ပေါ်တူဂီအသင်းသားတွေအားလုံး ရော်နယ်ဒိုရဲ့ဘက်တော်သားအဖြစ်ရှိနေတယ်လို့ ဘာနာဒိုဆေးလ်ဗား အသိပေးလိုက်

ပီးယာ့စ်မော်ဂန်နဲ့ မိနစ် ၉၀ အင်တာဗျူးအပြီးမှာတော့ ဘောလုံးလောကသားတွေဟာ ရော်နယ်ဒိုနဲ့ ဆန့်ကျင်ဘက်မှာအများဆုံ းရပ်တည်လာကြပါတယ်။ ဒါပေမဲ့ GOAT

တစ်ယောက်ကို ဝေဖန်သူတွေထဲမှာတော့ ပေါ်တူဂီအသင်းဖော်ဘာနာ ဒိုဆေးလ်ဗားမပါဝင်ခဲ့ပါဘူး။ မန်စီးတီးကစားသမားရဲ့ ပြောဆိုချက်အရတော့ ကာတာကမ္ဘာ့ဖလားမှာ

ပေါ်တူဂီတစ်သင်းလုံးဟာ ရော်နယ်ဒိုကိုထောက်ခံပေးမယ့်ပုံစံတွေ ရှိနေခဲ့ပါတယ်။ “တကယ်တော့ ခင်ဗျားတို့မှာ ခရစ္စတီယာနိုလိုကစားသမားမျိုးရှိနေရင် သူ့အတွက်ကစားပေးရတာက သဘာဝပါပဲ။

ဘာကြောင့်လဲဆိုတော့ သူကနောက်ဆုံးမိနစ်အထိနိုင်ပွဲဖန်တီးပေးနိုင်စွမ်းရှိလို့ပါ” လို့ ဖီဖာဝက်ဘ်ဆိုက်နဲ့တွေ့ဆုံမှုမှာ ဘာနာဒိုဆေးလ်ဗားက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားဘဝနောက်ဆုံး

ကမ္ဘာ့ဖလားဖြစ်ဖို့ရှိနေတဲ့ ရော်နယ်ဒိုအတွက်ပေါ်တူဂီအသင်းက ကစားပေးသွားမှာဖြစ်တယ်လို့လည်း ဆေးလ်ဗားကတွစ်တာမှာရေးသားခဲ့ပါသေးတယ်။ ဘာနာဒိုဆေးလ်ဗားနဲ့

ပေါ်တူဂီအသင်းသားတွေရဲ့ထောက်ခံမှုဟာ ရော်နယ်ဒိုအပေါ်ကျရောက်နေတဲ့ မီဒီယာမုန်တိုင်းရဲ့မျက်နှာစာတစ်ခုပါပဲ။ ESPN နဲ့အင်တာဗျူးအစီအစဉ်မှာ ပေါ်တူဂီ ကွင်းလယ်လူဂျာအိုမာရီယိုက

ရော်နယ်ဒိုဟာ မီဒီယာတွေရဲ့သားကောင်ဖြစ်ရတဲ့အပေါ်စိတ်ပျက်တာမျိုးမရှိသလို အခြားအသင်းတွေမှာလည်း ဒီလိုကိစ္စတွေကြုံနေရတာပါပဲလို့ ဆိုခဲ့ပါတယ်။ “သူ့ကိုအမြဲတမ်းပစ်မှတ်ထားခဲ့ကြသလို

ကျွန်တော်တို့ကလည်း ဒါကိုပြန်ပြီး အသုံးချခဲ့တာတွေရှိပါတယ်” လို့ ဂျာအိုမာရီယိုက ဖွင့်ဟခဲ့ပါတယ်။ ပေါ်တူဂီအသင်းသားတွေအားလုံးကတော့ ရော်နယ်ဒိုတစ်ယောက် မီဒီယာ

သားကောင်ဖြစ်ရတာက ပုံမှန်ပဲလို့ခံယူထားကြတာဖြစ်တယ်။

(Zawgyi)

