
ယူနိုက်တက်အသင်း နည်းပြသစ် ရန်းနစ်ရဲ့ ပထမဆုံး တာဝန်ယူကိုင်တွယ်တဲ့
ပွဲဦးထွက် ကတော့ ပေးဂိုးမရှိ နိုင်ပွဲနဲ့အတူ အဖွင့်လှခဲ့ပါတယ်။
အသင်းနဲ့ လေ့ကျင်ချိန် (၂)ရက်သာရခဲ့ပေမယ့် ရန်းနစ်ကတော့
သူ့ရဲ့ နည်းဗျူဟာ ကို ကစားသမားတွေ နားလည်အောင်ပြောပြနိုင်ခဲ့တယ်လို့ ဆိုရမှာပါပဲ။
ပွဲမစတင်ခင်ကတည်းက တိုက်စစ်ဖိအားပေးကစားဟန်နဲ့ ကျော်ကြားတဲ့
နည်းပြသစ်ရဲ့ အခင်းအကျင်းတွေကို ယူနိုက်တက်ပရိတ်သတ်တွေက
အတော့်ကို စိတ်ဝင်စားနေခဲ့ကြတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။
ပွဲထွက်လူစာရင်းထွက်လာချိန်မှာတော့ ရန်းနစ်ဟာ
မိုက်ကယ်ကာရစ်ကိုင်တွယ်ခဲ့တဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့
အာဆင်နယ်နဲ့ ပွဲစဉ်ကလူစာရင်းအတိုင်းသာ ပွဲထွက်လာခဲ့ပြီး
ကစားကွက်ကလည်း (၄-၂-၃-၁) ကစားကွက် အခင်းအကျင်းကို ဆက်လက်သုံးခဲ့ပါတယ်။
ဒါပေမယ့် ပွဲတွင်းမှာတော့ ကစားကွက်ဟာ (၄-၂-၂-၂) အဖြစ်ပြောင်းလဲခဲ့သလို
အရင်ပွဲစဉ်တွေနဲ့ လုံးဝမတူတော့ပဲ ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်အသင်းကို
ပွဲချိန်တစ်လျှောက်လုံး ဖိအားပေးကစားသွားခဲ့တာကိုတွေ့ခဲ့ရပါတယ်။
ပွဲပြီးအင်တာဗျူးမှာလည်း ရန်းနစ်က သူ့ရဲ့နည်းစနစ်နဲ့ ပတ်သက်ပြီး
“ ဒါက အနည်းငယ် အသစ်အဆန်းဖြစ်တယ်လို့ ဆိုနိုင်ပေမယ့်
အများကြီးတော့ မဟုတ်ပါဘူး ။ ဂျေဒန်ကတော့ တိုက်စစ်ကစားချိန်မှာ
အတွင်းအပြင်ပိုင်း ပိုလုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ခံစစ်ပိုင်းမှာတော့
သူတို့နှစ်ယောက်လုံး (ဘရူနို၊ ဆန်ချို) အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ ”
“ ဒီ ကစားကွက် ( ၄-၂-၂-၂ ) မှာ စိန်ခေါ်မှု အများဆုံး နှင့်
အားစိုက်ထုတ်မှုအများဆုံးနေရာတွေက နံပါတ် ( ၁၀ ) နှစ်ယောက်ပါ ။
ကျွန်တော်ကတော့ အထူးသဖြင့် ပဲလေ့စ် ဘောလုံးပိုင်ဆိုင်ထားချိန်မှာ
ဘရူနို နဲ့ ဂျေဒန်က အကောင်းဆုံး ကစားနိုင်ခဲ့ကြပါတယ်။” လို့ ပြောခဲ့ပါတယ်။
