ပေးထားတဲ့ကတိအတိုင်း ၄ရက်ကြာ စက်ဘီးစီးခရီးနှင်နေတဲ့ ရော်နယ်ဒို

ရီးရဲလ်နဲ့ ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဟာ

သူ အဓိကရှယ်ယာရှင်အဖြစ် ပါဝင်နေတဲ့ ဗယ်လာဒိုလစ်အသင်း
တန်းတက်လာခဲ့ပြီးနောက် ပေးထားတဲ့ကတိအတိုင်း
မိုင်ပေါင်း ၂၈၀ ခရီးကို ၄ ရက်ကြာ စက်ဘီးစီးခရီးနှင်နေပါတယ်။
ရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ်က ဗယ်လာဒိုလစ်အသင်းရဲ့
ရှယ်ယာ ၅၁ %ကို ဝယ်ယူခဲ့တာဖြစ်ပြီး

အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဗယ်လာဒိုလစ်အသင်း
လာလီဂါကို တန်းတက်နိုင်ရင် အိမ်ကွင်း ဇော်ရီလာကနေ
ကာမီနိုဒီဆန်တီယာဂိုကို စက်ဘီးနင်းပြီး
သွားမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။

ဗယ်လာဒိုလစ်ဟာ လာလီဂါကနေ
တန်းဆင်းခဲ့ရပြီးနောက် တစ်နှစ်အကြာ
ဆီဂန်ဒါမှာ ဒုတိယရခဲ့လို့ တိုက်ရိုက်
တန်းတက်ခွင့်ရခဲ့တာဖြစ်ပြီး ရော်နယ်ဒိုလည်း
တနင်္ဂနွေနေ့မှာ စတင်ခရီးထွက်ခွာလာခဲ့တာပါ။

သူနဲ့အတူ ရော်နယ်ဒိုရဲ့ဇနီးဖြစ်သူလည်း
အတူလိုက်ပါလာပြီး ခရီးတစ်လျှောက် ရော်နယ်ဒိုကို
ကူညီဖို့အတွက် စက်ဘီးစီးပရော်ဖက်ရှင်နယ်တစ်ဦးလည်း
အတူတူလိုက်ပါလာခဲ့ပါတယ်။
”ဒီခရီးက လှပနေပါတယ်။ ကျွန်တော့်အနေနဲ့

စက်ဘီးစီးရလို့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမယ်မှန်း
သိပေမယ့် မေ့မရနိုင်တဲ့အတွေ့အကြုံရမှာပါ”လို့
ရော်နယ်ဒိုက ပြောပါတယ်။
ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလား ၂ကြိမ်ရခဲ့ပြီး
ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆု

၃ကြိမ်ရခဲ့တဲ့ ရော်နယ်ဒိုက ”လာလီဂါကနေ
တန်းဆင်းခဲ့ရပြီးနောက် တန်းပြန်တက်နိုင်ဖို့
ကျွန်တော်တို့အသင်း အများကြီးကြိုးစားရမယ်ဆိုတာ သိခဲ့ပါတယ်”လို့ ပြောပါတယ်။
ရော်နယ်ဒိုဟာ ကလပ်အသင်းအဆင့်မှာ
ဂိုးပေါင်း ၃၅၀ ကျော်သွင်းယူခဲ့ပြီး ဘရာဇီးအသင်းအတွက်

၉၈ ပွဲမှာ ၆၂ ဂိုးသွင်းခဲ့ပါတယ်။
သူဟာ ပြင်းထန်တဲ့ဒူးဒဏ်ရာတွေကြောင့်
ကိုရင်သီယန်အသင်းမှာ ကစားနေစဉ်
၂၀၁၁ ခုနှစ်က ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

Zawgyi

ေပးထားတ့ဲကတိအတိုင္း ၄ရက္ၾကာ စက္ဘီးစီးခရီးႏွင္ေနတဲ့ ေရာ္နယ္ဒို
ရီးရဲလ္နဲ႔ ဘရာဇီးတိုက္စစ္မွဴးေဟာင္း ေရာ္နယ္ဒိုဟာ
သူ အဓိကရွယ္ယာရွင္အျဖစ္ ပါ၀င္ေနတဲ့ ဗယ္လာဒိုလစ္အသင္း

