အဲဒီမှာ ပဲလေ့စ်က ပွဲပြီးခါနီးအထိ
သရေတစ်မှတ်ရစေမယ့် ဒုတိယမြောက်
ချေပဂိုးသွင်းယူနိုင်ဖို့ ကြိုးစားလာချိန်
ပွဲပြီးဖို့ ၅မိနစ်အလိုမှာ လီဗာပူးအသင်း
VAR အကူအညီနဲ့ ပင်နယ်တီရခဲ့ပါတယ်။
ဂျိုတာ ဧရိယာထဲမှာ ဂိုးသမား ဂူအီတာကို
ကျော်ဖြတ်ကာ အသာလေး ကန်သွင်းလိုက်တာ
ချော်သွားပြီးနောက် ဂူအီတာနဲ့ထိကာ
လဲကျသွားပါတယ်။


ကွင်းလယ်ဒိုင် ကီဗင်ဖရိုင်းက အစောပိုင်းမှာ
ပင်နယ်တီမဟုတ်တဲ့အကြောင်း အချက်ပြကာ
ပွဲကို ဆက်ကစားစေပေမယ့် VAR က
အကြောင်းကြားလာပြီးနောက် ၃မိနစ်ကျော်ကြာတဲ့အထိ
အချိန်ယူခဲ့သလို ကွင်းဘေးက မော်နီတာကနေ
သွားကြည့်ပြီးနောက် လီဗာပူးကို ပင်နယ်တီပေးလိုက်ပါတယ်။
အဲဒီပင်နယ်တီကို ဖာဘင်ညိုက အေးဆေးကန်သွင်းကာ
လီဗာပူးအတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပြီး
လီဗာပူးလည်း အမှတ်ပေးဇယားထိပ်ဆုံးက
မန်စီးတီးနဲ့ တစ်ပွဲလျော့ ၉ မှတ်အကွာ
အနေအထားကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီပင်နယ်တီနဲ့ပတ်သက်လု့ိ
လူမှုမီဒီယာမှာ ပရိသတ်တွေ ပြင်းထန်စွာဝေဖန်နေပါတယ်။
”ဂျိုတာက ဘောလုံးချော်သွားလု့ိ ဂူအီတာကို
သွားတိုက်လိုက်တာလေ။ အဲဒါလည်း ပင်နယ်တီပဲတဲ့”
”လီဗာပူးဖန်တစ်ယောက်အနေနဲ့
ပြောချင်တာကတော့ VAR က
ရယ်စရာကောင်းတဲ့ပင်နယ်တီ ပေးလိုက်တာပါပဲ”
”ဘောလုံး ချော်သွားတယ်…
ပြီးတော့ ဂိုးသမားကို သွားတိုက်မိတယ်…
လီဗာပူးတော့ ပင်နယ်တီရသွားတယ်”လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။