
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူပေ့ါဘာဟာ အသင်းနဲ့
စာချုပ်သက်တမ်းတိုးဖို့ဆန္ဒမရှိတဲ့အတွက် သူ့ရဲ့ ဒုတိယအကြိမ်မြောက်
မန်ချက်စတာယူနိုက်တက်ကစားသမားဘဝ အဆုံးသတ်မယ့်အချိန်က
တဖြည်းဖြည်းနီးစပ်လာပြီဖြစ်ပါတယ်။ ပေ့ါဘာရဲ့စာချုပ်က
အခုရာသီကုန်ကျရင်သက်တမ်းပြည့်မှာဖြစ်ပြီး လာမယ့်ဇန်နဝါရီမှာ
တခြားအသင်းတစ်သင်းနဲ့အပြောင်းအရွှေ့ကိစ္စအကြိုသဘောတူညီမှု
ရယူနိုင်ခွင့်ရှိနေပါတယ်။ Manchester Evening News သတင်းစာကတော့
ပေ့ါဘာဟာ ယူနိုက်တက်အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ဆန္ဒရှိပုံမပေါ်တာကြောင့်
ရာသီကုန်ကျရင် အသင်းနဲ့လမ်းခွဲဖို့ ရာနှုန်းများနေပြီလို့သုံးသပ်ဖော်ပြခဲ့ပါတယ်။
အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူပေ့ါဘာဟာ ဒီရာသီအစပိုင်းမှာ
ပုံစံကောင်းတွေပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်(၄)ပွဲကစား၊ ဂိုးဖန်တီးမှု(၇)ကြိမ်အထိ
ပြုလုပ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ သူ့ခြေစွမ်းက သိသိသာသာကျဆင်းခဲ့သလို
လီဗာပူးလ်အသင်းကို(၅-ဝ)ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လူစားဝင်ပြီးမကြာခင်မှာပဲ
မလိုလားအပ်တဲ့ကစားပုံကြောင့် တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။
အတ္တလန်တာအသင်းနဲ့ (၂-၂)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာလည်း ပေ့ါဘာဟာ
စိတ်ပျက်စရာကောင်းတဲ့ခြေစွမ်းမျိုးဆက်လက်ပြသခဲ့ပြီး (၆၉)မိနစ်မှာပဲ
ဆိုးလ်ရှားက သူ့ကို မာတစ်နဲ့လူစားလဲခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကွင်းလယ်လူ
တွမ်မီနေးဟာ အဝါကတ်အပြခံထားရပြီး အသင်းက ချေပဂိုးရဖို့အရှိန်မြှင့်ကစားဖို့
လိုနေချိန်မှာ ဆိုးလ်ရှားက တွမ်မီနေးကိုလူစားမလဲဘဲ ပေ့ါဘာကိုလူစားလဲခဲ့တာကြောင့်
ပေါ့ဘာရဲ့အနေအထားက စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။ အောက်တိုဘာလတုန်းက
လက်စတာအသင်းကို(၄-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့အပြီး ပေ့ါဘာက အသင်းရဲ့နည်းစနစ်ပိုင်းကို
ဝေဖန်ခဲ့သလို အပြောင်းအလဲလုပ်ဖို့သင့်ပြီလို့ဖွင့်ဟပြောဆိုခဲ့ပြီးနောက်ပိုင်း
ပေ့ါဘာဟာ ပုံမှန်ကစားခွင့်ရဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။
အတ္တလန်တာကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့ပွဲ၊ လီဗာပူးလ်ကို(၅-ဝ)ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲတွေမှာ
ပေါ့ဘာဟာ လူစားဝင်အဖြစ်သာပါဝင်ကစားခဲ့ရသလို စပါးအသင်းကို(၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
လူစာရင်းမှာတောင်မပါဝင်ခဲ့ပါဘူး။ အခု အတ္တလန်တာနဲ့ပွဲမှာ ဆိုးလ်ရှားက
သူ့ကိုပွဲထွက်ကစားသမားအဖြစ် ပြန်လည်အသုံးပြုခဲ့ပေမယ့်လည်း
ပေ့ါဘာက ခြေစွမ်းမပြနိုင်တာကြောင့် ဒုတိယပိုင်းမှာပဲလူစားလဲခံခဲ့ရတာဖြစ်ပါတယ်။
