ပဲလေ့စ်ကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် အာဆင်နယ်နည်းပြ အာတီတာ ပြန်လည်တောင်းပန်

အာဆင်နယ်အသင်းနည်းပြ အာတီတာက ပဲလေ့စ်ကို

ဂိုးပြတ်အရေးနိမ့်ခဲ့ရပြီးနောက် အသင်းပရိသတ်တွေကို
ပြန်လည်တောင်းပန်သွားခဲ့ပြီး စွမ်းဆောင်ရည်က
လက်သင့်ခံနိုင်စရာမရှိဘူးလို့ အခိုင်အမာပြောပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လိုအပ်ချက်ပြင်းထန်နေတဲ့
အာဆင်နယ်ဟာ အဝေးကွင်းမှာ ပဲလေ့စ်ကို ၃-၀ ဂိုးနဲ့

အရေးနိမ့်ခဲ့ရတာဖြစ်ပြီး စပါးနဲ့ အမှတ်တူ၊ ဂိုးကွာခြားချက်အရ
အဆင့် ၅ နေရာမှာ ဆက်လက်ရပ်တည်နေပေမယ့်
တစ်ပွဲလျော့ကစားထားပါတယ်။
”ကျွန်တော်တို့အသင်းဟာ ကိုယ့်ကိုယ်ကိုယ်
ကစားရခက်အောင် လုပ်ခဲ့ပါတယ်။

ဘောလုံးရှိနေချိန်မှာ ကစားပုံက တစ်သမတ်တည်းမရှိခဲ့ဘဲ
ဒီလိုအဆင့်မျိုးမှာ ဒါက လက်သင့်ခံနိုင်စရာမရှိပါဘူး။
ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေကို တောင်းပန်ပါတယ်။
ပြီးတော့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း လက်ခံသွားမှာပါ။
ဒီပွဲမှာဆိုရင် ကျွန်တော်တို့အသင်းဟာ တစ်ချိန်တည်းမှာပဲ

အမှားတွေအများကြီးကျူးလွန်မိခဲ့ပြီး အထူးသဖြင့်
ပထမပိုင်းမှာ အတော်လေးဆိုးရွားခဲ့ပါတယ်”လို့ အာတီတာက ပြောပါတယ်။
အာဆင်နယ်အတွက် နောက်ထပ်ဆိုးရွားမှုအဖြစ်
အားထားရတဲ့ကွင်းလယ်လူ သောမတ်စ်ပါတေး
ပေါင်ဒဏ်ရာပြန်ပေါ်လာလို့ လူစားလဲခံခဲ့ရတာဖြစ်ပြီး

အာတီတာကလည်း စိုးရိမ်မိတယ်လို့ ဝန်ခံပါတယ်။
ဒါ့အပြင် နိုင်ငံတကာရက်သတ္တပတ်အတွင်း
ဒူးဒဏ်ရာရခဲ့တဲ့ ဘယ်နောက်ခံလူ တီယာနေးအနေနဲ့
ယနေ့မှာ အထူးကုဆရာဝန်နဲ့ ပြသမှာဖြစ်တယ်လို့
အာတီတာက အတည်ပြုခဲ့ပြီး ပဲလေ့စ်နဲ့ပွဲကို လွဲချော်ခဲ့တဲ့

စကော့တလန်လက်ရွေးစင် တီယာနေးအနေနဲ့
ယခုရာသီကုန်အထိ အနားယူရနိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

Zawgyi

ပဲေလ့စ္ကို ဂိုးျပတ္ရံႈးနိမ့္ၿပီးေနာက္ အာဆင္နယ္နည္းျပ အာတီတာ ျပန္လည္ေတာင္းပန္
အာဆင္နယ္အသင္းနည္းျပ အာတီတာက ပဲေလ့စ္ကို
ဂိုးျပတ္အေရးနိမ့္ခဲ့ရၿပီးေနာက္ အသင္းပရိသတ္ေတြကို
ျပန္လည္ေတာင္းပန္သြားခဲ့ၿပီး စြမ္းေဆာင္ရည္က
လက္သင့္ခံႏိုင္စရာမရွိဘူးလုိ႔ အခိုင္အမာေျပာပါတယ္။

ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အမွတ္လိုအပ္ခ်က္ျပင္းထန္ေနတဲ့
အာဆင္နယ္ဟာ အေ၀းကြင္းမွာ ပဲေလ့စ္ကို ၃-၀ ဂိုးနဲ႔
အေရးနိမ့္ခဲ့ရတာျဖစ္ၿပီး စပါးနဲ႔ အမွတ္တူ၊ ဂိုးကြာျခားခ်က္အရ
အဆင့္ ၅ ေနရာမွာ ဆက္လက္ရပ္တည္ေနေပမယ့္
တစ္ပြဲေလ်ာ့ကစားထားပါတယ္။

”ကၽြန္ေတာ္တုိ႔အသင္းဟာ ကုိယ့္ကိုယ္ကုိယ္
ကစားရခက္ေအာင္ လုပ္ခဲ့ပါတယ္။
ေဘာလုံးရွိေနခ်ိန္မွာ ကစားပုံက တစ္သမတ္တည္းမရွိခဲ့ဘဲ
ဒီလုိအဆင့္မ်ိဳးမွာ ဒါက လက္သင့္ခံႏိုင္စရာမရွိပါဘူး။
ကၽြန္ေတာ္တုိ႔အေနနဲ႔ ပရိသတ္ေတြကို ေတာင္းပန္ပါတယ္။

ၿပီးေတာ့ ရင္ဆုိင္ေနရတဲ့ စိန္ေခၚမႈေတြကိုလည္း လက္ခံသြားမွာပါ။
ဒီပြဲမွာဆုိရင္ ကၽြန္ေတာ္တုိ႔အသင္းဟာ တစ္ခ်ိန္တည္းမွာပဲ
အမွားေတြအမ်ားႀကီးက်ဴးလြန္မိခဲ့ၿပီး အထူးသျဖင့္
ပထမပိုင္းမွာ အေတာ္ေလးဆုိးရြားခဲ့ပါတယ္”လုိ႔ အာတီတာက ေျပာပါတယ္။
အာဆင္နယ္အတြက္ ေနာက္ထပ္ဆုိးရြားမႈအျဖစ္

အားထားရတဲ့ကြင္းလယ္လူ ေသာမတ္စ္ပါေတး
ေပါင္ဒဏ္ရာျပန္ေပၚလာလုိ႔ လူစားလဲခံခဲ့ရတာျဖစ္ၿပီး
အာတီတာကလည္း စိုးရိမ္မိတယ္လုိ႔ ၀န္ခံပါတယ္။
ဒါ့အျပင္ ႏိုင္ငံတကာရက္သတၱပတ္အတြင္း
ဒူးဒဏ္ရာရခဲ့တဲ့ ဘယ္ေနာက္ခံလူ တီယာေနးအေနနဲ႔

ယေန႔မွာ အထူးကုဆရာ၀န္နဲ႔ ျပသမွာျဖစ္တယ္လုိ႔
အာတီတာက အတည္ျပဳခဲ့ၿပီး ပဲေလ့စ္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့တဲ့
စေကာ့တလန္လက္ေရြးစင္ တီယာေနးအေနနဲ႔
ယခုရာသီကုန္အထိ အနားယူရႏိုင္တယ္လုိ႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။