
ပဲလေ့စ်နဲ့ပွဲစဉ်အတွက် ယူနိုက်တက်ကြယ်ပွင့်တွေ မန်ချက်စတာ





လေဆိပ်အရောက်သွားခဲ့တဲ့ပုံရိပ်တွေကို Dailymial သတင်းစာက
ဖော်ပြလိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်အပါအဝင် ကြယ်ပွင့်တွေအများစုဟာ





မန်ချက်စတာလေဆိပ်ကိုကိုယ်တိုင်ကားမောင်းပြီး
သွားရောက်ခဲ့တာဖြစ်တယ်။ အခြားတစ်ဖက်မှာတော့
တိုက်စစ်မှူးသစ်ဝက်စ်ဟော့ကို အဲရစ်ဆင်က သူ့ရဲ့ကားနဲ့





မန်ချက်စတာလေဆိပ်အရောက်ခေါ်ဆောင်လာခဲ့တဲ့
ပုံရိပ်ထွက်ပေါ်လာပါတယ်။ သရဲနီပရိသတ်တွေကတော့





ဒိန်းမတ်ကွင်းလယ်လူဟာ ကွင်းထဲမရောက်ခင်မှာတင်
နယ်သာလန်သားကို ဖန်တီးမှုပြုလုပ်ပေးလိုက်ပြီလို့
တုံ့ပြန်လာကြတာပါ။ အဲရစ်ဆင်ဟာ ဒီရာသီအတွင်း မကြာခဏ





ဆိုသလို ကစားသမားသစ်တွေကို ကားမောင်းခေါ်ဆောင်
ပေးလေ့ရှိသူဖြစ်ပြီး နောက်ခံလူတစ်ယောက်ဖြစ်တဲ့





လီဆန်ဒရိုမာတီနက်ဇ်တုန်းကလည်း သူ့ကားနဲ့ခေါ်ဆောင်
ပေးခဲ့တာဖြစ်တယ်။ ယူနိုက်တက်အသင်းသားတွေဟာ
မန်ချက်စတာလေဆိပ်ကတစ်ဆင့် လန်ဒန်ကိုသွားရောက်မှာဖြစ်ပြီး





ဒီညမှာတော့ ပြိုင်ပွဲစုံ ၁၀ပွဲဆက်အနိုင်အတွက် ပဲလေ့စ်နဲ့
ရင်ဆိုင်ရမှာပါ။ လက်ရှိမှာတော့ တန်ဟတ်ရဲ့အသင်းဟာ





ငှက်ကျားတွေနဲ့ရမှတ်တူအနေအထား အဆင့် ၄မှာ
ရပ်တည်နေသလို ဒုတိယနေရာက မန်စီးတီးနဲ့ တစ်မှတ်သာ
ကွာဟနေတာဖြစ်တယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရတော့





ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ကြံ့ခိုင်မှုကြောင့်ပါဝင်ဖို့မလွယ်တဲ့အတွက်
သရဲနီတွေရဲ့တိုက်စစ်ကို ဝက်စ်ဟော့ဦးဆောင်ဖွယ်ရှိနေပြီး





ပြင်ပမှာနယ်သာလန်သား အဆင်ပြေဖို့အတွက်ဖန်တီးပေးခဲ့တဲ့
အဲရစ်ဆင်တစ်ယောက်ကွင်းထဲမှာ ဂိုးဖန်တီးမှုထပ်လုပ်
ပေးနိုင်မလားဆိုတာ အားလုံးကစိတ်ဝင်စားနေကြပါတယ်။





zawgyi
ပဲေလ့စ္နဲ႔ပြဲမတိုင္ခင္မွာ ဝက္စ္ေဟာ့ကိုဖန္တီးမႈလုပ္ေပးလိုက္တဲ့ အဲရစ္ဆင္





ပဲေလ့စ္နဲ႔ပြဲစဥ္အတြက္ ယူႏိုက္တက္ၾကယ္ပြင့္ေတြ မန္ခ်က္စတာ
ေလဆိပ္အေရာက္သြားခဲ့တဲ့ပုံရိပ္ေတြကို Dailymial သတင္းစာက
ေဖာ္ျပလိုက္ပါတယ္။ ရက္ရွ္ဖို႔ဒ္အပါအဝင္ ၾကယ္ပြင့္ေတြအမ်ားစုဟာ





မန္ခ်က္စတာေလဆိပ္ကိုကိုယ္တိုင္ကားေမာင္းၿပီး
သြားေရာက္ခဲ့တာျဖစ္တယ္။ အျခားတစ္ဖက္မွာေတာ့





တိုက္စစ္မႉးသစ္ဝက္စ္ေဟာ့ကို အဲရစ္ဆင္က သူ႔ရဲ႕ကားနဲ႔
မန္ခ်က္စတာေလဆိပ္အေရာက္ေခၚေဆာင္လာခဲ့တဲ့
ပုံရိပ္ထြက္ေပၚလာပါတယ္။ သရဲနီပရိသတ္ေတြကေတာ့





ဒိန္းမတ္ကြင္းလယ္လူဟာ ကြင္းထဲမေရာက္ခင္မွာတင္
နယ္သာလန္သားကို ဖန္တီးမႈျပဳလုပ္ေပးလိုက္ၿပီလို႔





တုံ႔ျပန္လာၾကတာပါ။ အဲရစ္ဆင္ဟာ ဒီရာသီအတြင္း မၾကာခဏ
ဆိုသလို ကစားသမားသစ္ေတြကို ကားေမာင္းေခၚေဆာင္
ေပးေလ့ရွိသူျဖစ္ၿပီး ေနာက္ခံလူတစ္ေယာက္ျဖစ္တဲ့





လီဆန္ဒ႐ိုမာတီနက္ဇ္တုန္းကလည္း သူ႔ကားနဲ႔ေခၚေဆာင္
ေပးခဲ့တာျဖစ္တယ္။ ယူႏိုက္တက္အသင္းသားေတြဟာ





မန္ခ်က္စတာေလဆိပ္ကတစ္ဆင့္ လန္ဒန္ကိုသြားေရာက္မွာျဖစ္ၿပီး
ဒီညမွာေတာ့ ၿပိဳင္ပြဲစုံ ၁၀ပြဲဆက္အႏိုင္အတြက္ ပဲေလ့စ္နဲ႔
ရင္ဆိုင္ရမွာပါ။ လက္ရွိမွာေတာ့ တန္ဟတ္ရဲ႕အသင္းဟာ





ငွက္က်ားေတြနဲ႔ရမွတ္တူအေနအထား အဆင့္ ၄မွာ
ရပ္တည္ေနသလို ဒုတိယေနရာက မန္စီးတီးနဲ႔ တစ္မွတ္သာ





ကြာဟေနတာျဖစ္တယ္။ ထြက္ေပၚေနတဲ့သတင္းေတြအရေတာ့
ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔ႀကံ့ခိုင္မႈေၾကာင့္ပါဝင္ဖို႔မလြယ္တဲ့အတြက္
သရဲနီေတြရဲ႕တိုက္စစ္ကို ဝက္စ္ေဟာ့ဦးေဆာင္ဖြယ္ရွိေနၿပီး





ျပင္ပမွာနယ္သာလန္သား အဆင္ေျပဖို႔အတြက္ဖန္တီးေပးခဲ့တဲ့
အဲရစ္ဆင္တစ္ေယာက္ကြင္းထဲမွာ ဂိုးဖန္တီးမႈထပ္လုပ္





ေပးႏိုင္မလားဆိုတာ အားလုံးကစိတ္ဝင္စားေနၾကပါတယ္။