ေပၚတူဂီအသင္းသားေတြအားလုံး ေရာ္နယ္ဒိုရဲ႕ဘက္ေတာ္သားအျဖစ္ရွိေနတယ္လို႔ ဘာနာဒိုေဆးလ္ဗား အသိေပးလိုက္

ပီးယာ့စ္ေမာ္ဂန္နဲ႔ မိနစ္ ၉၀ အင္တာဗ်ဴးအၿပီးမွာေတာ့ ေဘာလုံးေလာကသားေတြဟာ ေရာ္နယ္ဒိုနဲ႔ ဆန႔္က်င္ဘက္မွာအမ်ားဆုံ းရပ္တည္လာၾကပါတယ္။ ဒါေပမဲ့ GOAT တစ္ေယာက္ကိုေဝဖန္သူေတြထဲမွာေတာ့

ေပၚတူဂီအသင္းေဖာ္ဘာနာ ဒိုေဆးလ္ဗားမပါဝင္ခဲ့ပါဘူး။ မန္စီးတီးကစားသမားရဲ႕ေျပာဆိုခ်က္အရေတာ့ ကာတာကမာၻ႔ဖလားမွာ ေပၚတူဂီတစ္သင္းလုံးဟာ ေရာ္နယ္ဒိုကိုေထာက္ခံေပးမယ့္ပုံစံေတြရွိေနခဲ့ပါတယ္။

“တကယ္ေတာ့ ခင္ဗ်ားတို႔မွာ ခရစၥတီယာႏိုလိုကစားသမားမ်ိဳးရွိေနရင္ သူ႔အတြက္ကစားေပးရတာက သဘာဝပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ သူကေနာက္ဆုံးမိနစ္အထိႏိုင္ပြဲဖန္တီးေပးႏိုင္စြမ္းရွိလို႔ပါ” လို႔

ဖီဖာဝက္ဘ္ဆိုက္နဲ႔ေတြ႕ဆုံမႈမွာ ဘာနာဒိုေဆးလ္ဗားက ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ ကစားသမားဘဝေနာက္ဆုံး ကမာၻ႔ဖလားျဖစ္ဖို႔ရွိေနတဲ့ ေရာ္နယ္ဒိုအတြက္ေပၚတူဂီအသင္းက

ကစားေပးသြားမွာျဖစ္တယ္လို႔လည္း ေဆးလ္ဗားကတြစ္တာမွာေရးသားခဲ့ပါေသးတယ္။ ဘာနာဒိုေဆးလ္ဗားနဲ႔ ေပၚတူဂီအသင္းသားေတြရဲ႕ေထာက္ခံမႈဟာ ေရာ္နယ္ဒိုအေပၚက်ေရာက္ေနတဲ့

မီဒီယာမုန္တိုင္းရဲ႕မ်က္ႏွာစာတစ္ခုပါပဲ။ ESPN နဲ႔အင္တာဗ်ဴးအစီအစဥ္မွာ ေပၚတူဂီ ကြင္းလယ္လူဂ်ာအိုမာရီယိုက ေရာ္နယ္ဒိုဟာ မီဒီယာေတြရဲ႕သားေကာင္ျဖစ္ရတဲ့အေပၚစိတ္ပ်က္တာမ်ိဳးမရွိသလို

အျခားအသင္းေတြမွာလည္း ဒီလိုကိစၥေတြႀကဳံေနရတာပါပဲလို႔ ဆိုခဲ့ပါတယ္။ “သူ႔ကိုအၿမဲတမ္းပစ္မွတ္ထားခဲ့ၾကသလို ကြၽန္ေတာ္တို႔ကလည္း ဒါကိုျပန္ၿပီး အသုံးခ်ခဲ့တာေတြရွိပါတယ္” လို႔

ဂ်ာအိုမာရီယိုက ဖြင့္ဟခဲ့ပါတယ္။ ေပၚတူဂီအသင္းသားေတြအားလုံးကေတာ့ ေရာ္နယ္ဒိုတစ္ေယာက္ မီဒီယာ သားေကာင္ျဖစ္ရတာက ပုံမွန္ပဲလို႔ခံယူထားၾကတာျဖစ္တယ္။