
ယူနိုက်တက်နည်းပြတန်ဟတ်ကတော့ ကစားသမားသစ် ဆာဘစ်ဇာကို





ပဲလေ့စ်နဲ့ပွဲစဉ်မှာ ပွဲထုတ်မယ်လို့ လမ်းကြောင်းပေးပြောဆိုခဲ့ပါတယ်။
သရဲနီတွေဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ





ဇယားထိပ်ဆုံးက အာဆင်နယ်ကိုရှုံးပြီးတဲ့နောက် လမ်းကြောင်းမှန်ပေါ်
ပြန်တက်ဖို့အတွက် အကောင်းဆုံးပြင်ဆင်ရမှာဖြစ်တယ်။
နည်းပြဗီအဲရာရဲ့ ပဲလေ့စ်ကတော့ ၂၀၂၃ ခုနှစ်အတွင်း ပြိုင်ပွဲနှစ်ရပ်မှာ





နိုင်ပွဲလုံးဝမရသေးပေမဲ့ ယူနိုက်တက်ကို အိမ်ကွင်း ဆဲလ်ဟာ့စ်ပါ့ခ်မှာ
ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၂ပွဲဆက်အရှုံးမရှိကစားထားပါတယ်။





ဒီပွဲမှာတော့ ပဲလေ့စ်ရဲ့အားထားရတဲ့ တောင်ပံတိုက်စစ်ကစားသမား
ဇာဟာမပါနိုင်တာကထိုးနှက်ချက်ဖြစ်ပေမဲ့ ယူနိုက်တက်ဘက်မှာတော့
ဆာဘစ်ဇာက အချိန်တိုအတွင်းပွဲထွက်လာပါလိမ့်မယ်။





နည်းပြ တန်ဟတ်ဘက်ကလည်း ဒီညပွဲမှာ သြစတြီးယားကွင်းလယ်လူ
ပါဝင်လိမ့်မယ်လို့ အတည်ပြုထားတာဖြစ်တယ်။ ဆာဘစ်ဇာရဲ့





အိုးလ်ထရက်ဖို့ဒ်အခြေအနေကိုမေးမြန်းရာမှာတော့ တန်ဟတ်က
“အရမ်းကောင်းပါတယ်။ ဟုတ်ပါတယ်၊ သူက ယူနိုက်တက်နဲ့
လေ့ကျင့်မှုတစ်ကြိမ်သာလုပ်ထားပေမဲ့ အရမ်းကောင်းတဲ့





ကစားသမားဆိုတာ မင်းတို့မြင်နိုင်ပါတယ်။ ငါ့မှာ ခြားနားတဲ့
မျှော်လင့်ချက်တစ်ခုမရှိပါဘူး။ သူ ဘိုင်ယန်မြူးနစ်ကလာတာပါ။





ဂျာမန်ကလပ်တွေက အမြဲတမ်းကြံ့ခိုင်မှုကိုဂရုစိုက်သလို
ဒါနဲ့ပက်သတ်လို့ကောင်းပါတယ်။ ဒီတော့ အံကိုက်ပါပဲ၊
သူကစားဖို့အဆင်သင့်ဖြစ်နေပြီလို ထင်တယ်။ သူက တကယ့်ကို





စမတ်ကျတဲ့ကစားသမားလို့မြင်တယ်။ ငါတို့ဘက်က သူ့ကို
လမ်းညွှန်ပေးဖို့လိုအပ်တယ်လို့ယူဆပေမဲ့ ဘာလုပ်ရမယ်ဆိုတာ





သူသိသလို စတင်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်” လို့ ပြောဆိုထားပါတယ်။
zawgyi
ပဲေလ့စ္နဲ႔ပြဲစဥ္မွာ ဆာဘစ္ဇာကို ေသခ်ာေပါက္ပြဲထုတ္မယ္လို႔ တန္ဟတ္ လမ္းေၾကာင္းေပးေျပာဆို





