ပေါ်တူဂီသားကို ကြောက်လန့်နေတဲ့ ကစားသမား ၃ ယောက်ရှိကြောင်း အဘွန်လဟောသုံးသပ်

နယူးကာဆယ်နဲ့သရေပွဲမှာ သုန်သုန်မှုန်မှုန်ဖြစ်နေတဲ့ စီရော်နယ်ဒိုရဲ့ပုံစံကို

ပြစ်တင်ခဲ့ပြီးနောက် အဲဒီပေါ်တူဂီသားကို ကြောက်လန့်နေတဲ့

မန်ယူကစားသမား ၃ ယောက်ရှိကြောင်း ပရီးမီးယားလိဂ်ကစားသမားဟောင်း

အဘွန်လဟောက သုံးသပ်လိုက်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ

မန်ယူရဲ့ခြေစွမ်းဟာ ဆိုးရွားခဲ့ပြီး ၃၆ နှစ်အရွယ် စီရော်နယ်ဒိုဆို

အနိုင်ဂိုးမရှာနိုင်သလို အခွင့်အရေးဖန်တီးမှုတစ်ကြိမ်တောင် မရှိခဲ့ပါဘူး။

ဒါကြောင့်လည်း အဲဒီပွဲက မန်ယူကစားသမားရဲ့ခြေစွမ်းကို

အသင်းဂန္ထဝင်ဟောင်း ဂယ်ရီနဗီးလ်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

အခုလည်း ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့

ဗီလာကြယ်ပွင့်ဟောင်း အဘွန်လဟောက ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်နဲ့ ဆန်ချိုတို့ဟာ

အဲဒီပေါ်တူဂီစူပါစတားရဲ့ခြိမ်းခြောက်ခြင်းခံနေရကြောင်း သုံးသပ်ပြောကြားလိုက်ပါတယ်။

စီရော်နယ်ဒိုဟာ တစ်ကျော့ပြန်မန်ယူကစားသမားဘ၀ ၁၈ ပွဲမှာ

၁၃ ဂိုးသွင်းယူထားပေမယ့် ဂိုးသွင်းဖို့သာ စိတ်ထဲရှိနေပြီး

အဲဒါက မန်ယူရဲ့လူငယ်တွေအပေါ်မှာ အနုတ်လက္ခဏာဆောင်တဲ့

သက်ရောက်မှုဖြစ်စေတယ်လို့ အဘွန်လဟောက ဆိုပါတယ်။

”စီရော်နယ်ဒိုက သူ့ဂိုးတွေပဲ ဂရုစိုက်တယ်လို့ ကျွန်တော်မြင်တယ်။

တစ်ပွဲလုံးမှာလည်း သူ့ပုံစံက စိတ်ကောက်သလို ဖြစ်နေပါတယ်။

အခွင့်အရေးမရတာကြောင့် သူ့လက်တွေကို မြှောက်ထားပါတယ်။

ပွဲပြီးတော့ စူစူအောင့်အောင့်နဲ့ ကွင်းထဲက ထွက်သွားတယ်။

အဝတ်အစားလဲခန်းထဲမှာလည်း သူစိတ်ကောက်နေမယ်လို့

ကျွန်တော်မှန်းကြည့်မိတယ်။ ကျွန်တော်သာ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်နဲ့ ဆန်ချိုဆိုရင်

ကန်သွင်းဖု့ိတောင် ကြောက်လန့်နေမိမှာပါ။ သူတို့ကန်သွင်းတဲ့အကြိမ်တိုင်း

စီရော်နယ်ဒိုက လက်မြှောက်ပြီး ငါ့ကို ဘာကြောင့်မပေးတာလဲလို့ ပြောနေတာပါ။

အဝတ်အစားလဲခန်းထဲမှာလည်း ဟာမိုနီမရှိတော့ဘူး။

စီရော်နယ်ဒိုရောက်လာကတည်းက ရက်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ ခြေစွမ်းကျသွားတာပါ။

စီရော်နယ်ဒိုကို ငါဘောလုံးပေးရမယ်၊ စီရော်နယ်ဒိုအတွက် ငါဖန်တီးပေးရမယ်လို့

သူတို့စိတ်ထဲတွေးနေကြလို့ သူတို့ကိုယ်သူတို့လည်း မဖော်ပြနိုင်တော့ဘူး။

စီရော်နယ်ဒိုမရောက်ခင်ကဆိုရင် ဂရင်းဝုဒ်က တစ်ဦးချင်းလိမ်ခေါက်မှုတွေနဲ့

ကန်သွင်းမှုတွေ လုပ်နေတာပါ။ အခုတော့ သူ အဲဒီလို မလုပ်တော့ဘူး။

သူတို့နေရာမှာ ကျွန်တော်သာဆို ဘာကြာင့် သူ့ကို ပေးနေရမှာလဲလို့

ကိုယ့်ကိုယ်ကို ပြောနေမိမှာပါ”လို့ အဘွန်လဟောက သုံးသပ်ခဲ့တာပါ။

နည်းပြရန်းနစ်အတွက် အကောင်းဆုံးအဖြေကတော့ စီရော်နယ်ဒိုကို

ခေါက်ပစ်လိုက်ဖို့ ဖြစ်ကြောင်း အဘွန်လဟောက ဆက်လက်ပြောကြားခဲ့ပါတယ်။

zawgyi

ေပၚတူဂီသားကို ေၾကာက္လန႔္ေနတဲ့ ကစားသမား ၃ ေယာက္ရွိေၾကာင္း အဘြန္လေဟာသုံးသပ္

နယူးကာဆယ္နဲ႔သေရပြဲမွာ သုန္သုန္မႈန္မႈန္ျဖစ္ေနတဲ့ စီေရာ္နယ္ဒိုရဲ႕ပုံစံကို

ျပစ္တင္ခဲ့ၿပီးေနာက္ အဲဒီေပၚတူဂီသားကို ေၾကာက္လန႔္ေနတဲ့

မန္ယူကစားသမား ၃ ေယာက္ရွိေၾကာင္း ပရီးမီးယားလိဂ္ကစားသမားေဟာင္း

အဘြန္လေဟာက သုံးသပ္လိုက္ပါတယ္။

ၿပီးခဲ့တဲ့တနလၤာေန႔က စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ကစားခဲ့တဲ့ အဲဒီပြဲမွာ

