
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူပေ့ါဘာဟာ
ပြီးခဲ့တဲ့တနင်္လာနေ့က လက်ရွေးစင်အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရရှိခဲ့တာ
ကြောင့် (၂)လလောက်အထိအနားယူရဖို့ရှိနေပါပြီ။ ပေ့ါဘာဟာ ပြင်သစ်အသင်းရဲ့
လေ့ကျင့်ခန်းအစီအစဉ်မှာ ဘောလုံးကန်ဖို့ကြိုးစားတာကနေ ညာဘက်ပေါင်ခြံမှာ
ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး (၂)လောက်အနားယူရဖို့ရှိနေတာကြောင့် လာမယ့်ဇန်နဝါရီမှသာ
ဘောလုံးပြန်ကစားနိုင်မှာဖြစ်ပါတယ်။
အဲဒီအချိန်ကျရင် ပေ့ါဘာဟာ တခြားအသင်းတစ်သင်းနဲ့အပြောင်းအရွှေ့ကိစ္စအတွက်
ကြိုတင်သဘောတူညီခွင့်ရရှိမှာဖြစ်သလို ယူနိုက်တက်အသင်းကလည်း စာချုပ်သက်တမ်းတိုးဖို့
မသေချာတော့တဲ့ ပေ့ါဘာကို ရာသီကုန်ကျရင်အလွတ်နဲ့လက်လွှတ်လိုက်ဖို့ ဆန္ဒရှိနေတယ်လို့
သတင်းထွက်နေပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ဂျူဗင်တပ်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီ
ပေါင်(၈၉)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ပေ့ါဘာဟာ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက်လုံး
တည်ငြိမ်မှုမရှိခဲ့ဘဲ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
ဒီရာသီအစပိုင်းမှာ ဂိုးဖန်တီးမှု(၇)ကြိမ်အထိပြုလုပ်ပြီး ခြေစွမ်းပြခဲ့ပေမယ့် အဲဒီနောက်ပိုင်
း ပုံမှန်စွမ်းဆောင်ရည်ပျောက်ဆုံးနေသလို ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက လီဗာပူးလ်နဲ့
ကစားခဲ့တဲ့ပွဲမှာ တိုက်ရိုက်အနီနဲ့အထုတ်ခံခဲ့ရတာကြောင့် မန်စီးတီးနဲ့ပွဲကိုလွဲချော်ခဲ့တဲ့အပြင်
နိုင်ငံတကာပွဲတွေအပြီး ပြန်ကစားမယ့် ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း ပါဝင်နိုင်မှာမဟုတ်ပါဘူး။
အခုအချိန်မှာတော့ ပေ့ါဘာက ဒဏ်ရာကြောင့် ကာလရှည်အနားယူရမယ့်အနေအထား
ရှိနေတဲ့အတွက် သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝက စောစောစီးစီးပဲအဆုံးသတ်ရဖို့ရှိနေပါပြီ။
ပေ့ါဘာကတော့ သူဟာ ဒဏ်ရာပြဿနာကနေ အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်အောင်
ကြိုးစားသွားမယ်လို့ ကတိပေးပြောဆိုခဲ့ပါတယ်။ ပေ့ါဘာဟာ သူ့ရဲ့ Instagram မှာ
ပရိသတ်တွေကို ဒဏ်ရာအနေအထားနဲ့ပတ်သက်လို့ အသိပေးပြောကြားခဲ့ပြီး ချိုင်းထောက်
အသုံးပြုသွားလာနေရတာကိုတွေ့ရမှာပါ။
ပေ့ါဘာက “မင်္ဂလာပါ..ပရိသတ်ကြီး။ ခင်ဗျားတို့မြင်တဲ့အတိုင်း ကျွန်တော့်မှာ ဒဏ်ရာ
အနည်းငယ်ရှိနေပြီး အရမ်းကြီးမဆိုးရွားဖို့မျှော်လင့်ပါတယ်။ ဒဏ်ရာအခြေအနေနဲ့
ပတ်သက်လို့ လာမယ့်ရက်ပိုင်းအတွင်း နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ လုပ်သွားဦးမှာပါ။
ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ပြန်လာဖို့ ယုံကြည်မှုအပြည့်ရှိပြီး အဲဒီလိုဖြစ်အောင်
ကြိုးစားသွားမှာဖြစ်ပါတယ်။ ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ပရိသတ်တွေကိုလည်း
ကျေးဇူးတင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
Zawgyi
ေပ့ါဘာကို ယူႏိုက္တက္အသင္းမွာ ေနာက္ထပ္ျမင္ေတြ႕ရပါဦးမလား..
