
ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်ရဲ့ပွဲထွက်လူစာရင်းမှာတော့ ဒီရာသီတစ်လျှောက်လုံးပုံမှန်ပွဲထွက်ခွင့်ရုန်းကန်ခဲ့ရတဲ့ ရော်နယ်ဒိုနဲ့ ဂျာအိုဖိလစ်တို့ပါဝင်နေခဲ့ပါတယ်။





ဂါနာကတော့ အီနာကီဝီလီယံဦးဆောင်တဲ့ တိုက်စစ်၊ ပါတေးဦးဆောင်တဲ့ကွင်းလယ်တွေနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပြီး ခံစစ် ၅ယောက်အထိထားကစားသွားခဲ့တာဖြစ်တယ်။





ပွဲချိန် ၁၀ မိနစ်ကျော်မှာတော့ ကွင်းလယ်ကိုစိုးမိုးကစားနေတဲ့ ပေါ်တူဂီတွေအခွင့်အရေးစရခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အပိုင်ကန်သွင်းခွင့်ရဖို့အခွင့်အရေးကောင်းရရှိခဲ့ပေမဲ့
ဘောလုံးနဲ့ပထမထိချက်မှာ အကောင်းဆုံးမထိန်းချုပ်နိုင်ခဲ့တဲ့အတွက် ဂါနာဂိုးသမားဇီဂီ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို ခေါင်းတိုက်ခွင့်ရခဲ့ပြန်ပေမဲ့





လေပေါ်ခုန်တက်မှာ ရော်နယ်ဒိုရဲ့အနေအထားအံကျမဖြစ်ခဲ့တာကြောင့် ပေါ်တူဂီအဖွင့်ဂိုးရနိုင်တဲ့အခွင့်အရေး ဆုံးရှုံးခဲ့ပြန်ပါတယ်။ ဂါနာရဲ့တန်ပြန်တိုက်စစ်တွေဟာ
ပထမပိုင်းတစ်လျှောက်လုံးအလုပ်မဖြစ်ခဲ့ပါဘူး။ တစ်ဖက်မှာတော့ ဘာနာဒိုဆေးလ်ဗားဟာ ရော်နယ်ဒို၊ ဂျာအိုဖိလစ်တို့နဲ့ချိတ်ဆက်ကစားလို့ရတဲ့ အနေအထားမရှိခဲ့လို့





မန်စီးတီးကွင်းလယ်လူရဲ့ခြေစွမ်းကပုံမှန်အောက်ရောက်နေခဲ့ပါတယ်။ ပွဲချိန် ၆၅မိနစ် အရောက်မှာတော့ ရော်နယ်ဒိုကြောင့် ပေါ်တူဂီပင်နယ်တီအခွင့်အရေးရခဲ့ပြီး
သူကိုယ်တိုင်ကအမှားမရှိအဆုံးသတ်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီရဲ့ ဦးဆောင်ဂိုးက ၈မိနစ်သာခံခဲ့ပြီး နောက်ခံလူတွေတားဆီးပုံအားနည်းချက်ကတစ်ဆင့် အာယူးက
ဂါနာအတွက်ချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။ ပွဲကပိုမြိုင်သွားခဲ့ပြီး ၇၈ မိနစ်အရောက်မှာတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့ပေးပို့မှုကို ဂျာအိုဖိလစ်ကအဆုံးသတ်ပြီး





ပေါ်တူဂီကိုပြန်လည်ဦးဆောင်စေခဲ့ပါတယ်။ နောက်ထပ် ၂မိနစ်အကြာမှာတော့ လူစားဝင်လာတဲ့တိုက်စစ်မှူးလီယာအိုက ပေါ်တူဂီအတွက် တတိယဂိုးသွင်းယူနိုင်ခဲ့ပြီ





း ဒီဂိုးကိုလည်း ဖာနန်ဒက်စ်ကဖန်တီးပေးခဲ့တာပါ။ ပွဲချိန် ၈၉မိနစ်မှာတော့ လူစားဝင်လာတဲ့ ဘူကာရီက ဂါနာအတွက်ဒုတိယဂိုးသွင်းနိုင်ခဲ့လို့ ပွဲပြီးခါနီးမှာပိုပြီးအကြိတ်အနယ်ရှိခဲ့ပါတယ်။
နောက်ထပ်အခွင့်အရေးတွေရနိုင်လောက်တဲ့ အနေအထားဖြစ်ပေမဲ့ ပေါ်တူဂီက ၃-၂ ဆိုတဲ့အနိုင်ရလဒ်ကိုအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။
(Zawgyi)