မန္ယူရဲ႕ေျခစြမ္းဟာ ဆိုး႐ြားခဲ့ၿပီး ၃၆ ႏွစ္အ႐ြယ္ စီေရာ္နယ္ဒိုဆို

အႏိုင္ဂိုးမရွာႏိုင္သလို အခြင့္အေရးဖန္တီးမႈတစ္ႀကိမ္ေတာင္ မရွိခဲ့ပါဘူး။

ဒါေၾကာင့္လည္း အဲဒီပြဲက မန္ယူကစားသမားရဲ႕ေျခစြမ္းကို

အသင္းဂႏၴဝင္ေဟာင္း ဂယ္ရီနဗီးလ္က ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ပါတယ္။

အခုလည္း ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့

ဗီလာၾကယ္ပြင့္ေဟာင္း အဘြန္လေဟာက ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္နဲ႔ ဆန္ခ်ိဳတို႔ဟာ

အဲဒီေပၚတူဂီစူပါစတားရဲ႕ၿခိမ္းေျခာက္ျခင္းခံေနရေၾကာင္း သုံးသပ္ေျပာၾကားလိုက္ပါတယ္။

စီေရာ္နယ္ဒိုဟာ တစ္ေက်ာ့ျပန္မန္ယူကစားသမားဘ၀ ၁၈ ပြဲမွာ

၁၃ ဂိုးသြင္းယူထားေပမယ့္ ဂိုးသြင္းဖို႔သာ စိတ္ထဲရွိေနၿပီး

အဲဒါက မန္ယူရဲ႕လူငယ္ေတြအေပၚမွာ အႏုတ္လကၡဏာေဆာင္တဲ့

သက္ေရာက္မႈျဖစ္ေစတယ္လို႔ အဘြန္လေဟာက ဆိုပါတယ္။

”စီေရာ္နယ္ဒိုက သူ႔ဂိုးေတြပဲ ဂ႐ုစိုက္တယ္လို႔ ကြၽန္ေတာ္ျမင္တယ္။

တစ္ပြဲလုံးမွာလည္း သူ႔ပုံစံက စိတ္ေကာက္သလို ျဖစ္ေနပါတယ္။

အခြင့္အေရးမရတာေၾကာင့္ သူ႔လက္ေတြကို ေျမႇာက္ထားပါတယ္။

ပြဲၿပီးေတာ့ စူစူေအာင့္ေအာင့္နဲ႔ ကြင္းထဲက ထြက္သြားတယ္။

အဝတ္အစားလဲခန္းထဲမွာလည္း သူစိတ္ေကာက္ေနမယ္လို႔

ကြၽန္ေတာ္မွန္းၾကည့္မိတယ္။ ကြၽန္ေတာ္သာ ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္နဲ႔ ဆန္ခ်ိဳဆိုရင္

ကန္သြင္းဖု႔ိေတာင္ ေၾကာက္လန႔္ေနမိမွာပါ။ သူတို႔ကန္သြင္းတဲ့အႀကိမ္တိုင္း

စီေရာ္နယ္ဒိုက လက္ေျမႇာက္ၿပီး ငါ့ကို ဘာေၾကာင့္မေပးတာလဲလို႔ ေျပာေနတာပါ။

အဝတ္အစားလဲခန္းထဲမွာလည္း ဟာမိုနီမရွိေတာ့ဘူး။

စီေရာ္နယ္ဒိုေရာက္လာကတည္းက ရက္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ ေျခစြမ္းက်သြားတာပါ။

စီေရာ္နယ္ဒိုကို ငါေဘာလုံးေပးရမယ္၊ စီေရာ္နယ္ဒိုအတြက္ ငါဖန္တီးေပးရမယ္လို႔

သူတို႔စိတ္ထဲေတြးေနၾကလို႔ သူတို႔ကိုယ္သူတို႔လည္း မေဖာ္ျပႏိုင္ေတာ့ဘူး။

စီေရာ္နယ္ဒိုမေရာက္ခင္ကဆိုရင္ ဂရင္းဝုဒ္က တစ္ဦးခ်င္းလိမ္ေခါက္မႈေတြနဲ႔

ကန္သြင္းမႈေတြ လုပ္ေနတာပါ။ အခုေတာ့ သူ အဲဒီလို မလုပ္ေတာ့ဘူး။

သူတို႔ေနရာမွာ ကြၽန္ေတာ္သာဆို ဘာၾကာင့္ သူ႔ကို ေပးေနရမွာလဲလို႔

ကိုယ့္ကိုယ္ကို ေျပာေနမိမွာပါ”လို႔ အဘြန္လေဟာက သုံးသပ္ခဲ့တာပါ။

နည္းျပရန္းနစ္အတြက္ အေကာင္းဆုံးအေျဖကေတာ့ စီေရာ္နယ္ဒိုကို

ေခါက္ပစ္လိုက္ဖို႔ ျဖစ္ေၾကာင္း အဘြန္လေဟာက ဆက္လက္ေျပာၾကားခဲ့ပါတယ္။