ယူႏိုက္တက္နည္းျပတန္ဟတ္ကေတာ့ ကစားသမားသစ္ ဆာဘစ္ဇာကို
ပဲေလ့စ္နဲ႔ပြဲစဥ္မွာ ပြဲထုတ္မယ္လို႔ လမ္းေၾကာင္းေပးေျပာဆိုခဲ့ပါတယ္။





သရဲနီေတြဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ
ဇယားထိပ္ဆုံးက အာဆင္နယ္ကိုရႈံးၿပီးတဲ့ေနာက္ လမ္းေၾကာင္းမွန္ေပၚ
ျပန္တက္ဖို႔အတြက္ အေကာင္းဆုံးျပင္ဆင္ရမွာျဖစ္တယ္။





နည္းျပဗီအဲရာရဲ႕ ပဲေလ့စ္ကေတာ့ ၂၀၂၃ ခုႏွစ္အတြင္း ၿပိဳင္ပြဲႏွစ္ရပ္မွာ
ႏိုင္ပြဲလုံးဝမရေသးေပမဲ့ ယူႏိုက္တက္ကို အိမ္ကြင္း ဆဲလ္ဟာ့စ္ပါ့ခ္မွာ





ရင္ဆိုင္ခဲ့တဲ့ ေနာက္ဆုံး ၂ပြဲဆက္အရႈံးမရွိကစားထားပါတယ္။
ဒီပြဲမွာေတာ့ ပဲေလ့စ္ရဲ႕အားထားရတဲ့ ေတာင္ပံတိုက္စစ္ကစားသမား
ဇာဟာမပါႏိုင္တာကထိုးႏွက္ခ်က္ျဖစ္ေပမဲ့ ယူႏိုက္တက္ဘက္မွာေတာ့





ဆာဘစ္ဇာက အခ်ိန္တိုအတြင္းပြဲထြက္လာပါလိမ့္မယ္။
နည္းျပ တန္ဟတ္ဘက္ကလည္း ဒီညပြဲမွာ ၾသစႀတီးယားကြင္းလယ္လူ





ပါဝင္လိမ့္မယ္လို႔ အတည္ျပဳထားတာျဖစ္တယ္။ ဆာဘစ္ဇာရဲ႕
အိုးလ္ထရက္ဖို႔ဒ္အေျခအေနကိုေမးျမန္းရာမွာေတာ့ တန္ဟတ္က
“အရမ္းေကာင္းပါတယ္။ ဟုတ္ပါတယ္၊ သူက ယူႏိုက္တက္နဲ႔





ေလ့က်င့္မႈတစ္ႀကိမ္သာလုပ္ထားေပမဲ့ အရမ္းေကာင္းတဲ့
ကစားသမားဆိုတာ မင္းတို႔ျမင္ႏိုင္ပါတယ္။ ငါ့မွာ ျခားနားတဲ့





ေမွ်ာ္လင့္ခ်က္တစ္ခုမရွိပါဘူး။ သူ ဘိုင္ယန္ျမဴးနစ္ကလာတာပါ။
ဂ်ာမန္ကလပ္ေတြက အၿမဲတမ္းႀကံ့ခိုင္မႈကိုဂ႐ုစိုက္သလို
ဒါနဲ႔ပက္သတ္လို႔ေကာင္းပါတယ္။ ဒီေတာ့ အံကိုက္ပါပဲ၊





သူကစားဖို႔အဆင္သင့္ျဖစ္ေနၿပီလို ထင္တယ္။ သူက တကယ့္ကို
စမတ္က်တဲ့ကစားသမားလို႔ျမင္တယ္။ ငါတို႔ဘက္က သူ႔ကို





လမ္းၫႊန္ေပးဖို႔လိုအပ္တယ္လို႔ယူဆေပမဲ့ ဘာလုပ္ရမယ္ဆိုတာ
သူသိသလို စတင္ႏိုင္မယ္လို႔လည္း ယုံၾကည္ပါတယ္” လို႔ ေျပာဆိုထားပါတယ္။