ဒါကြောင့်လည်း ရန်းနစ်ဟာ godfather of gegenpressing လို့
နာမည်ကျော်ခဲ့တာလို့ပဲဆိုရမှာပါ။ ပဲလေ့စ်အသင်းရဲ့ ဂိုးသမား လက်စွမ်းပြသမှုနဲ့
ခံစစ်ပိတ်ကစားမှုတွေကြောင့် ယူနိုက်တက်တို့ သွင်းဂိုးရရှိဖို့ခက်ခဲနေခဲ့ပေမယ့်
ပြိုင်ဘက်အပေါ် ဖိအားပေးကစားနေတာကို မြင်တွေ့ရတဲ့အတွက်
ပရိတ်သတ်တွေက သဘောကျခဲ့ပါတယ်။ ယူနိုက်တက်ဟာ
ဖာဂူဆန်ခေတ်အလွန်မှာ နည်းပြတွေပြောင်းလဲခဲ့တာ
ယာယီနည်းပြ (၂)ဦးအပါအဝင် နည်းပြ (၆)ဦးအထိရှိလာခဲ့ပြီးပေမယ့်
ပရိသတ်တွေသဘောကျတဲ့ ဗျူဟာမြောက် တိုက်စစ်ကစားဟန်ကို
အကောင်အထည်မဖော်နိုင်ခဲ့သေးပါဘူး။ ဒါကြောင့်လည်း ရန်းနစ်ရဲ့
နည်းဗျူဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေခဲ့ကြတာပါ။
ဒီပွဲမှာ ယူနိုက်တက်ကစားသမားတွေဟာအရင်ပွဲတွေနဲ့မတူဘဲ ပြိုင်ဘက်ဆီက
ဘောလုံးပြန်ဆယ်နိုင်အောင် ကြိုးစားခဲ့တဲ့အပိုင်းမှာတော့
မြင်သာတဲ့ အပြောင်းအလဲ ဖြစ်ခဲ့သလို ဘောလုံးရချိန်တိုင်းမှာလည်း
တိုက်စစ်ကို အလျင်မြန်ဆုံး ပြန်လည်စတင်နိုင်ခဲ့ပြီး ပွဲချိန်တစ်လျှောက်လုံး
ပဲလေ့စ် ဘက်ကို ဖိအားပေးကစားသွားခဲ့ပါတယ်။
အသင်းလိုက် အချိတ်ဆက်မိမိနဲ့ကစားခဲ့ကြသလို ပြိုင်ဘက်ဆီက
ဘောလုံးပြန်ဆယ်ရာမှာလည်း တွန်းတွန်းတိုက်တိုက် ကစားပုံက
ပရိတ်သတ်တွေကို သဘောကျစေခဲ့ပါတယ်။
ယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့
တစ်ပွဲလုံးတောက်လျှောက် ခြေစွမ်းပြနေခဲ့တဲ့
ကွင်းလယ်လူ ဖရက်ဒ်က ပွဲချိန်(၇၇)မိနစ်မှာ ဂိုးဧရိယာထိပ်ကနေ
ညာခြေနဲ့ လှလှပပ သွင်းယူသွားခဲ့တာဖြစ်ပြီး မေဆန်ဂရင်းဝုဒ်က ဖန်တီးပေးခဲ့တာပါ။
ဒီပွဲစဉ်ဟာ ယူနိုက်တက်ကစားသမားတွေနဲ့ ရန်းနစ်တို့ နည်းဗျူဟာပိုင်းမှာ
နားလည်မှုစတင်တည်ဆောက်ခဲ့ကြတဲ့ ပွဲဖြစ်သလို
ကစားပုံ ကောင်းမွန်ခဲ့ပြီး နိုင်ပွဲရရှိခဲ့တာကြောင့်လည်း ရှေ့လာမယ့်
ဒီဇင်ဘာပွဲကျပ်ကာလအတွက် ကစားသမားတွေမှာ
ယုံကြည်မှုတွေ ရရှိစေတော့မှာ သေချာပါတယ်။
zawgyi
