
ဖီဖာကချီးမြှင့်တဲ့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးကစားသမားဆုကို မက်ဆီဆွတ်ခူးခဲ့ပြီးနောက်





အသင်းခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ ရော်နယ်ဒိုမဲပေးဖို့ပျက်ကွက်ခဲ့တာက
အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ မက်ဆီဟာ အမ်ဘာပီနဲ့ ဘန်ဇီမာ တို့လို





ပြင်သစ်ကြယ်ပွင့်တွေကိုကျော်ဖြတ်ပြီး တစ်နှစ်တာအကောင်းဆုံးဆုကိုပိုင်ဆိုင်ခဲ့တာဖြစ်တယ်။
ရော်နယ်ဒိုကတော့ ဆန်ခါတင် ၁၄ ဦးစာရင်းမှာတောင် မပါဝင်ခဲ့ပါဘူး။
အကောင်းဆုံးဆုနဲ့လွဲချော်တာက ပုံမှန်အကြောင်းအရင်းဖြစ်ပေမယ့်





ပေါ်တူဂီအသင်းခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့တော့ မဲပေးခဲ့သင့်တာဖြစ်တယ်။
ဖီဖာက တရားဝင်ထုတ်ပြန်တဲ့ အသင်းခေါင်းဆောင်တွေရဲ့ မဲပေးစာရင်းမှာ





ရော်နယ်ဒိုမပါဝင်ခဲ့ဘဲ ပေါ်တူဂီအသင်းအတွက် ပီပီကမဲပေးသွားခဲ့တာပါ။
Best FIFA Men’s Player ဆုအတွက်တော့ ဂျာနယ်လစ်တွေ၊
အသင်းခေါင်းဆောင်တွေနဲ့ နည်းပြတွေကမဲပေးရွေးချယ်ကြတာဖြစ်သလို





ပထမနေရာမှာရွေးချယ်ခံရသူက ၅ မှတ်၊ ဒုတိယနေရာအတွက်မဲပေးခံရသူက
၃ မှတ်နဲ့ တတိယနေရာအတွက်တော့ တစ်မှတ်သတ်မှတ်ထားတာဖြစ်တယ်။





ရော်နယ်ဒိုဟာ ၂၀၁၆နဲ့ ၂၀၁၇ မှာ ဒီဆုကိုနှစ်ကြိမ်ဆက်ဆွတ်ခူးထားပြီး မက်ဆီ၊
လီဝန်ဒေါစကီးတို့နဲ့အတူ အအောင်မြင်ဆုံးကစားသမားအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။
၂၀၂၂ ကတော့ ပေါ်တူဂီစူပါစတားအတွက် အခက်ခဲဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့သလို





ဘာကြောင့်သူမဲမပေးခဲ့သလဲဆိုတဲ့အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။
zawgyi





ေပၚတူဂီအသင္းေခါင္းေဆာင္အျဖစ္ The Best ဆုအတြက္မဲေပးဖို႔ ေရာ္နယ္ဒို ပ်က္ကြက္ခဲ့
ဖီဖာကခ်ီးျမႇင့္တဲ့ ၂၀၂၂ ခုႏွစ္အတြက္ အေကာင္းဆုံးကစားသမားဆုကို မက္ဆီဆြတ္ခူးခဲ့ၿပီးေနာက္
အသင္းေခါင္းေဆာင္တစ္ေယာက္အျဖစ္နဲ႔ ေရာ္နယ္ဒိုမဲေပးဖို႔ပ်က္ကြက္ခဲ့တာက





အံ့အားသင့္စရာျဖစ္ခဲ့ပါတယ္။ မက္ဆီဟာ အမ္ဘာပီနဲ႔ ဘန္ဇီမာ တို႔လို
ျပင္သစ္ၾကယ္ပြင့္ေတြကိုေက်ာ္ျဖတ္ၿပီး တစ္ႏွစ္တာအေကာင္းဆုံးဆုကိုပိုင္ဆိုင္ခဲ့တာျဖစ္တယ္။





ေရာ္နယ္ဒိုကေတာ့ ဆန္ခါတင္ ၁၄ ဦးစာရင္းမွာေတာင္ မပါဝင္ခဲ့ပါဘူး။
အေကာင္းဆုံးဆုနဲ႔လြဲေခ်ာ္တာက ပုံမွန္အေၾကာင္းအရင္းျဖစ္ေပမယ့္
ေပၚတူဂီအသင္းေခါင္းေဆာင္တစ္ေယာက္အျဖစ္နဲ႔ေတာ့ မဲေပးခဲ့သင့္တာျဖစ္တယ္။





ဖီဖာက တရားဝင္ထုတ္ျပန္တဲ့ အသင္းေခါင္းေဆာင္ေတြရဲ႕ မဲေပးစာရင္းမွာ
ေရာ္နယ္ဒိုမပါဝင္ခဲ့ဘဲ ေပၚတူဂီအသင္းအတြက္ ပီပီကမဲေပးသြားခဲ့တာပါ။





Best FIFA Men’s Player ဆုအတြက္ေတာ့ ဂ်ာနယ္လစ္ေတြ၊
အသင္းေခါင္းေဆာင္ေတြနဲ႔ နည္းျပေတြကမဲေပးေ႐ြးခ်ယ္ၾကတာျဖစ္သလို
ပထမေနရာမွာေ႐ြးခ်ယ္ခံရသူက ၅ မွတ္၊ ဒုတိယေနရာအတြက္မဲေပးခံရသူက





၃ မွတ္နဲ႔ တတိယေနရာအတြက္ေတာ့ တစ္မွတ္သတ္မွတ္ထားတာျဖစ္တယ္။
ေရာ္နယ္ဒိုဟာ ၂၀၁၆နဲ႔ ၂၀၁၇ မွာ ဒီဆုကိုႏွစ္ႀကိမ္ဆက္ဆြတ္ခူးထားၿပီး မက္ဆီ၊





လီဝန္ေဒါစကီးတို႔နဲ႔အတူ အေအာင္ျမင္ဆုံးကစားသမားအျဖစ္ရပ္တည္ေနတာျဖစ္ပါတယ္။
၂၀၂၂ ကေတာ့ ေပၚတူဂီစူပါစတားအတြက္ အခက္ခဲဆုံးႏွစ္တစ္ႏွစ္ျဖစ္ခဲ့သလို
ဘာေၾကာင့္သူမဲမေပးခဲ့သလဲဆိုတဲ့အေၾကာင္းအရင္းကိုေတာ့ မသိရေသးပါဘူး။




