ပဲလေ့စ်ကို အနိုင်မရတာ ကွင်းရဲ့မြက်ခင်းကြောင့်လို့ ဂွါဒီယိုလာ အပြစ်ဖို့

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပဲလေ့စ်ကို

အနိုင်မယူနိုင်ခဲ့မှုအတွက် အသင်းသားတွေကို
အပြစ်မတင်ဘဲ အသင်းသားတွေအစား
ကွင်းရဲ့မြက်ခင်းကိုသာ အပြစ်တင်သွားပါတယ်။
စီးတီးဟာ ပဲလေ့စ်ရဲ့အိမ်ကွင်း ဆဲလ်ဟတ်စ်ပါ့ခ်မှာ
ဂိုးပေါက်ပျောက်ပြီး ဂိုးမရှိသရေသာကစားနိုင်ခဲ့ရာ

ဒုတိယနေရာက လီဗာပူးကို ၁ပွဲပို ၄ မှတ်ပဲ
ဖြတ်နိုင်တော့လို့ ချန်ပီယံဆုကာကွယ်နိုင်ရေးအတွက်
ဖိအားတွေနဲ့ ပိုမိုရင်ဆိုင်သွားခဲ့ရပါတယ်။
စီးတီးဟာ ပွဲချိန်အများစုမှာ အိမ်ရှင်အသင်းကို
လွှမ်းမိုးကစားနိုင်ခဲ့ပေမယ့် ပဲလေ့စ်ဂိုးသမား

ဂူအီတာကိုတော့ ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ဘဲ
ဂွါဒီယိုလာက အကောင်းဆုံးအနေအထားမှာ
ရှိမနေတဲ့ မြက်ခင်းတွေကလည်း မိမိတို့အသင်း
၃ မှတ်အပြည့်မရယူနိုင်ခဲ့မှုရဲ့အဓိကအချက်တစ်ချက်
ဖြစ်ကြောင်း ပြောသွားပါတယ်။

”ပဲလေ့စ်အသင်း ကစားပုံကောင်းမွန်ခဲ့တယ်လို့ ထင်ပါတယ်။
ပွဲတွေအများကြီးကစားဖို့ ကျန်နေဆဲဖြစ်ပြီး
ကျွန်တော်တို့အသင်းလည်း ပွဲအများကြီးအနိုင်ရဖို့ရှိပါသေးတယ်။
ဒါပေမဲ့ အသင်းရဲ့ကစားပုံအရ အသင်းနဲ့ပတ်သက်လို့
နောင်တရစရာတော့မရှိပါဘူး။

ကျွန်တော်တု့ိအသင်း အနိုင်ရချင်တာတော့အမှန်ပဲပေါ့။
ဒါပေမဲ့ ခက်ခဲတဲ့ကွင်းမှာ ကစားခဲ့ရတာဖြစ်ပြီး
မြက်တွေက အကောင်းဆုံးအနေအထားမှာရှိမနေခဲ့ပါဘူး”လို့
စပိန်သား ဂွါဒီယိုလာက ပြောပါတယ်။
ပွဲအပြီးမှာ ဂွါဒီယိုလာနဲ့ ပဲလေ့စ်ဂိုးသမား

ဂူအီတာတို့အကြား အပြန်အလှန် ပြောခဲ့ပေမယ့်
ဂွါဒီယိုလာက သူတို့နှစ်ယောက် ဘာတွေ
ပြောခဲ့လဲဆိုတာ ထုတ်ပြောဖို့ ငြင်းဆန်သွားပါတယ်။

Zawgyi

ပဲေလ့စ္ကို အႏိုင္မရတာ ကြင္းရဲ႕ျမက္ခင္းေၾကာင့္လုိ႔ ဂြါဒီယိုလာ အျပစ္ဖို႔
မန္စီးတီးနည္းျပ ဂြါဒီယိုလာက ပဲေလ့စ္ကို
အႏိုင္မယူနိုင္ခဲ့မႈအတြက္ အသင္းသားေတြကို
အျပစ္မတင္ဘဲ အသင္းသားေတြအစား
ကြင္းရဲ႕ျမက္ခင္းကိုသာ အျပစ္တင္သြားပါတယ္။
စီးတီးဟာ ပဲေလ့စ္ရဲ႕အိမ္ကြင္း ဆဲလ္ဟတ္စ္ပါ့ခ္မွာ
ဂုိးေပါက္ေပ်ာက္ၿပီး ဂိုးမရွိသေရသာကစားႏုိင္ခဲ့ရာ
ဒုတိယေနရာက လီဗာပူးကို ၁ပြဲပို ၄ မွတ္ပဲ
ျဖတ္ႏိုင္ေတာ့လုိ႔ ခ်န္ပီယံဆုကာကြယ္ႏိုင္ေရးအတြက္
ဖိအားေတြနဲ႔ ပိုမိုရင္ဆုိင္သြားခဲ့ရပါတယ္။
စီးတီးဟာ ပြဲခ်ိန္အမ်ားစုမွာ အိမ္ရွင္အသင္းကို
လႊမ္းမုိးကစားႏိုင္ခဲ့ေပမယ့္ ပဲေလ့စ္ဂိုးသမား
ဂူအီတာကိုေတာ့ ေက်ာ္ျဖတ္ႏိုင္ျခင္းမရွိခဲ့ဘဲ
ဂြါဒီယိုလာက အေကာင္းဆုံးအေနအထားမွာ
ရွိမေနတဲ့ ျမက္ခင္းေတြကလည္း မိမိတုိ႔အသင္း
၃ မွတ္အျပည့္မရယူႏိုင္ခဲ့မႈရဲ႕အဓိကအခ်က္တစ္ခ်က္
ျဖစ္ေၾကာင္း ေျပာသြားပါတယ္။
”ပဲေလ့စ္အသင္း ကစားပုံေကာင္းမြန္ခဲ့တယ္လုိ႔ ထင္ပါတယ္။
ပြဲေတြအမ်ားႀကီးကစားဖို႔ က်န္ေနဆဲျဖစ္ၿပီး
ကၽြန္ေတာ္တုိ႔အသင္းလည္း ပြဲအမ်ားႀကီးအႏိုင္ရဖို႔ရွိပါေသးတယ္။
ဒါေပမဲ့ အသင္းရဲ႕ကစားပုံအရ အသင္းနဲ႔ပတ္သက္လုိ႔
ေနာင္တရစရာေတာ့မရွိပါဘူး။
ကၽြန္ေတာ္တု႔ိအသင္း အႏုိင္ရခ်င္တာေတာ့အမွန္ပဲေပါ့။
ဒါေပမဲ့ ခက္ခဲတဲ့ကြင္းမွာ ကစားခဲ့ရတာျဖစ္ၿပီး
ျမက္ေတြက အေကာင္းဆုံးအေနအထားမွာရွိမေနခဲ့ပါဘူး”လုိ႔
စပိန္သား ဂြါဒီယိုလာက ေျပာပါတယ္။
ပြဲအၿပီးမွာ ဂြါဒီယိုလာနဲ႔ ပဲေလ့စ္ဂိုးသမား
ဂူအီတာတို႔အၾကား အျပန္အလွန္ ေျပာခဲ့ေပမယ့္
ဂြါဒီယိုလာက သူတို႔ႏွစ္ေယာက္ ဘာေတြ
ေျပာခ့ဲလဲဆုိတာ ထုတ္ေျပာဖုိ႔ ျငင္းဆန္သြားပါတယ္။