ပဲေလ့စ္နဲ႔ပြဲမွာ ယူႏိုက္တက္ပရိသတ္ေတြ ျမင္ေတြ႕ခဲ့ရတဲ့ (၄-၂-၂-၂) gegenpressing
ယူႏိုက္တက္အသင္း နည္းျပသစ္ ရန္းနစ္ရဲ႕ ပထမဆုံး တာဝန္ယူကိုင္တြယ္တဲ့
ပြဲဦးထြက္ ကေတာ့ ေပးဂိုးမရွိ ႏိုင္ပြဲနဲ႔အတူ အဖြင့္လွခဲ့ပါတယ္။
အသင္းနဲ႔ ေလ့က်င္ခ်ိန္ (၂)ရက္သာရခဲ့ေပမယ့္ ရန္းနစ္ကေတာ့
သူ႔ရဲ႕ နည္းဗ်ဴဟာ ကို ကစားသမားေတြ နားလည္ေအာင္ေျပာျပႏိုင္ခဲ့တယ္လို႔ ဆိုရမွာပါပဲ။
ပြဲမစတင္ခင္ကတည္းက တိုက္စစ္ဖိအားေပးကစားဟန္နဲ႔ ေက်ာ္ၾကားတဲ့
နည္းျပသစ္ရဲ႕ အခင္းအက်င္းေတြကို ယူႏိုက္တက္ပရိတ္သတ္ေတြက
အေတာ့္ကို စိတ္ဝင္စားေနခဲ့ၾကတဲ့ ပြဲစဥ္လည္း ျဖစ္ပါတယ္။
ပြဲထြက္လူစာရင္းထြက္လာခ်ိန္မွာေတာ့ ရန္းနစ္ဟာ
မိုက္ကယ္ကာရစ္ကိုင္တြယ္ခဲ့တဲ့ ေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့
အာဆင္နယ္နဲ႔ ပြဲစဥ္ကလူစာရင္းအတိုင္းသာ ပြဲထြက္လာခဲ့ၿပီး
ကစားကြက္ကလည္း (၄-၂-၃-၁) ကစားကြက္ အခင္းအက်င္းကို ဆက္လက္သုံးခဲ့ပါတယ္။
ဒါေပမယ့္ ပြဲတြင္းမွာေတာ့ ကစားကြက္ဟာ (၄-၂-၂-၂) အျဖစ္ေျပာင္းလဲခဲ့သလို
အရင္ပြဲစဥ္ေတြနဲ႔ လုံးဝမတူေတာ့ပဲ ၿပိဳင္ဘက္ ခရစၥတယ္ပဲေလ့စ္အသင္းကို
ပြဲခ်ိန္တစ္ေလွ်ာက္လုံး ဖိအားေပးကစားသြားခဲ့တာကိုေတြ႕ခဲ့ရပါတယ္။
ပြဲၿပီးအင္တာဗ်ဴးမွာလည္း ရန္းနစ္က သူ႔ရဲ႕နည္းစနစ္နဲ႔ ပတ္သက္ၿပီး
“ ဒါက အနည္းငယ္ အသစ္အဆန္းျဖစ္တယ္လို႔ ဆိုႏိုင္ေပမယ့္
အမ်ားႀကီးေတာ့ မဟုတ္ပါဘူး ။ ေဂ်ဒန္ကေတာ့ တိုက္စစ္ကစားခ်ိန္မွာ
အတြင္းအျပင္ပိုင္း ပိုလုပ္ႏိုင္ခဲ့တယ္။ ဒါေပမယ့္ ခံစစ္ပိုင္းမွာေတာ့
သူတို႔ႏွစ္ေယာက္လုံး (ဘ႐ူႏို၊ ဆန္ခ်ိဳ) အေကာင္းဆုံး စြမ္းေဆာင္ႏိုင္ခဲ့ၾကပါတယ္။ ”
“ ဒီ ကစားကြက္ ( ၄-၂-၂-၂ ) မွာ စိန္ေခၚမႈ အမ်ားဆုံး ႏွင့္
အားစိုက္ထုတ္မႈအမ်ားဆုံးေနရာေတြက နံပါတ္ ( ၁၀ ) ႏွစ္ေယာက္ပါ ။
ကြၽန္ေတာ္ကေတာ့ အထူးသျဖင့္ ပဲေလ့စ္ ေဘာလုံးပိုင္ဆိုင္ထားခ်ိန္မွာ
ဘ႐ူႏို နဲ႔ ေဂ်ဒန္က အေကာင္းဆုံး ကစားႏိုင္ခဲ့ၾကပါတယ္။” လို႔ ေျပာခဲ့ပါတယ္။