zawgyi
ေပ့ါဘာဟာ ယူႏိုက္တက္နဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ ဆႏၵမရွိျဖစ္ေနတဲ့အတြက္ အသင္းကထြက္ခြာဖို႔ရွိေန
မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူေပ့ါဘာဟာ အသင္းနဲ႔
စာခ်ဳပ္သက္တမ္းတိုးဖို႔ဆႏၵမရွိတဲ့အတြက္ သူ႔ရဲ႕ ဒုတိယအႀကိမ္ေျမာက္
မန္ခ်က္စတာယူႏိုက္တက္ကစားသမားဘဝ အဆုံးသတ္မယ့္အခ်ိန္က
တျဖည္းျဖည္းနီးစပ္လာၿပီျဖစ္ပါတယ္။ ေပ့ါဘာရဲ႕စာခ်ဳပ္က
အခုရာသီကုန္က်ရင္သက္တမ္းျပည့္မွာျဖစ္ၿပီး လာမယ့္ဇန္နဝါရီမွာ
တျခားအသင္းတစ္သင္းနဲ႔အေျပာင္းအေ႐ႊ႕ကိစၥအႀကိဳသေဘာတူညီမႈ
ရယူႏိုင္ခြင့္ရွိေနပါတယ္။ Manchester Evening News သတင္းစာကေတာ့
ေပ့ါဘာဟာ ယူႏိုက္တက္အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ဆႏၵရွိပုံမေပၚတာေၾကာင့္
ရာသီကုန္က်ရင္ အသင္းနဲ႔လမ္းခြဲဖို႔ ရာႏႈန္းမ်ားေနၿပီလို႔သုံးသပ္ေဖာ္ျပခဲ့ပါတယ္။
အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူေပ့ါဘာဟာ ဒီရာသီအစပိုင္းမွာ
ပုံစံေကာင္းေတြျပသႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္(၄)ပြဲကစား၊ ဂိုးဖန္တီးမႈ(၇)ႀကိမ္အထိ
ျပဳလုပ္ခဲ့ေပမယ့္ အဲဒီေနာက္ပိုင္းမွာေတာ့ သူ႔ေျခစြမ္းက သိသိသာသာက်ဆင္းခဲ့သလို
လီဗာပူးလ္အသင္းကို(၅-ဝ)ဂိုးျပတ္ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ လူစားဝင္ၿပီးမၾကာခင္မွာပဲ
မလိုလားအပ္တဲ့ကစားပုံေၾကာင့္ တိုက္႐ိုက္အနီကတ္နဲ႔အထုတ္ခံခဲ့ရတာျဖစ္ပါတယ္။
အတၱလန္တာအသင္းနဲ႔ (၂-၂)ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာလည္း ေပ့ါဘာဟာ
စိတ္ပ်က္စရာေကာင္းတဲ့ေျခစြမ္းမ်ိဳးဆက္လက္ျပသခဲ့ၿပီး (၆၉)မိနစ္မွာပဲ
ဆိုးလ္ရွားက သူ႔ကို မာတစ္နဲ႔လူစားလဲခဲ့ရပါတယ္။ အဲဒီအခ်ိန္မွာ ကြင္းလယ္လူ
တြမ္မီေနးဟာ အဝါကတ္အျပခံထားရၿပီး အသင္းက ေခ်ပဂိုးရဖို႔အရွိန္ျမႇင့္ကစားဖို႔
လိုေနခ်ိန္မွာ ဆိုးလ္ရွားက တြမ္မီေနးကိုလူစားမလဲဘဲ ေပ့ါဘာကိုလူစားလဲခဲ့တာေၾကာင့္
ေပါ့ဘာရဲ႕အေနအထားက စဥ္းစားစရာျဖစ္လာခဲ့ပါတယ္။ ေအာက္တိုဘာလတုန္းက
လက္စတာအသင္းကို(၄-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့အၿပီး ေပ့ါဘာက အသင္းရဲ႕နည္းစနစ္ပိုင္းကို
ေဝဖန္ခဲ့သလို အေျပာင္းအလဲလုပ္ဖို႔သင့္ၿပီလို႔ဖြင့္ဟေျပာဆိုခဲ့ၿပီးေနာက္ပိုင္း
ေပ့ါဘာဟာ ပုံမွန္ကစားခြင့္ရဖို႔႐ုန္းကန္ေနရတာျဖစ္ပါတယ္။ အတၱလန္တာကို
(၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့ပြဲ၊ လီဗာပူးလ္ကို(၅-ဝ)ဂိုးျပတ္ရႈံးနိမ့္ခဲ့တဲ့ပြဲေတြမွာ ေပါ့ဘာဟာ
လူစားဝင္အျဖစ္သာပါဝင္ကစားခဲ့ရသလို စပါးအသင္းကို(၃-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ
လူစာရင္းမွာေတာင္မပါဝင္ခဲ့ပါဘူး။ အခု အတၱလန္တာနဲ႔ပြဲမွာ ဆိုးလ္ရွားက
သူ႔ကိုပြဲထြက္ကစားသမားအျဖစ္ ျပန္လည္အသုံးျပဳခဲ့ေပမယ့္လည္း
ေပ့ါဘာက ေျခစြမ္းမျပႏိုင္တာေၾကာင့္ ဒုတိယပိုင္းမွာပဲလူစားလဲခံခဲ့ရတာျဖစ္ပါတယ္။