တန္းတက္လာခဲ့ၿပီးေနာက္ ေပးထားတဲ့ကတိအတိုင္း
မိုင္ေပါင္း ၂၈၀ ခရီးကို ၄ ရက္ၾကာ စက္ဘီးစီးခရီးႏွင္ေနပါတယ္။
ေရာ္နယ္ဒိုဟာ ၂၀၁၈ ခုႏွစ္က ဗယ္လာဒိုလစ္အသင္းရဲ႕
ရွယ္ယာ ၅၁ %ကို ၀ယ္ယူခဲ့တာျဖစ္ၿပီး
အသင္းဥကၠ႒အျဖစ္ တာ၀န္ယူေဆာင္ရြက္ေနတာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ဗယ္လာဒိုလစ္အသင္း
လာလီဂါကို တန္းတက္ႏိုင္ရင္ အိမ္ကြင္း ေဇာ္ရီလာကေန
ကာမီႏိုဒီဆန္တီယာဂိုကို စက္ဘီးနင္းၿပီး
သြားမယ္လို႔ ကတိေပးခဲ့တာျဖစ္ပါတယ္။
ဗယ္လာဒိုလစ္ဟာ လာလီဂါကေန

တန္းဆင္းခဲ့ရၿပီးေနာက္ တစ္ႏွစ္အၾကာ
ဆီဂန္ဒါမွာ ဒုတိယရခဲ့လို႔ တိုက္႐ိုက္
တန္းတက္ခြင့္ရခဲ့တာျဖစ္ၿပီး ေရာ္နယ္ဒိုလည္း
တနဂၤေႏြေန႔မွာ စတင္ခရီးထြက္ခြာလာခဲ့တာပါ။
သူနဲ႔အတူ ေရာ္နယ္ဒိုရဲ႕ဇနီးျဖစ္သူလည္း

အတူလိုက္ပါလာၿပီး ခရီးတစ္ေလွ်ာက္ ေရာ္နယ္ဒိုကို
ကူညီဖို႔အတြက္ စက္ဘီးစီးပေရာ္ဖက္ရွင္နယ္တစ္ဦးလည္း
အတူတူလိုက္ပါလာခဲ့ပါတယ္။
”ဒီခရီးက လွပေနပါတယ္။ ကၽြန္ေတာ့္အေနနဲ႔
စက္ဘီးစီးရလို႔ ႐ုပ္ပိုင္းဆိုင္ရာ ပင္ပန္းမယ္မွန္း

သိေပမယ့္ ေမ့မရႏိုင္တဲ့အေတြ႕အၾကံဳရမွာပါ”လို႔
ေရာ္နယ္ဒိုက ေျပာပါတယ္။
ဘရာဇီးအသင္းနဲ႔အတူ ကမၻာ့ဖလား ၂ႀကိမ္ရခဲ့ၿပီး
ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆု
၃ႀကိမ္ရခဲ့တဲ့ ေရာ္နယ္ဒိုက ”လာလီဂါကေန

တန္းဆင္းခဲ့ရၿပီးေနာက္ တန္းျပန္တက္ႏိုင္ဖို႔
ကၽြန္ေတာ္တို႔အသင္း အမ်ားႀကီးႀကိဳးစားရမယ္ဆိုတာ သိခဲ့ပါတယ္”လို႔ ေျပာပါတယ္။
ေရာ္နယ္ဒိုဟာ ကလပ္အသင္းအဆင့္မွာ
ဂိုးေပါင္း ၃၅၀ ေက်ာ္သြင္းယူခဲ့ၿပီး ဘရာဇီးအသင္းအတြက္
၉၈ ပြဲမွာ ၆၂ ဂိုးသြင္းခဲ့ပါတယ္။

သူဟာ ျပင္းထန္တဲ့ဒူးဒဏ္ရာေတြေၾကာင့္
ကိုရင္သီယန္အသင္းမွာ ကစားေနစဥ္
၂၀၁၁ ခုႏွစ္က ကစားသမားဘ၀ကေန အနားယူခဲ့ပါတယ္။