ဒါေၾကာင့္လည္း ရန္းနစ္ဟာ godfather of gegenpressing လို႔
နာမည္ေက်ာ္ခဲ့တာလို႔ပဲဆိုရမွာပါ။ ပဲေလ့စ္အသင္းရဲ႕ ဂိုးသမား လက္စြမ္းျပသမႈနဲ႔
ခံစစ္ပိတ္ကစားမႈေတြေၾကာင့္ ယူႏိုက္တက္တို႔ သြင္းဂိုးရရွိဖို႔ခက္ခဲေနခဲ့ေပမယ့္
ၿပိဳင္ဘက္အေပၚ ဖိအားေပးကစားေနတာကို ျမင္ေတြ႕ရတဲ့အတြက္
ပရိတ္သတ္ေတြက သေဘာက်ခဲ့ပါတယ္။ ယူႏိုက္တက္ဟာ
ဖာဂူဆန္ေခတ္အလြန္မွာ နည္းျပေတြေျပာင္းလဲခဲ့တာ
ယာယီနည္းျပ (၂)ဦးအပါအဝင္ နည္းျပ (၆)ဦးအထိရွိလာခဲ့ၿပီးေပမယ့္
ပရိသတ္ေတြသေဘာက်တဲ့ ဗ်ဴဟာေျမာက္ တိုက္စစ္ကစားဟန္ကို
အေကာင္အထည္မေဖာ္ႏိုင္ခဲ့ေသးပါဘူး။ ဒါေၾကာင့္လည္း ရန္းနစ္ရဲ႕
နည္းဗ်ဴဟာ ဘယ္လိုျဖစ္လာမလဲဆိုတာကို ပရိသတ္ေတြက စိတ္ဝင္စားေနခဲ့ၾကတာပါ။
ဒီပြဲမွာ ယူႏိုက္တက္ကစားသမားေတြဟာအရင္ပြဲေတြနဲ႔မတူဘဲ ၿပိဳင္ဘက္ဆီက
ေဘာလုံးျပန္ဆယ္ႏိုင္ေအာင္ ႀကိဳးစားခဲ့တဲ့အပိုင္းမွာေတာ့
ျမင္သာတဲ့ အေျပာင္းအလဲ ျဖစ္ခဲ့သလို ေဘာလုံးရခ်ိန္တိုင္းမွာလည္း
တိုက္စစ္ကို အလ်င္ျမန္ဆုံး ျပန္လည္စတင္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္တစ္ေလွ်ာက္လုံး
ပဲေလ့စ္ ဘက္ကို ဖိအားေပးကစားသြားခဲ့ပါတယ္။
အသင္းလိုက္ အခ်ိတ္ဆက္မိမိနဲ႔ကစားခဲ့ၾကသလို ၿပိဳင္ဘက္ဆီက
ေဘာလုံးျပန္ဆယ္ရာမွာလည္း တြန္းတြန္းတိုက္တိုက္ ကစားပုံက
ပရိတ္သတ္ေတြကို သေဘာက်ေစခဲ့ပါတယ္။
ယူႏိုက္တက္အသင္းအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကိုေတာ့
တစ္ပြဲလုံးေတာက္ေလွ်ာက္ ေျခစြမ္းျပေနခဲ့တဲ့
ကြင္းလယ္လူ ဖရက္ဒ္က ပြဲခ်ိန္(၇၇)မိနစ္မွာ ဂိုးဧရိယာထိပ္ကေန
ညာေျခနဲ႔ လွလွပပ သြင္းယူသြားခဲ့တာျဖစ္ၿပီး ေမဆန္ဂရင္းဝုဒ္က ဖန္တီးေပးခဲ့တာပါ။
ဒီပြဲစဥ္ဟာ ယူႏိုက္တက္ကစားသမားေတြနဲ႔ ရန္းနစ္တို႔ နည္းဗ်ဴဟာပိုင္းမွာ
နားလည္မႈစတင္တည္ေဆာက္ခဲ့ၾကတဲ့ ပြဲျဖစ္သလို
ကစားပုံ ေကာင္းမြန္ခဲ့ၿပီး ႏိုင္ပြဲရရွိခဲ့တာေၾကာင့္လည္း ေရွ႕လာမယ့္
ဒီဇင္ဘာပြဲက်ပ္ကာလအတြက္ ကစားသမားေတြမွာ
ယုံၾကည္မႈေတြ ရရွိေစေတာ့မွာ ေသခ်ာပါတယ္။