ေပၚတူဂီရဲ႕ပြတ္ကာသီကာႏိုင္ပြဲနဲ႔အတူ ကမာၻ႔ဖလားသမိုင္းတစ္ေလွ်ာက္ဒုတိယအသက္အႀကီးဆုံးဂိုးသြင္းသူဘြဲ႕ခံယူခဲ့တဲ့ ေရာ္နယ္ဒို
ေပၚတူဂီနည္းျပဖာနန္ဒိုဆန္းတို႔စ္ရဲ႕ပြဲထြက္လူစာရင္းမွာေတာ့ ဒီရာသီတစ္ေလွ်ာက္လုံးပုံမွန္ပြဲထြက္ခြင့္႐ုန္းကန္ခဲ့ရတဲ့ ေရာ္နယ္ဒိုနဲ႔ ဂ်ာအိုဖိလစ္တို႔ပါဝင္ေနခဲ့ပါတယ္။





ဂါနာကေတာ့ အီနာကီဝီလီယံဦးေဆာင္တဲ့ တိုက္စစ္၊ ပါေတးဦးေဆာင္တဲ့ကြင္းလယ္ေတြနဲ႔ ပြဲထြက္လာခဲ့တာျဖစ္ၿပီး ခံစစ္ ၅ေယာက္အထိထားကစားသြားခဲ့တာျဖစ္တယ္။
ပြဲခ်ိန္ ၁၀ မိနစ္ေက်ာ္မွာေတာ့ ကြင္းလယ္ကိုစိုးမိုးကစားေနတဲ့ ေပၚတူဂီေတြအခြင့္အေရးစရခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ အပိုင္ကန္သြင္းခြင့္ရဖို႔အခြင့္အေရးေကာင္းရရွိခဲ့ေပမဲ့
ေဘာလုံးနဲ႔ပထမထိခ်က္မွာ အေကာင္းဆုံးမထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့အတြက္ ဂါနာဂိုးသမားဇီဂီ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။ ဆက္တိုက္ဆိုသလို ေခါင္းတိုက္ခြင့္ရခဲ့ျပန္ေပမဲ့





ေလေပၚခုန္တက္မွာ ေရာ္နယ္ဒိုရဲ႕အေနအထားအံက်မျဖစ္ခဲ့တာေၾကာင့္ ေပၚတူဂီအဖြင့္ဂိုးရႏိုင္တဲ့အခြင့္အေရးဆုံးရႈံးခဲ့ျပန္ပါတယ္။ ဂါနာရဲ႕တန္ျပန္တိုက္စစ္ေတြဟာ
ပထမပိုင္းတစ္ေလွ်ာက္လုံးအလုပ္မျဖစ္ခဲ့ပါဘူး။ တစ္ဖက္မွာေတာ့ ဘာနာဒိုေဆးလ္ဗားဟာ ေရာ္နယ္ဒို၊ ဂ်ာအိုဖိလစ္တို႔နဲ႔ခ်ိတ္ဆက္ကစားလို႔ရတဲ့ အေနအထားမရွိခဲ့လို႔





မန္စီးတီးကြင္းလယ္လူရဲ႕ေျခစြမ္းကပုံမွန္ေအာက္ေရာက္ေနခဲ့ပါတယ္။ ပြဲခ်ိန္ ၆၅မိနစ္ အေရာက္မွာေတာ့ ေရာ္နယ္ဒိုေၾကာင့္ ေပၚတူဂီပင္နယ္တီအခြင့္အေရးရခဲ့ၿပီး
သူကိုယ္တိုင္ကအမွားမရွိအဆုံးသတ္ႏိုင္ခဲ့ပါတယ္။ ေပၚတူဂီရဲ႕ ဦးေဆာင္ဂိုးက ၈မိနစ္သာခံခဲ့ၿပီး ေနာက္ခံလူေတြတားဆီးပုံအားနည္းခ်က္ကတစ္ဆင့္
အာယူးက ဂါနာအတြက္ေခ်ပဂိုးျပန္သြင္းႏိုင္ခဲ့ပါတယ္။ ပြဲကပိုၿမိဳင္သြားခဲ့ၿပီး ၇၈ မိနစ္အေရာက္မွာေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ေပးပို႔မႈကို ဂ်ာအိုဖိလစ္ကအဆုံးသတ္ၿပီး ေပၚတူဂီကိုျပန္လည္ဦးေဆာင္ေစခဲ့ပါတယ္။





ေနာက္ထပ္ ၂မိနစ္အၾကာမွာေတာ့ လူစားဝင္လာတဲ့တိုက္စစ္မႉးလီယာအိုက ေပၚတူဂီအတြက္ တတိယဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုလည္း ဖာနန္ဒက္စ္ကဖန္တီးေပးခဲ့တာပါ။ ပြဲခ်ိန္ ၈၉မိနစ္မွာေတာ့
လူစားဝင္လာတဲ့ ဘူကာရီက ဂါနာအတြက္ဒုတိယဂိုးသြင္းႏိုင္ခဲ့လို႔ ပြဲၿပီးခါနီးမွာပိုၿပီးအႀကိတ္အနယ္ရွိခဲ့ပါတယ္။ ေနာက္ထပ္အခြင့္အေရးေတြရႏိုင္ေလာက္တဲ့ အေနအထားျဖစ္ေပမဲ့





ေပၚတူဂီက ၃-၂ ဆိုတဲ့အႏိုင္ရလဒ္ကိုအေကာင္းဆုံးထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။