ပဲလေ့စ်နဲ့ပွဲမှာ ပြန်လည်ကစားနိုင်ဖို့ ထရစ်ပီယာနဲ့ ဝီလ်ဆင် ပစ်မှတ်ထား

ဒဏ်ရာကြောင့် အနားယူနေရတဲ့ နယူးကာဆယ်ညာနောက်ခံလူ

ထရစ်ပီယာနဲ့ တိုက်စစ်မှူး ကာလမ်ဝီလ်ဆင်တို့ဟာ ဧပြီလအတွင်း
ကစားရမယ့် ပဲလေ့စ်နဲ့ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
ဇန်နဝါရီလက အက်သလက်ကနေ ရောက်လာပြီးနောက်
အသင်းရဲ့အဓိကကစားသမားတစ်ဦးအဖြစ် ချက်ချင်းအထိုင်ကျခဲ့တဲ့
ထရစ်ပီယာဟာ ပြီးခဲ့တဲ့လက အက်စတွန်ဗီလာကို

၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ခြေထောက်ကျိုးဒဏ်ရာရခဲ့တာပါ။
ကြယ်ပွင့်တိုက်စစ်မှူး ဝီလ်ဆင်ကလည်း ခြေသလုံးကြွက်သားဒဏ်ရာကြောင့်
ဒီဇင်ဘာလနှောင်းပိုင်းကတည်းက အနားယူနေရတာပါ။
ဒါပေမဲ့ တယ်လီဂရပ်ဖ်သတင်းဌာနရဲ့ဖော်ပြချက်အရ
သူတို့နှစ်ဦးစလုံးဟာ ဧပြီလနှောင်းပိုင်းမှာကစားရမယ့်

ပဲလေ့စ်နဲ့ပွဲမှာ ပြန်လည်ကစားနိုင်ဖို့ ပစ်မှတ်ထားနေပြီး
လက်ရှိအချိန်မှာ အသင်းက ပရီးမီးယားလိဂ်မှာ
အသက်ရှူပြန်ချောင်လာပါတယ်။
ထရစ်ပီယာကို ခေါ်ယူပြီးချိန်ကတည်းက နယူးကာဆယ်ဟာ
လိဂ် ၁၀ပွဲမှာ ၂ပွဲပဲ အရေးနိမ့်ထားပြီး ထရစ်ပီယာကိုယ်တိုင်ကလည်း

အသင်းအတွက် ၂ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဝက်စ်ဟမ်းနဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲအပြီးမှာ
နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက
”ထရစ်ပီယာ ဘယ်လောက်အထိ
အနားယူရမလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။

ရာသီမကုန်ခင် သူပြန်ကစားနိုင်ဖို့
မျှော်လင့်ပေမယ့် ဒဏ်ရာက ပြင်းပါတယ်။
ကျွန်တော်တို့အတွက်တော့ သူဒဏ်ရာရသွားတာက
ထိုးနှက်ချက်တစ်ရပ်ပါပဲ။
ဒါပေမဲ့ ကစားသမားတစ်ယောက်တည်းနဲ့

အသင်းတစ်သင်း တည်ဆောက်လို့မရပါဘူး”လို့ ပြောခဲ့ပါတယ်။

Zawgyi

ပဲေလ့စ္နဲ႔ပြဲမွာ ျပန္လည္ကစားႏုိင္ဖို႔ ထရစ္ပီယာနဲ႔ ၀ီလ္ဆင္ ပစ္မွတ္ထား

ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ နယူးကာဆယ္ညာေနာက္ခံလူ
ထရစ္ပီယာနဲ႔ တုိက္စစ္မွဴး ကာလမ္၀ီလ္ဆင္တုိ႔ဟာ ဧၿပီလအတြင္း
ကစားရမယ့္ ပဲေလ့စ္နဲ႔ပြဲမွာ ျပန္လည္ပါ၀င္ႏိုင္ဖို႔ ပစ္မွတ္ထားေနပါတယ္။
ဇန္န၀ါရီလက အက္သလက္ကေန ေရာက္လာၿပီးေနာက္
အသင္းရဲ႕အဓိကကစားသမားတစ္ဦးအျဖစ္ ခ်က္ခ်င္းအထုိင္က်ခဲ့တဲ့

ထရစ္ပီယာဟာ ၿပီးခဲ့တဲ့လက အက္စတြန္ဗီလာကို
၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ေျခေထာက္က်ိဳးဒဏ္ရာရခဲ့တာပါ။
ၾကယ္ပြင့္တုိက္စစ္မွဴး ၀ီလ္ဆင္ကလည္း ေျခသလုံးၾကြက္သားဒဏ္ရာေၾကာင့္
ဒီဇင္ဘာလေႏွာင္းပိုင္းကတည္းက အနားယူေနရတာပါ။
ဒါေပမ့ဲ တယ္လီဂရပ္ဖ္သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ

သူတုိ႔ႏွစ္ဦးစလုံးဟာ ဧၿပီလေႏွာင္းပိုင္းမွာကစားရမယ့္
ပဲေလ့စ္နဲ႔ပြဲမွာ ျပန္လည္ကစားႏုိင္ဖို႔ ပစ္မွတ္ထားေနၿပီး
လက္ရွိအခ်ိန္မွာ အသင္းက ပရီးမီးယားလိဂ္မွာ
အသက္ရွဴျပန္ေခ်ာင္လာပါတယ္။
ထရစ္ပီယာကို ေခၚယူၿပီးခ်ိန္ကတည္းက နယူးကာဆယ္ဟာ

လိဂ္ ၁၀ပြဲမွာ ၂ပြဲပဲ အေရးနိမ့္ထားၿပီး ထရစ္ပီယာကိုယ္တုိင္ကလည္း
အသင္းအတြက္ ၂ဂိုးသြင္းယူကာ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
၀က္စ္ဟမ္းနဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲအၿပီးမွာ
နယူးကာဆယ္နည္းျပ အက္ဒီဟို၀ီက
”ထရစ္ပီယာ ဘယ္ေလာက္အထိ

အနားယူရမလဲဆုိတာ ကၽြန္ေတာ္တုိ႔ မသိပါဘူး။
ရာသီမကုန္ခင္ သူျပန္ကစားႏုိင္ဖို႔
ေမွ်ာ္လင့္ေပမယ့္ ဒဏ္ရာက ျပင္းပါတယ္။
ကၽြန္ေတာ္တုိ႔အတြက္ေတာ့ သူဒဏ္ရာရသြားတာက
ထုိးႏွက္ခ်က္တစ္ရပ္ပါပဲ။

ဒါေပမဲ့ ကစားသမားတစ္ေယာက္တည္းနဲ႔
အသင္းတစ္သင္း တည္ေဆာက္လုိ႔မရပါဘူး”လုိ႔ ေျပာခဲ့ပါတယ္။