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္လူေပ့ါဘာဟာ
ၿပီးခဲ့တဲ့တနလၤာေန႔က လက္ေ႐ြးစင္အသင္းေလ့က်င့္ခန္းအစီအစဥ္မွာ ဒဏ္ရာရရွိခဲ့တာ
ေၾကာင့္ (၂)လေလာက္အထိအနားယူရဖို႔ရွိေနပါၿပီ။ ေပ့ါဘာဟာ ျပင္သစ္အသင္းရဲ႕
ေလ့က်င့္ခန္းအစီအစဥ္မွာ ေဘာလုံးကန္ဖို႔ႀကိဳးစားတာကေန ညာဘက္ေပါင္ၿခံမွာ
ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး (၂)ေလာက္အနားယူရဖို႔ရွိေနတာေၾကာင့္ လာမယ့္ဇန္နဝါရီမွသာ
ေဘာလုံးျပန္ကစားႏိုင္မွာျဖစ္ပါတယ္။ အဲဒီအခ်ိန္က်ရင္ ေပ့ါဘာဟာ တျခားအသင္
းတစ္သင္းနဲ႔အေျပာင္းအေ႐ႊ႕ကိစၥအတြက္ ႀကိဳတင္သေဘာတူညီခြင့္ရရွိမွာျဖစ္သလို
ယူႏိုက္တက္အသင္းကလည္း စာခ်ဳပ္သက္တမ္းတိုးဖို႔မေသခ်ာေတာ့တဲ့ ေပ့ါဘာကို
ရာသီကုန္က်ရင္အလြတ္နဲ႔လက္လႊတ္လိုက္ဖို႔ ဆႏၵရွိေနတယ္လို႔သတင္းထြက္ေနပါတယ္။
၂၀၁၆ ခုႏွစ္တုန္းက ဂ်ဴဗင္တပ္စ္အသင္းကေန ယူႏိုက္တက္အသင္းဆီ ေပါင္(၈၉)သန္းနဲ႔
ေျပာင္းေ႐ႊ႕ခဲ့သူ ေပ့ါဘာဟာ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္လုံး တည္ၿငိမ္မႈ
မရွိခဲ့ဘဲ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။
ဒီရာသီအစပိုင္းမွာ ဂိုးဖန္တီးမႈ(၇)ႀကိမ္အထိျပဳလုပ္ၿပီး ေျခစြမ္းျပခဲ့ေပမယ့္ အဲဒီေနာက္ပိုင္
း ပုံမွန္စြမ္းေဆာင္ရည္ေပ်ာက္ဆုံးေနသလို ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက လီဗာပူးလ္နဲ႔
ကစားခဲ့တဲ့ပြဲမွာ တိုက္႐ိုက္အနီနဲ႔အထုတ္ခံခဲ့ရတာေၾကာင့္ မန္စီးတီးနဲ႔ပြဲကိုလြဲေခ်ာ္ခဲ့တဲ့အျပင္
ႏိုင္ငံတကာပြဲေတြအၿပီး ျပန္ကစားမယ့္ ဝက္ဖို႔ဒ္နဲ႔ပြဲမွာလည္း ပါဝင္ႏိုင္မွာမဟုတ္ပါဘူး။
အခုအခ်ိန္မွာေတာ့ ေပ့ါဘာက ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူရမယ့္အေနအထား
ရွိေနတဲ့အတြက္ သူ႔ရဲ႕ ယူႏိုက္တက္ကစားသမားဘဝက ေစာေစာစီးစီးပဲအဆုံးသတ္ရဖို႔ရွိေနပါၿပီ။
ေပ့ါဘာကေတာ့ သူဟာ ဒဏ္ရာျပႆနာကေန အေကာင္းဆုံးပုံစံနဲ႔ျပန္လာႏိုင္ေအာင္
ႀကိဳးစားသြားမယ္လို႔ ကတိေပးေျပာဆိုခဲ့ပါတယ္။ ေပ့ါဘာဟာ သူ႔ရဲ႕ Instagram မွာ
ပရိသတ္ေတြကို ဒဏ္ရာအေနအထားနဲ႔ပတ္သက္လို႔ အသိေပးေျပာၾကားခဲ့ၿပီး ခ်ိဳင္းေထာက္
အသုံးျပဳသြားလာေနရတာကိုေတြ႕ရမွာပါ။
ေပ့ါဘာက “မဂၤလာပါ..ပရိသတ္ႀကီး။ ခင္ဗ်ားတို႔ျမင္တဲ့အတိုင္း ကြၽန္ေတာ့္မွာ ဒဏ္ရာ
အနည္းငယ္ရွိေနၿပီး အရမ္းႀကီးမဆိုး႐ြားဖို႔ေမွ်ာ္လင့္ပါတယ္။ ဒဏ္ရာအေျခအေနနဲ႔
ပတ္သက္လို႔ လာမယ့္ရက္ပိုင္းအတြင္း ေနာက္ထပ္စမ္းသပ္စစ္ေဆးမႈေတြ လုပ္သြားဦးမွာပါ။
ကြၽန္ေတာ္တို႔ အေကာင္းဆုံးပုံစံနဲ႔ျပန္လာဖို႔ ယုံၾကည္မႈအျပည့္ရွိၿပီး အဲဒီလိုျဖစ္ေအာင္
ႀကိဳးစားသြားမွာျဖစ္ပါတယ္။ ကြၽန္ေတာ့္ကို အားေပးခဲ့ၾကတဲ့ပရိသတ္ေတြကိုလည္း
ေက်းဇူးတင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။